By Myanmar Builders Guide, Shweproperty.com
Updated at 8 April 2019
ပဲခူးစက်မှုဇုန်ရှိ စက်မှုမြေများကို အမျိုး အစားခွဲ၍ စာရင်းကောက်ယူရာတွင် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်လျှင် အေ ကလပ်စ်၊ တစ်စိတ်တစ်ပိုင်းအကောင်အထည် ဖော်လျှင် ဘီကလပ်စ်နှင့် လုံးဝအကောင် အထည်ဖော်ခြင်းမရှိလျှင် စီကလပ်စ်ဟု ခွဲခြား ကောက်ယူသည့်အနက် ဘီကလပ်စ်မှာ အများဆုံးဖြစ်ပြီး စက်ရုံအမြန်ဆုံးလည်ပတ်နိုင်ရန် အစိုးရအဖွဲ့က ညွှန်ကြားချက်များထုတ်ပြန်ထား ကြောင်း သိရသည်။
ခြောက်လအတွင်း
"အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ ဘီအဆင့် စက်မှုမြေတွေကို စက်ရုံတည်ဆောက်ပြီး အမြန်ဆုံးလည်ပတ်ဖို့ ညွှန်ကြားထားတယ်။ စက်မှုဇုန်ရဲ့ မြေနေရာချထားပေးခြင်းနဲ့ မြေ ပေးမိန့်မှာ စက်မှုဇုန်ကမြေတွေကို ဝယ်ယူမြေ နေရာချထားပေးခြင်း ပါမစ်တွင် စည်းကမ်း ချက် ၁၇ ချက် ချထားတယ်။ အဲဒီထဲမှာ မြေပေးမိန့်ရတာနဲ့ ခြောက်လအတွင်း လုပ်ငန်း စတင်ရမယ်။ နှစ်နှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော်လည်ပတ်နေရမယ်။စည်းကမ်း ချက်မလိုက်နာရင်၊ စည်းကမ်းချက်အတိုင်းမလုပ်ရင် ပြန်သိမ်းလို့ရတယ်ဆိုတဲ့ အချက် ပါတယ်။ ဘာလို့လဲဆိုရင် ပြည်သူ့ဘဏ္ဍာငွေ တွေ နစ်နာနိုင်တဲ့အတွက်ပါ"ဟု စက်မှုမြေကြီး ကြပ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် လုပ်ငန်းရှင်တချို့က အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုမှု ရှိသော်လည်း စက်မှုမြေများအတွင်း ဥပဒေမဲ့ဝင်ရောက်ကျူးကျော်နေထိုင်သူများကြောင့် လုပ်ငန်း လုပ်ကိုင်နိုင်ခြင်းမရှိသူ ၂၆ ဦးရှိနေပြီး အစိုးရ အဖွဲ့က တာဝန်ယူဖြေရှင်းရန် ညှိနှိုင်းဆောင် ရွက်လျက်ရှိသည်။
လည်ပတ်နေသောစက်ရုံ
ပဲခူးတိုင်း၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအနက် စက်ရုံအလုပ်ရုံ လုပ်ငန်းပေါင်း ၁၀ဝ ကျော်ရှိသည့်အနက် ပဲခူးစက်မှုနယ်မြေ အတွင်း၌ လုပ်ငန်းလည်ပတ်နေသော စက်ရုံ နှင့် ဆောက်လုပ်စဲစက်ရုံ ၅၀ ကျော်ရှိကြောင်း အစိုးရအဖွဲ့စာရင်းများအရ သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties