By စည်သူလင်းလက်, Shweproperty.com
Updated at 24 May 2017
မြန်မာနိုင်ငံရဲ့အလှဆုံးကမ်းခြေများထဲမှာ တစ်ခုအပါအဝင်ဖြစ်သော ငွေဆောင်ကမ်းခြေကို လူတိုင်းသိကြပါသည်။ သဲဖြူဖြူ ကျယ်ဝန်းသောကမ်းခြေ။ ကြည်လင်အေးမြသော ရေလှိုင်းတွေ နှင့်သဘာဝဆန်လွန်းလှသော ငွေဆောင်ဟာချစ်စရာကောင်းလွန်းလှသည်။
ချစ်စရာငွေဆောင်ကမ်းခြေရဲ့ အလှတရားကို ပိုမိုပြည်စုံအောင်ဖြည့်ဆည်းပေးမယ့်အရာတစ်ခုရှိနေသည်။ La Villa ၊ ဒါက iGREEN ကတည်ဆောက်ထားသောအဆင့်မြင့် Week End Home စီမံကိန်းတစ်ခု၊ ခန့်ငြားသစ်လွင်သော ခေတ်သစ်ပုံသဏ္ဍန်နှင့် သဘာဝအလှတရားပေါင်းစပ်ထားသောမြင်ကွင်း။ တောင်ကုန်းကလေးတွေနှင့် တောင်ပေါ်မြို့ကလေးတစ်ခုရဲ့ အသွင်အပြင်၊ ကမ်းခြေ အပန်းဖြေနေရာတစ်ခုရဲ့ဟန်ပန်ရောယှက်ထားသော နေရာတစ်ခုအဖြစ် လူတိုင်းကို ဆွဲဆောင်နေသည်ကအသေအချာဖြစ်သည်။
မေလ ၂၇၊၂၈ရက်နေ့တွင် Melia Yangon Hotel မှာ La Villa အရောင်းပြပွဲကို ခမ်းခမ်းနားနားကျင်းပသွားမည်ဖြစ်သည်။ အရောင်းပြပွဲမှာလာရောက်ဝယ်ယူသူများအတွက် အကောင်းဆုံး Promotion ဈေးနှုန်းများကိုပေးအပ်သွားမည့်အပြင် ပထမဆုံးဝယ်ယူသူအယောက် (၃၀) အတွက် မီးစက်နှင့်လေအေးပေးစက်များကိုလက်ဆောင်ပေးအပ်သွားဦးမည်ဖြစ်သည်။
ရန်ကုန်မြို့တော်နှင့်မဝေးလှသော ငွေဆောင်ကမ်းခြေသည် ရင်းနှီးမြုတ်နှံရန်အ ကောင်းဆုံးနေရာတစ်ခုလည်းဖြစ်သည်။ နိုင်ငံတကာရှိ ကမ်းခြေမြေ ဈေးနှုန်းများမှာလည်း တိုးတက်လျက်ရှိသည်။ ယခု La Villa ၏ဈေးနှုန်းသည်ထိုင်းနိုင်ငံ Phuket Patong ကမ်းခြေရှိဈေးနှုန်းနှင့် မကွာလှပေ။ ယခုရောင်းချမည့်ငွေဆောင်ကမ်းခြေဈေးနှုန်းသည် စတုရန်း (၁)ပေလျင် (၁၂၀၀၀)ကျပ်ခန့်သာရှိပြီး ရန်ကုန်၊ မန္တလေးမြို့များမြေဈေးနှင့် နှိုင်းယှဉ်လျင် အဆ ၂၀ခန့်ကွာသောကြောင့် ရင်နှီးဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်နေသည်။ ၃၇၅၀ စတုရန်းပေ မြေကွက်တစ်ကွက်တွင် သိန်း (၂၅၀)ခန့်တန်ဖိုးရှိ အိမ်တစ်လုံးပါဝင်ပြီး မြေနှင့်အိမ်ဈေးနှုန်းမှာ သိန်(၇၀၀) ခန့်သာကျသင့်မည်ဖြစ်ပါသည်။
La Villa စီမံကိန်းတွင် စတုရန်းပေ ၃၇၅၀၊ ၇၅၀၀၊ ၁၅၀၀၀၊ ၄၄၀၀၀ အကျယ်အဝန်းရှိမြေကွက်ပေါင်း (၂၀၀)ခန့် ပါဝင်ပြီး ပင်လယ်ကမ်းခြေနှင့် ပေ (၃၀၀၀) အကွာအဝေးမှာတည်ရှိနေပါသည်။ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်း၊ ခေတ်မီနည်းပညာများဒေသတွင်းတိုးတက်ဖွံ့ဖြိုးစေခြင်း၊ ခရီးသွားကဏ္ဍတိုးတက်စေခြင်း၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်း၊ စီမံကိန်းအကောင ်အထည်ဖေါ်ပြီး နောက်နိုင်ငံတော် အတွက် လိုအပ်သော အခွန်အခများပိုမိုရရှိစေခြင်း၊ စသော ရည်ရွယ်ချက်ကောင်းများဖြင့်အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လှပခြင်းနှင့် ပြီးပြည့်စုံခြင်းများဖြင့် တည်ဆောက်အကောင်အထည်ဖေါ်နေသော La Villa သည် အနာဂတ်နိုင်ငံတော်၏ အလှဆုံးကမ်းခြေတစ်ခုရှိ အလှပဆုံး မြို့လေးတစ်ခု အဖြစ်ပေါ်ထွန်းလာတော့မည်ဖြစ်သည်။ La Villa ၏ တောင်ကုန်းထက်က အိမ်ကလေးကနေ ရေလှိုင်းသံတွေ နားဆင်ရင်း အဓိပ္ပါယ်ရှိသော အားလပ်ရက်ကို ဖန်တီးနိုင်ဖို့ တိုက်တွန်းလိုက်ပါရစေ။
Written By : စည်သူလင်းလက် (Shweproperty.com)
Posted By : Wai Phyoe (Shweproperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties