By Aye Sandar, Shweproperty.com
Updated at 5 February 2021
မိမိရဲ့ကိုယ်ပိုင်အခန်းလေးကို ခါတိုင်းထက် ပိုသစ်လွင်လှပသွားစေဖို့နဲ့ နေချင်စဖွယ်အခန်းလေးဖြစ်နေစေဖို့ရာ အကောင်းဆုံးနဲ့ လွယ်ကူရိုးရှင်းတဲ့ အခန်းပြင်ဆင်နည်းလမ်းကောင်းများကို ဝေမျှပေးလိုက်ပါတယ်နော်။ ၁။ အပင်များနှင့်အလှဆင်နည်း အိမ်တွင်းပိုင်းကို အပင်ငယ်လေးတွေနဲ့ အလှဆင်ခြင်းဟာ ငွေကြေးကုန်ကျမှုစရိတ်ကို လျှော့ချပေးရာ ဖြစ်သလိုသဘာဝတရားကို အပြည့်အဝခံစားရရှိစေနိုင်ဖို့ အကောင်းဆုံးနည်းလည်းဖြစ်ပါသည်။ ခုဆိုရင် အိမ်တွင်း အပင်စိုက်ပျိုး အလှဆင်သူများလည်း များပြားလာပြီး တစ်ချို့အပင်တွေက ထိန်းသိမ်းရလည်းလွယ်ကူ၊ အခန်းတွင်းလေသန့်စင် စေနိုင်လို့ အပင်စိုက်ရမှာ ပျင်းကြတဲ့သူများပါ စိုက်လာကြတာကိုတွေ့ရမှာပါ။ မိမိရဲ့အိမ်လေးကို နေချင်စဖွယ်နဲ့ ကျေနပ်မှုကို အပြည့်အဝပေးစွမ်းနိုင်ဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ အပင်လေးတွေနဲ့ အလှဆင်ခြင်းပင်ဖြစ်ပါသည်။ ၂။ ရောင်စုံမီးလုံးများ တပ်ဆင်ခြင်း အိပ်ခန်းပဲဖြစ်ဖြစ်၊ ဧည့်ခန်းပဲဖြစ်ဖြစ် အလှဆင်ဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ မှန်ကန်တဲ့ Lighting အရောင်ရွေးချယ်တတ်ဖို့လိုပါတယ်။ အလှဆင်မီးရောင်များသည်လည်း မိမိအိမ်ကို လှပအောင် ပံ့ပိုးပေးနိုင်သလို ဧည်သည့်များရဲ့ အာရုံစိုက်မှုကိုလည်း ပိုရစေနိုင်ပါသည်။ မီးရောင်ကိုလည်း အခန်းအခြေအနေပေါ်မူတည်ပြီး တပ်ဆင်သင့်ပါတယ်။ အိပ်ခန်းနေရာမျိုးတွင်တော့ မီးရောင်ဖျော့ဖျော့ မျက်စိအေးစေမယ့် အရောင်ကိုသာ ရွေးချယ်ပြီး ဧည့်ခန်းလိုနေရာမျိုးတွင်တော့ မီးဆိုင်းများနဲ့ အလှဆင်ရင် ပိုပြီးသင့်လျော်ပါတယ်။ ၃။ လိုက်ဖက်တဲ့ Wallpaper သင့်အိမ်ရဲ့ နံရံများကို သမာရိုးကျ ဆေးသုတ်အလှဆင်နေတာထက် နံရံကပ်အလှစက္ကူများနဲ့လည်း ဆွဲဆောင်မှုရှိအောင်ပြောင်းလဲပြင်ဆင်သင့်ပါတယ်။ ချစ်စဖွယ်အရောင်အသွေးစုံတဲ့ Wallpaper များကြောင့် အိမ်ခန်းနံရံရဲ့ အလှဟာလည်း ပိုပေါ်လွင်သွားစေပါတယ်။ ၄။ မှန်ကန်တဲ့ အိမ်သုတ်ဆေးအရောင် လူတော်တော်များများက\အိမ်အပြင်အဆင် အသစ်မွမ်းမံတဲ့အခါ ပရိဘောဂအထားအသို ပြောင်းလဲတတ်ကြပြီး ဆေးအသစ်သုတ်တတ်ကြပါတယ်။ ဒီလို ကာလာပြန်သုတ်တဲ့ခါမှာလည်း အရောင်ရွေးချယ်ရာတွင်မျက်စိပဒေသ ဖြစ်စေမယ့် ကာလာမျိုးကိုသာ ရွေးချယ်သုံးသင့်ပါတယ်။အိမ်ထဲဝင်လိုက်သည်နှင့် အပန်းဖြေစေမယ့် ကာလာမျိုးကို အလေးထား သုံးသင့်ပါသည်။ ၅ ။ ပရိဘောဂများ စနစ်တကျ ထည့်သွင်းပါ အိမ်ခန်းတစ်ခန်းတွင် မလိုအပ်သောပစ္စည်းကိရိယာများ ပြည့်နှံ့နေခြင်းကလည်း လူအထင်ကြီးရာ မရောက်ဘဲ အိမ်ခန်းဒီဇိုင်းကိုပါ ဖျက်ဆီးပစ်ရာ ရောက်ပါတယ်။ ပရိဘောဂများကို အိမ်ခန်းအကျယ်အဝန်းပေါ်မူတည်ပြီး customizedမှာယူခြင်းကလည်းနေရာ ပိုထွက်စေပြီး သပ်သပ်ရပ်ရပ်လည်း ဖြစ်စေပါတယ်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ နိမိတ်ကောင်းများ ရောင်ပြန်ဟပ်စေမည့် အိမ်ခန်း မှန် ချိတ်ဆွဲနည်း အညံ့များဆက်တိုက်ဖြစ်စေ၍ အိမ်တွင်မထားအပ်သောပစ္စည်းများ သင့်ရဲ့ အိပ်ယာမျက်နှာမူပုံနဲ့ ကျန်းမာရေးဆက်စပ်နေပုံ နေအိမ်များတွင်မစိုက်သင့်သော အဆိပ်ရှိသောဂမုန်းပင် Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties