By Aye Sandar, Shweproperty.com
Updated at 10 February 2021
သင်ကိုယ်တိုင် သတိမထားမိဘဲ သင့်အိမ်ရဲ့ အလှကို ဖျက်ဆီးနေတဲ့ အိမ်တွင်းအလှဆင်ပစ္စည်းများကို ပြောပြပေးသွားပါမည်။ များသောအားဖြင့် အိမ်ရှင်မတွေအနေနဲ့ သူတို့ရဲ့ နေအိမ်အလှကို ဖျက်ဆီးနေတဲ့ အရာဝတ္ထုပစ္စည်းများနဲ့ နေအိမ်ကိုအလှဆင်မိတတ်ကြပါတယ်။ ၁။ အထပ်သားကြမ်းခင်း အရည်အသွေးနိမ့် အထပ်သားကြမ်းခင်းများသည်လည်း သင့်အိမ်ရဲ့ အလှကို အနှောင့်အယှက်ပြုလို့နေပါတယ်။ အိမ်ကြမ်းခင်းအတွက်ရွေးချယ်တော့မယ်ဆိုရင် စျေးကြီးကြီးမဟုတ်တောင် တန်ဖိုးအသင့်တင့်ရှိ အထပ်သားကြမ်းခင်း ၊အရည်အသွေးမြင့် ကြွေပြားကိုအသုံးပြုနိုင်ပြီး သို့မဟုတ် အုတ်ကြွပ်ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ၂။ ကော်ဇော ဧည့်ခန်းနေရာမျိုးတွင် အခန်းကို ပိုပြီးခမ်းနားကြီးကျယ်စေရန် ကော်ဇောကို အလှဆင်အသုံးပြုကြသူ များပြားပေသည်။ အရောင်အမျိုးမျိုး၊ အဆင်အမျိုးမျိုးရွေးလို့ရတဲ့အပြင် ငွေကြေးတန်ဖိုးအားဖြင့် တန်ဖိုးကြီးမှုကို ဖော်ပြနေတဲ့ အဆင်တန်ဆာတစ်ခုလည်းဖြစ်ပါတယ်။ သို့သော် ဒီကော်ဇောတွေပေါ်မှာ ကလေးငယ်များ ဆော့ကစားရင်းဖြစ်ဖြစ် ဘောလ်ပင်ရာပေတာမျိုး၊ အချိုရည်၊ ကော်ဖီအစွန်းအထင်းများစသဖြင့် ညစ်ပတ်နေတဲ့ ကော်ဇောမျိုးတော့ ဖြစ်မနေအောင် သတိထားရပေမည်။ သို့မဟုတ်ပါက သင်တို့ထင်ထားသလို အလှပြကော်ဇောတစ်ချပ်က အိမ်ရဲ့အလှကို ဆောင်ကျဉ်းမပေးဘဲ ရုပ်ဆိုးအကျည်းတန်စေမှုကိုသာ ပေးနိုင်သောကြောင့်ဖြစ်ပါသည်။ ၃။ ပြတင်းကာShutter များ ဒီဇိုင်နာ Becky Dietrich ရဲ့ အဆိုအရ အိမ်ရဲ့ အလှအပတွေကို ဖျက်ဆီးနေတဲ့ ပရိဘောဂစာရင်းထဲမှာ ဒီပြတင်းကာ Shutter တွေပါသော်ငြား ပြတင်းပေါက်တွေနဲ့ မှန်လျှောတံခါးတွေမှာတပ်ဆင်ဖို့အတွက်ကတော့ Shutter တွေက အသင့်တော်ဆုံးဟုလည်း ဆိုသည်။ ဒီတော့ အိမ်ရဲ့အလှကို ဖြစ်စေတဲ့ ပြတင်းကာမျိုးဖြစ်အောင် မှန်ကန်စွာ ရွေးချယ်သင့်ပေသည်။ ၄။ ပန်းအတုများ ပန်းအတုထိုးထားတဲ့ အလှအိုးများရဲ့ အားသာချက်အနေနဲ့ဆို မိမိကြိုက်နှစ်သက်သလောက် ထားနိုင်သည်မို့ ဆန္ဒရှိသလောက်ကြာရှည်စွာ အလှဆင်နိုင်တယ်။ ဗိသုကာပညာရှင် Eric Reinholdt က ပြောစကားအရ ထောင်လွှားမှုမရှိတဲ့ အရာဝတ္ထုတွေက ဘယ်တော့မှစွဲဆောင်လေ့မရှိပါဘူးဟုဆိုသည်။ သူတို့ကိုယ်သူတို့ သာမာန်အရာဝတ္ထု တွေလိုမျိုးပဲ ဟန်ဆောင်ထားတတ်ကြပါတယ်တဲ့လေ။ ကိုယ့်အိမ်လေးကို ရိုးသားပျူငှာတဲ့ ပုံစံမျိုးပေါက်စေချင်တယ်ဆိုရင်တော့ ပန်းအတုတွေနဲ့ အလှမဆင်တာ အကောင်းဆုံးပဲဖြစ်မှာပါနော်။ ၅။ နံရံကပ်Wallpaper ဆေးသုတ်ခြင်းထက် ပိုမိုလွယ်ကူတဲ့နံရံကပ်စက္ကူများသည် အိမ်အလှဆင်ဖို့ရာ အသင့်လျော်ဆုံးဖြစ်သလို တစ်ဖက်မှာလည်း အိမ်ရဲ့ အလှကို ပိုပြီး ဖျက်ဆီးပေးနိုင်တဲ့ အရာဖြစ်လို့နေပြန်တယ်။ အိမ်ရဲ့အတွင်း ဒီဇိုင်းကိုဆွဲဆောင်မှုရှိအောင်ဖန်တီးဖို့အတွက် နံရံကပ်စက္ကူအသားအမျိုးမျိုး ခေတ်မှီဆန်းသစ်တဲ့ ဒီဇိုင်းဖြစ်ခြင်းထက် မိမိအိမ်ပုံစံ၊ အခန်းနဲ့ လိုက်ဖက်မှုရှိသည်ကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုသင့်ပါသည်။ စက္ကူသားများဖရိုဖရဲပေါက်ပြဲကွာကျနေပြီဆိုရင် အမြန်ဆုံးလဲလှယ်သင့်ပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အခန်းတွင်းလေထုညစ်ညမ်းမှုအန္တရာယ်နဲ့ အထိရောက်ဆုံးကာကွယ်နည်း နေချင်စဖွယ်အခန်းလေးနောက်ကွယ်က လျှို့ဝှက်ချက် အိမ်တွင်းသန့်ရှင်းသပ်ရပ်မှုသည် ကျန်းမာရေးအတွက် ပဓာနကျပုံ အညံ့များဆက်တိုက်ဖြစ်စေ၍ အိမ်တွင်မထားအပ်သောပစ္စည်းများ Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties