By Sint Sint, Shweproperty.com
Updated at 10 October 2020
အိမ်တစ်အိမ်မှာ အမြဲလာဘ်ပွင့် အိမ်အေးချမ်းနေအောင် ဒါတွေ လုပ်ပါ ဝါတွင်းကာလရောက်ပြီဖြစ်လို့ ကုသိုလ်ရေး ပိုလုပ်သင့်ပါပြီ.....
(1) ဘုရားပန်း နှင့် သောက်တော်ရေ ဆွမ်း ဆီမီး အမြဲကပ်ပါ။ ဘုရားပန်း မနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။ သောက်တော်ရေကို သတိရတိုင်း ကပ်ပါ။
(2)ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်း မှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများ မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပါ
(3)အလွန် ကံညံ့လာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ပါ။ ည 12နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့လှည့်လည် ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်စေပါတယ်။
(4)အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။ အချိူ့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။ ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားစုတ်တွေ ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။ အိမ်မှာလိုအပ်တာတွေသာ အဓိက ထားပါ။
(5)အိမ်ကို တံမြက်စည်းလှည်းလျင် နံနက်လှည်းလျင် အိမ်ရှေ့မှ အိမ်နောက်သို့လှည်းပါ။ ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ။
(6) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ။မကုန်မီ ကြိုတင်၍ ဝယ်ပါ။
(7) အိမ်ရှိ လှေကားများ ကျိူးပျက်နေသည်ကို ပြုပြင်ပါ။ လှေကားများ ကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါ တယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
စီးပွားတက်မည့်အိမ်နှင့် ရေဆန်အိမ်တို့ဆိုတာ ဒီလိုအိမ်မျိုးတွေပါ
သင့်အိမ်ဟာ မည်သည့်ဘက်ကို မျက်နှာမူနေပါစေ အသက်ရှည် အနာမဲ့စေဖို့ ဒီအချက်တွေ အတိုင်း အိပ်စက်ပါ
အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင်
၀ယ်ယူမည့် တိုက်ခန်းသည် နိုင်ငံခြားပြန်တိုက်ခန်း ဖြစ်နေလျှင်
Ref : Extramm
Photo Credit : Nationaltrust
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties