By Sint Sint, Shweproperty.com
Updated at 20 December 2020
မိမိအိပ်တဲ့အိပ်ယာကတော့ အမြဲသန့်ရှင်းနေဖို့လိုပါတယ်။ အိပ်စက်ခြင်းသည် တစ်နေ့တာအတွက်အကောင်းဆုံး အနားယူခြင်းမျိုးဖြစ်တာကြောင့် စိတ်ညစ်ညူးမှုမရှိဘဲ ကောင်းစွာအိပ်ယူအနားယူရမှာပါ။ အိပ်ခန်းအတွင်း အနံ့အသက် အိပ်ခန်းအသုံးအဆောင် ၊ အိပ်ယာအပြင်အဆင် ၊အိပ်ယာပေါ်က ခေါင်းအုံးစောင်တို့ကလည်း သင့်ကို အများကြီး အကူအညီပေးနိုင်တဲ့ အရာမျိုးတွေပါ။ ဒါကြောင့် သင်တို့ကလည်း သူတို့ကိုချစ်နေဖို့လိုပါတယ်နော်။ ဒါကြောင့် သူတို့လေးတွေရဲ့ သန့်ရှင်းရေးကို မကြာမခဏလုပ်ပေးဖို့ တိုက်တွန်းစေချင်တာပါ။
ကိုယ်ညစဉ်အိပ်နေတဲ့ အိပ်ယာဆိုတာ ကိုယ့်အတွက်တော့ သုခဘုံလေးပါပဲနော် ။ တစ်နေ့တာပင်ပန်းမှုတွေက တစ်နေရာမှာ ပြေပျောက်စေနိုင်တာပေါ့။တစ်ခါတစ်လေ ခရီးထွက်လို့ အခြားနေရာတစ်ခုမှ နှစ်ည ၊ သုံးညလောက် အိပ်ရရင်တောင် ကိုယ့်အိမ်ကအိပ်ယာလေးကို ပြန်သတိရမိတတ်ပါတယ်။အိပ်ယာသန့်ရှင်းရေးလုပ်ဖို့ အချိန်ကာလကို တိတိပပ သတ်မှတ်ထားဖို့ မလိုပါဘူးနော်။ အဆင်ပြေတဲ့အချိန်မှာ စိတ်ပါလက်ပါလေး ရှင်းလင်း ပြီး သန့်သန့်ရှင်းရှင်းလေး ဖြစ်နေဖို့က အဓိကကျပါတယ်။ ညဆိုရင် ပုံမှန်ဝင်အိပ်တတ်ပေမယ့် အိပ်ယာအသုံးအဆောင်တွေဖြစ်တဲ့ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ်၊ စောင်နဲ့ အိပ်ယာခင်းတွေကို သန့်ရှင်းရေးလုပ်ပြီး လျှော်ဖွတ်ဖို့မေ့နေတတ်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အနည်းဆုံးတော့ တစ်ပတ်တစ်ခါလောက်လျှော်ပေးသင့်ပါတယ်။ ဖုန်တွေကိုတော့ တစ်နေ့တစ်ခါရှင်းပေးရမှာပါ။
အိပ်ယာဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကထွက်လာတဲ့ အညစ်အကြေးတွေဖြစ်တဲ့ ချွေး၊ အဆီ၊ မိတ်ကပ် နဲ့ တစ်ခါတစ်ရံ သွားရည်တွေပါ ပေကျံလူးနေတက်ပါတယ်။ ဒီလိုအညစ်အကြေးတွေ စိမ့်ဝင်နေတဲ့ အိပ်ယာကိုပုံမှန်သန့်ရှင်း မလုပ်ပေးဖူးဆိုရင် အသားအရေ ယားယံတာ၊ အသက်ရှုလမ်းကြောင်း ပြသနာနဲ့၊ မှိုစွဲတဲ့ ပြသနာတွေကြောင့် နေထိုင်မကောင်း ဖြစ်တတ်ပါတယ်။ အဓိကပြောချင်တာကတော့ အိပ်ယာနဲ့ပတ်သက်ရင် မှိုရောဂါက အဆိုးဆုံးနဲ့ ကြောက်စရာအကောင်းဆုံးပါပဲ။ ကျန်းမာရေးထိခိုက်စေရုံမျှမက ရောဂါဖြစ်နေမှန်း မသိဘဲ အသက်သေဆုံးတဲ့အထိ ဖြစ်တက်လို့ပါ။အိပ်ယာပေါ်မှာ အမှုန်အမွှားပေါင်း များစွာရှိပြီးအဲဒါတွေကြောင့် နှာစေးတာ၊ မျက်လုံးယားယံတာ၊ နှာချေတာနဲ့ အခြားမအီမသာဖြစ်တာတွေကြောင့် ညဘက် ကောင်းကောင်းအိပ်မပျော်တာတွေ ဖြစ်စေပါတယ်။ နောက်ပြီး မျက်စိကြောင်ပြီး အိပ်မရတာမျိုးရင် ပိုဆိုးစေတာပေါ့။
အိပ်ယာအသုံးအဆောင်တွေကို လျှော်ဖို့ဆိုရင်တော့ မလျှော်မီခေါင်းအုံးစွပ်၊ ဖက်လုံးစွပ်၊ စောင်နဲ့ အိပ်ယာခင်း စတာတွေကို ပိုးသေအောင် အပူချိန် ၅၀ ဒီဂရီ အနိမ့်ဆုံးရှိတဲ့ ရေနွေးပူပူနဲ့ အနည်းဆုံး ၁၀ မိနစ်နဲ့အထက် စိမ်ထားပါ။ အဲဒီနောက်မှ အဝတ်လျှော်စက်နဲ့ဖြစ်စေ လက်နဲ့ဖြစ်စေ ဆပ်ပြာမှုန့်နဲ့ စိမ်ပြီး လျှော်ဖွတ်ပါ။ဖြစ်နိုင်ရင် မွေ့ယာတွေကို ဖုန်းစုပ်စက်နဲ့ စုပ်ပါ၊ မွေ့ယာမှာကပ်နေတဲ့ ဖုန်းတွေ ဆံချည်မျှင်တွေအားလုံး သန့်ရှင်းသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ အိပ်ယာဘယ်လောက်ထွ ညစ်ပတ်နေပြီလဲဆိုတာ ဖုန်းစုပ်ထာတဲ့ ပမာဏကို ခန့်မှန်းကြည့်နိုင်ပါတယ်။
လျှော်ဖွတ်ပြီးသား အိပ်ယာအသုံးအဆောင်တွေ ခြောက်သွေ့သွားပါက တိုက်ရိုက်ပြန်ပြီး အသုံးပြုတာထက် ဖြစ်နိုင်ရင် မီးပူတိုက်ပြီး ပြန်သုံးဖို့ အကြံပြုပါတယ်။ အခုလိုအသစ်ပြန်လည် သန့်ရှင်းထားပီးသားအိပ်ယာပေါ်မှာ အိပ်ရတဲ့အရသာဟာ ဘယ်လောက်တောင်ဇိမ်ရှိ ဇိမ်ကျသလဲဆိုတာ သင့်ကို ကိုယ်တိုင်ခံစားစေချင်ပါတယ်။မိမိတစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်သလိုမျိုးပဲ အိမ်ထဲကပစ္စည်းတွေကိုလည်း သန့်ရှင်းရေး လုပ်ရမှာပါနော်။ ဘာလို့လဲဆိုတော့ မိမိတို့ထိတွေ့ကိုင်တွယ်နေရတဲ့ ပစ္စည်းတွေထဲကနေ အိပ်ယာထဲကိုရောက်ရှိစေနိုင်လို့ပါ။ သတိပြုရမယ့်အချက်လေးတွေရှိပါတယ်နော် ။ ဘာတွေလဲဆိုတော့
(၁) တံခါးလက်ကိုင်များ
တံခါးလက်ကိုင်တွေက နေ့စဉ်ကိုင်တွယ်အသုံးပြုရတဲ့ ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ကနေတဆင့် ရောဂါပိုးမွှားတွေဟာ တံခါးလက်ကိုင်တွေမှာ ကပ်ကျန်နေခဲ့ပြီး တခြားမိသားစုဝင်တွေကိုပါ ရောဂါပိုးတွေကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် အပြင်သွားပြီးပြန်လာတဲ့အခါတိုင်းမှာ တံခါးလက်ကိုင်တွေကို ပိုးသတ်ဆေးရည်ဖြန်းပေးရပါမယ်။
(၂) အဲယားကွန်း
အဲယားကွန်းမှထွက်လာတဲ့ လေထုကနေ တစ်ဆင့်မမြင်နိုင်တဲ့ ဖုန် အညစ်အကြေား ရောဂါပိုးတွေပါလာပြီး အသက်ရှုလမ်းကြောင်းထဲကို ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတို့အိမ်မှာအသုံးပြုနေတဲ့ အဲယားကွန်းတွေကို servicing သမားခေါ်ပြီး ဆေးကြောသန့်စင်တာမျိုးတွေလုပ်ပေးဖို့လိုပါတယ်။ servicing မလုပ်ဖြစ်ရင်တောင် အနည်းဆုံး ၁လ တစ်ခါလောက်အဲယားကွန်း အတွင်းက air filer လေးတွေ ထုတ်ပြီးဆေးကြော သန့်စင်ပေးမယ်ဆိုရင် ဖုန်မှုန်အညစ်အကြေးနဲ့ ပိုးမွှားကင်းစင်ပြီး အအေးဓာတ်လည်းပိုရစေပါတယ်။
(၃) အိပ်ယာ
အများစုကတော့ အိပ်ယာတွေကို သန့်ရှင်းရေးလုပ်ဖို့မေ့နေတက်ကြပါတယ်။ စာဖတ်သူတို့ရော အိပ်ယာကိုပုံမှန် သန့်ရှင်းရေးလုပ်ဖြစ်ကြလား။ တကယ်တော့ အိပ်ယာတွေမှာ ဖုန်တွေ အညစ်အကြေးတွေနဲ့ အနံ့အသက်ဆိုးတွေအများကြီး ကပ်ညှိတွယ်နေနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပုံမှန်သန့်ရှင်းမှုမရှိဘူးဆိုရင် အရေပြားဆိုင်ရာပြဿနာများ မျက်နှာပေါ်မှာဝက်ခြံနှင့်အမဲစက်များထွက်ခြင်း ခန္ဓာကိုယ်ချွေးနံ့ဆိုးတွေ ထွက်စေခြင်းစတဲ့အရာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့် အိပ်ယာခင်း ခေါင်းအုံးစွတ် ဖက်လုံးစွတ်တွေကို ၁ ပတ်တစ်ခါလောက်လျော်ပြီး နေရောင်ခြည်နဲ့ လေကောင်းလေသန့်ရတဲ့နေရာများထုတ်လှန်းသင့်ပါတယ်။
(၄) မီးဖိုချောင်
နေ့စဉ်အစားအသောက်ချက်ပြုတ်ရာမှာ အသုံးပြုနေရတဲ့ မီးဖိုချောင်တစ်ခုရဲ့ သန့်ရှင်းရေးကလည်း မဖြစ်မနေထည့်စဉ်းစားဖို့လိုပါတယ်။ မီးဖိုချောင်ကို ပုံမှန်သန့်ရှင်းရေးပြုလုပ်မှုမရှိရင် ဘက်တီးရီးယားပိုးမွှားတွေပေါက်ဖွားရာ နေရာကြီးတစ်ခုဖြစ်လာပြီး နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကလည်းသန့်ရှင်းမှုမရှိတော့ပဲ ရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်မဖြစ်မနေသန့်ရှင်းရေးလုပ်သင့်တဲ့နေရာထဲမှာ မီးဖိုချောင်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကလည်း မပါမဖြစ်ပါပဲ။
(၅) ရေချိုးခန်းနှင့် အိမ်သာ
ရေချိုးခန်းနှင့် အိမ်သာတွေဟာ စိုထိုင်းမှုအားကောင်းတာကြောင့် ဘက်တီးရီးယာပိုးမွှားတွေပေါက်ဖွားဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်သလို ခြင်တွေလည်း ပေါက်ဖွားနိုင်ပါတယ်။ရေချိုးခန်းနဲ့ အိမ်သာတွေမှာ သန့်ရှင်းမှုမရှိရင် အနံ့အသက်ဆိုးတွေလည်း ထွက်လာနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ ရေချိုးခန်း အိမ်သာတွေကို တစ်ပတ်ကို တစ်ကြိမ်လောက်တော့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။နောက်တစ်ခု ပြောပြချင်တာက သင့်အိပ်ခန်း၊ အိပ်ရာနဲ့ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော်…….
(၁) အိပ်ခန်းဆိုတာ အိပ်စက်အနားယူဖို့ပဲဖြစ်သင့်ပါတယ်။
အိပ်ခန်းထဲမှာ တခြားအလုပ်နဲ့ ပတ်သက်တာတွေ၊ မလိုအပ်တဲ့ ပစ္စည်းတွေ မထားတာ အကောင်းဆုံးပါ။ အဝတ်ဗီရိုနဲ့ အဝတ်စင်တွေ ထားတယ်ဆိုရင်တောင် အိပ်ယာနား ကပ်မထားပါနဲ့ နေရာကျဉ်းတယ်ဆိုရင်တောင် အိပ်ယာပေါ်မှာ အဝတ်တွေပုံထားတာမျိုး မလုပ်ဖို့လိုအပ်ပါတယ်။
(၂) သန့်ရှင်းရေးပုံမှန်လုပ်ပေးပါ။
အိပ်ယာက ထလာတာနဲ့ စောင်နဲ့ တခြားအသုံးအဆောင်တွေကို ခေါက်သိမ်းပါ။ အိပ်ယာပေါ်မှာ သန့်ရှင်းနေအောင်ထားပါ။ ပြီးတော့ အိပ်ခန်းသန့်ရှင်းရေးကို တစ်ပတ်တစ်ခါတော့ လုပ်ပေးပါ။
(၃) အိပ်ယာပေါ်မှာ ပစ္စည်းတွေ ရှုပ်ဖွမထားပါနဲ့!
တတ်နိုင်ရင် အိပ်ယာပေါ်မှာ ပစ္စည်းတွေ အစုံရောက်နေတာ မကောင်းပါဘူး။ နေရာကျဉ်းရင်ပိုတောင်မထားသင့်ပါဘူး။ အလုပ်နဲ့ပတ်သက်တာတွေ၊ ကျောင်းစာအုပ်တွေ၊ လွယ်အိတ် စတာတွေကို သူ့နေရာနဲ့သူ ပြန်ထားဖြစ်အောင်ထားပါ။
(၄) အိပ်ခန်းထဲကမှန်”
အိပ်ခန်းထဲမှာ မှန်ထားမယ်ဆိုရင် မှန်ထဲကို ကြည့်လိုက်ရင် အိပ်ယာမပေါ်တဲ့နေရာမှာ ထားရမှာပါ။ မဟုတ်ရင် သင်အိပ်ပျော်နေချိန်မှန်ထဲမှာ သင့်ပုံရိပ် ပေါ်နေပြီး အဲ့ဒီအချိန်မက်တဲ့ အိပ်မက်တွေက တကယ်ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။ အိပ်မက်ဆိုးတွေ မက်ခဲ့ရင် ဒုက္ခပဲလေ။
(၅) အိပ်ခန်းမီးမှိန်မှိန်လေးထွန်းပါ။
အိပ်တဲ့အချိန်မှာ မီးလင်းနေတာက မကောင်းသလို၊ အလင်းရောင်မရှိဘဲ လုံးဝမှောင်နေတာကလည်း မကောင်းပါဘူး။ ဒါကြောင့် အိပ်တဲ့အချိန်မှာ အလင်းရောင်ရရုံ မီးမှိန်မှိန်လေးကို ထွန်းထားသင့်ပါတယ်နော်။
(၆) အိပ်ခန်းနဲ့ အိပ်ယာနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေရဲ့အရောင်”
အနီရောင်၊ ခရမ်းရောင် စတဲ့အရောင်ရင့်ရင့်တောက်တောက်တွေက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေတာကြောင့်အိပ်ခန်းနဲ့ အိပ်ယာအသုံးအဆောင်တွေမှာ မသုံးသင့်ပါဘူး။ အဝါရောင်နုနု၊ အပြာနု ၊ ထုံးခြောက်ရောင် စတာတွေက နွေးထွေးမှုကိုဖြစ်စေပြီး အိပ်စက်ခြင်းအတွက်အကူအညီဖြစ်စေလို့ အဲ့ဒီအရောင်တွေကိုသုံးတာ သင့်တော်ပါတယ်။
(၇) အိပ်ယာအထားအသိုရွှေ့ပြောင်းပေးပါ။
အိပ်ယာကို တစ်နှစ်ပတ်လုံး တစ်နေရာထဲမှာထားတာမျိုးထက် ခြောက်လလောက်မှာ တစ်ခါ အရွှေ့အပြောင်းလုပ်ပေးတာ ပိုကောင်းပါတယ်။ အဲ့ဒီလို အိပ်ယာကို နေရာရွှေ့လိုက်တဲ့အခါ အိပ်ခန်းကိုပါ သန့်ရှင်းရေးလုပ်ပြီးသားဖြစ်သွားပြီး နေရာအသစ်ကို ရောက်လာသလို ခံစားရတာကြောင့် သင့်ရဲ့ငြီးငွေ့နေတဲ့ ခံစားချက်တွေကိုလည်း ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။တစ်လက်စတည်း အိပ်ယာအပြင်အဆင်လေးတွေပါ ပြောပြလိုက်ပါစေ။
ချစ်စရာကောင်းပြီး လှပတဲ့ အိပ်ယာလေးတွေမှာ အိပ်ချင်ပါတယ်ဆိုတဲ့ ငယ်ဘဝစိတ် ကူးလေးတွေကို အကောင်ဖော်ပြီး မအိပ်ချင်ကြဘူးလား ။ဒါဟာ သင့်အတွက်တကယ်စိတ်ကျေနပ်မှုရရှိစေမယ့် အိပ်စက်ခြင်းလည်း ဖြစ်လာမှာပါ။ချစ်စရာကောင်းတဲ့ အိပ်ယာ ကုတင်လေးရယ်၊ မီးရောင်စုံလေးရယ်၊ အရုပ်ပိစိကွေးလေးတွေရယ်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး လှလှကလေးတွေရယ်၊ စသဖြင့် အ ပြင်အဆင်လေးတွေက မင်းသမီးလေး တစ်ပါးအိပ်ယာကလေးအတိုင်း ပြင်ဆင်တတ်ဖို့က ယနေ့လိုအချိန်မှတော့ အရမ်းကိုလွယ်ကူသွားပါပြီ။
ဆန်းသစ် ဆန်းပြားလာတဲ့ အိမ်အလှဆင်ပစ္စည်းတွေကလည်း မရိုးစေရပါဘူး။ ပြင်ဆင်ရတဲ့ နည်းလမ်းကလေးတွေက လည်းလွယ်ကူသက်သာတော့ ဒီလိုမျိုးလှပပြီး ချစ်စရာကောင်းတဲ့ အိပ်ယာကလေးတွေပြင်ဆင်ဖို့ လွယ်လင့်တကူပါပဲ။ လှပပြီး ချစ်ဖို့ကောင်းမယ့် အိပ်ယာလေးလိုမျိုးရရှိအောင် မိမိကိုယ်တိုင်ဖန်တီးလို့ရပါတယ်။အိပ်ယာကလေးပြင်ဆင်ဖို့ဆိုရင်တော့ အဓိကကုတင်မွေ့ယာ အပြင်အဆင်အပြင်၊ အပေါ်ဘက်ကလွှမ်းခြုံကာရံပေမယ့် အဆောင် အယောင်ကလေးတွေက ပိုပြီးတော့ လိုအပ်ပါတယ်။ မွေ့ယာလေး ရဲ့ ခေါင်းရင်းပိုင်းအပေါ်ဘက်ကနေ တွဲလျားချထားတဲ့ ခြုံစောင်အမိုး စလေးက တကယ့်ကိုမင်းသမီးလေးတစ်ပါး အသုံးပြုမယ့် အပြင်အဆင်မျိုးဖြစ်ရပါမယ်။လှပတဲ့ အရောင်နုနုကလေးတွေသုံးထားတဲ့ ပိုးပုဝါစ၊ ဒီဇိုင်းဆန်းဆန်းလေးပုံဖော်ထားတဲ့ လွှားစကလေးတွေ စ သဖြင့် ဖန်စီအလှဆင်ပစ္စည်းလေးတွေ ထည့်သွင်းပြီး အလှပြင်ဆင် ရပါမယ်။
အိပ်ယာခန်းတစ်ခုလုံးရဲ့ အသုံးအဆောင် အရောင်တွေကို လိုက် ဖက်ညီမှုရှိအောင် ရွေးချယ်တတ်ရပါမယ်။ မွေ့ယာ၊ ကုတင်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးစသဖြင့် အရောင်လေးတွေအပြင် လိုက်ကာ၊ ခန်းစီး၊ အခင်း စတာတွေအတွက်လည်း အရောင်နုနုကလေးတွေနဲ့ လိုက်ဖက်အောင် ပြင်ဆင်ရမယ်။တစ်ကိုယ်တည်းမှာ အိပ်ဖို့အတွက် ဖြစ်တာကြောင့် ကုတင်ကိုတစ်ယောက်စာလောက်ပဲ လုံလုံလောက်လောက် ပြင်ဆင်ထားရင် ရပါပြီ။ နူးညံ့အိစက်တဲ့ မွေ့ယာလေးရယ်။ အိပ်ယာပေါ်က ချစ်စရာခေါင်းအုံးလေးတွေရယ်၊ အမွှေးပွပွ အရုပ်က လေးတွေရယ်၊ နောက်ပြီး ထူးခြားတဲ့ခြင်ထောင်လွှားစလေး တွေ ရယ်ကမင်းသမီးလေး တစ်ယောက်လိုအိပ်စက်ရမယ့် ခံစားမှုကို ပေးစွမ်းပေးမှာပါ။
မွေ့ယာ၊ အခင်း ကုတင်အပြင်အဆင်ပြီးတော့ အပေါ်ဘက်က ခြင်ထောင်၊ အမိုးလွှားစလေးပြင်ဆင်ပုံကို ပြောပြချင်ပါတယ်။ တချို့ က ခေါင်းရင်းဘက်နေပဲ တစ်စုတစ်စည်းချည်နှောင်ထားတဲ့ လွှားစ နဲ့ ခြင်ထောင်လေးတွေကို အမိုးနံရံမှာကပ်ပြီးတော့ ပြင်ဆင်တတ်ကြ သလို တချို့ကျတော့လည်း လေးဘက်လေးစင်ကုတင်ထောင့်ဘက် နေ ချည်နှောင်ပြီး ခြင်ထောင်လေးတွေ ပြုလုပ်တတ်ကြပါတယ်။ ဒီဇိုင်းလှပတဲ့ ပိုးသား၊ ဖဲသား၊ ဇာထိုးသား ၊ ခြင်ထောင်ဇာစသဖြင့် လွှားခြုံဖို့ရွေးချယ်တတ်ဖို့လိုပါတယ်။ အနားလေးတွေနဲ့ အပြင်ဘက် လေးတွေမှာ ခရစ်စတယ်လေးတွေ၊ ဖဲပြားလေးတွေ နောက် မီး ရောင်စုံအလင်းလေးတွေ စသဖြင့် ပြင်ဆင်ပြီးတော့ ချစ်စရာကောင်း အောင် ဖန်တီးနိုင်ပါတယ်။သန့်ရှင်းလှပသော အိပ်စက်ခြင်းတွေနဲ့ အတူ အိပ်ယာအသုံးအဆောင်လေးတွေကို အမြတ်တနိုးရှိနေပြီဆိုပါက သင့်အိပ်စက်ခြင်းတွေသည် ကောင်းကင်ဘုံလို ငြိမ့်ညောင်းနေတော့မှာပါ အသေအချာပါပဲ။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
အိမ်မှာထားရင် ကံကောင်းခြင်းတွေရောက်လာစေတဲ့ ပစ္စည်းများ နှင့် ကံဆိုးမှုတွေ အဆင်မပြေမှုတွေ မဖြစ်ချင်ရင် အိမ်ထဲမှာ ဒီအရာတွေကို လုံးဝမထားပါနဲ့
အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ အရက်ပြန်ရဲ့ အံ့သြဖွယ်ရာ အသုံးဝင်သော နည်းလမ်းများ
အသက်ရှည်ချင်ရင် အိမ်မှာ ဒီအပင်တွေကို စိုက်ပါ
Written By : Khine Zar (ShweProperty.com)
Photo Credit : Khitalinmedia
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties