By Myanmar Builders Guide, Shweproperty.com
Updated at 27 November 2019
#Unicode
သုံးထပ်မှ ရှစ်ထပ်ရှိ အဆောက်အအုံများတွင် ငလျင်ဒဏ်ခံံနိုင်အားကိုပါ ထည့်သွင်းတွက်ချက်စေရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်အင်ဂျင် နီယာဌာန (အဆောက်အအုံ) ညွှန်ကြားရေးမှူးဦးဇော်ဝင်းက ပြောသည်။
ငလျင်ဒဏ်ခံနိုင်အား (Seismic Loading) တွက် ချက်ခြင်းဆိုသည်မှာ အောက်ခြေ ဖောင်ဒေးရှင်းအပါအဝင် အ ဆောက်အအုံတစ်ခုလုံး၏ အရည်အသွေးပိုင်းနှင့် သုံးစွဲမည့် ပစ္စည်း များကိုနှစ်ဆတိုးတွက်ချက်တိုင်း တာ တည်ဆောက်ခြင်းဖြစ်ပြီး ငလျင်ဖြစ်ပါက ပုံမှန်အဆောက် အအုံများထက် ပိုမိုခံနိုင်ရည်ရှိ သည်ဟု အင်ဂျင်နီယာ ဦးသိန်းအောင်က ဆိုသည်။
၂၀၁၀ နောက်ပိုင်း တည် ဆောက်သည့် သုံးထပ်မှ ရှစ်ထပ် အဆောက်အအုံများတွင် ဒီဇိုင်းပိုင်းနှင့် ဆိုက်စမစ် Loading ပိုင်းများတွင်ပါ ငလျင်ဒဏ်နှင့် စပ်လျဉ်း၍ ထည့်သွင်းတွက်ချက်ခြင်းမရှိကြောင်း ဦးဇော်ဝင်းက ပြောသည်။
‘‘ဆိုက်စမစ် Loading တွေထည့်မယ်ဆိုရင် ဒီအဆောက်အ အုံရဲ့ ကုန်ကျစရိတ်တွေက မူလထက် တစ်ဆခွဲလောက် ဈေးကြီးသွားမှာ ဖြစ်တယ်။ အခုငလျင်ဖြစ်စဉ် ပြီးနောက်မှာတော့ တိုင်းဒေသကြီး အစိုးရကိုတော့ ဆိုက်စမစ် Loading အပိုင်းမှာရော ကျန်တဲ့အပိုင်းတွေပါ ထည့်သွင်းတွက် ချက်ဖို့ တင်ပြထားတယ်’’ဟု ၎င်းက ပြောသည်။
နောက်ပိုင်း တည်ဆောက် မည့် အဆောက်အအုံများတွင် ငလျင်ဒဏ်ခံနိုင်ရန် ထည့်သွင်းရ မည့် အစိတ်အပိုင်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။
‘‘အဆောက်အအုံတွေက နှစ်(၅၀)လောက်ရှိပြီး ကြံ့ခိုင်မှုပိုင်းက အားနည်းနေတယ်။ ၈၈ နောက်ပိုင်းဆောက်တဲ့ တိုက်တွေက မြင့်တော့မြင့်တယ်။ ခြောက်ထပ်၊ ခုနစ်ထပ်တွေ။ ဒါပေမဲ့ ဖောင်ဒေးရှင်းသိပ်မသွားဘူး။ ဖောင်ဒေးရှင်းကုန်ရင် မကိုက်ဘူး။ ဖောင်ဒေးရှင်း သိပ်မထည့်ဘူး’’ဟု ဦးမောင်မောင်စိုးက ပြောသည်။
‘‘ငလျင်ဒဏ်ခံနိုင်တဲ့စနစ် ထည့်တဲ့တိုက်နဲ့ မထည့်တဲ့တိုက်ဆောက်မယ့်စနစ်မှာ ကုန်ကျ စရိတ်က နှစ်ဆလောက်ကွာဟ ချက်ရှိတယ်။ ဒါတောင် ဒီဇိုင်းပိုင်းကျန်သေးတယ်။ အဲဒီအတွက် ငလျင်ဒဏ်ခံနိုင်တဲ့စနစ်ထည့်မယ်ဆိုရင် တိုက်ခန်းတစ်ခန်းရဲ့ မူလတန်ကြေးက ကျပ်သိန်း ၄၀၀ကနေ ၇၀၀ လောက် ဖြစ်သွားမယ်။ဒါပေမဲ့ ငလျင်ဒဏ်ခံနိုင်တဲ့အ တွက် ကောင်းတယ်’’ဟု လုပ်သက်၁၀ နှစ်ရှိ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးမိုးသူက ပြောသည်။
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် တိမ်းစောင်းခဲ့သည့် တိုက် ၂၅ လုံးရှိကြောင်း၊ ယင်းတို့အနက် ရေရှည်နေထိုင်နိုင်သော အဆင့်သတ်မှတ်ချက် ကျော်လွန်သည့် တိုက် ရှစ်လုံးရှိကာပြန်လည်တည့်မတ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက ပြောသည်။
#Zawgyi
သုံးထပ္မွ ရွစ္ထပ္ရွိ အေဆာက္အအုံမ်ားတြင္ ငလ်င္ဒဏ္ခံံႏိုင္အားကိုပါ ထည့္သြင္းတြက္ခ်က္ေစရန္ စီစဥ္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္အင္ဂ်င္ နီယာဌာန (အေဆာက္အအုံ) ၫႊန္ၾကားေရးမႉးဦးေဇာ္ဝင္းက ေျပာသည္။
ငလ်င္ဒဏ္ခံႏိုင္အား (Seismic Loading) တြက္ ခ်က္ျခင္းဆိုသည္မွာ ေအာက္ေျခ ေဖာင္ေဒးရွင္းအပါအဝင္ အ ေဆာက္အအုံတစ္ခုလုံး၏ အရည္အေသြးပိုင္းႏွင့္ သုံးစြဲမည့္ ပစၥည္း မ်ားကိုႏွစ္ဆတိုးတြက္ခ်က္တိုင္း တာ တည္ေဆာက္ျခင္းျဖစ္ၿပီး ငလ်င္ျဖစ္ပါက ပုံမွန္အေဆာက္ အအုံမ်ားထက္ ပိုမိုခံႏိုင္ရည္ရွိ သည္ဟု အင္ဂ်င္နီယာ ဦးသိန္းေအာင္က ဆိုသည္။
၂၀၁၀ ေနာက္ပိုင္း တည္ ေဆာက္သည့္ သုံးထပ္မွ ရွစ္ထပ္ အေဆာက္အအုံမ်ားတြင္ ဒီဇိုင္းပိုင္းႏွင့္ ဆိုက္စမစ္ Loading ပိုင္းမ်ားတြင္ပါ ငလ်င္ဒဏ္ႏွင့္ စပ္လ်ဥ္း၍ ထည့္သြင္းတြက္ခ်က္ျခင္းမရွိေၾကာင္း ဦးေဇာ္ဝင္းက ေျပာသည္။
‘‘ဆိုက္စမစ္ Loading ေတြထည့္မယ္ဆိုရင္ ဒီအေဆာက္အ အုံရဲ႕ ကုန္က်စရိတ္ေတြက မူလထက္ တစ္ဆခြဲေလာက္ ေဈးႀကီးသြားမွာ ျဖစ္တယ္။ အခုငလ်င္ျဖစ္စဥ္ ၿပီးေနာက္မွာေတာ့ တိုင္းေဒသႀကီး အစိုးရကိုေတာ့ ဆိုက္စမစ္ Loading အပိုင္းမွာေရာ က်န္တဲ့အပိုင္းေတြပါ ထည့္သြင္းတြက္ ခ်က္ဖို႔ တင္ျပထားတယ္’’ဟု ၎က ေျပာသည္။
ေနာက္ပိုင္း တည္ေဆာက္ မည့္ အေဆာက္အအုံမ်ားတြင္ ငလ်င္ဒဏ္ခံႏိုင္ရန္ ထည့္သြင္းရ မည့္ အစိတ္အပိုင္းမ်ားကို ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးေမာင္ေမာင္စိုးက ေျပာသည္။
‘‘အေဆာက္အအုံေတြက ႏွစ္(၅၀)ေလာက္ရွိၿပီး ႀကံ့ခိုင္မႈပိုင္းက အားနည္းေနတယ္။ ၈၈ ေနာက္ပိုင္းေဆာက္တဲ့ တိုက္ေတြက ျမင့္ေတာ့ျမင့္တယ္။ ေျခာက္ထပ္၊ ခုနစ္ထပ္ေတြ။ ဒါေပမဲ့ ေဖာင္ေဒးရွင္းသိပ္မသြားဘူး။ ေဖာင္ေဒးရွင္းကုန္ရင္ မကိုက္ဘူး။ ေဖာင္ေဒးရွင္း သိပ္မထည့္ဘူး’’ဟု ဦးေမာင္ေမာင္စိုးက ေျပာသည္။
‘‘ငလ်င္ဒဏ္ခံႏိုင္တဲ့စနစ္ ထည့္တဲ့တိုက္နဲ႔ မထည့္တဲ့တိုက္ေဆာက္မယ့္စနစ္မွာ ကုန္က် စရိတ္က ႏွစ္ဆေလာက္ကြာဟ ခ်က္ရွိတယ္။ ဒါေတာင္ ဒီဇိုင္းပိုင္းက်န္ေသးတယ္။ အဲဒီအတြက္ ငလ်င္ဒဏ္ခံႏိုင္တဲ့စနစ္ထည့္မယ္ဆိုရင္ တိုက္ခန္းတစ္ခန္းရဲ႕ မူလတန္ေၾကးက က်ပ္သိန္း ၄၀၀ကေန ၇၀၀ ေလာက္ ျဖစ္သြားမယ္။ဒါေပမဲ့ ငလ်င္ဒဏ္ခံႏိုင္တဲ့အ တြက္ ေကာင္းတယ္’’ဟု လုပ္သက္၁၀ ႏွစ္ရွိ ေဆာက္လုပ္ေရးအင္ဂ်င္နီယာ ဦးမိုးသူက ေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္ ႏိုဝင္ဘာ ၁၂ ရက္က ငလ်င္လႈပ္ခတ္ၿပီးေနာက္ တိမ္းေစာင္းခဲ့သည့္ တိုက္ ၂၅ လုံးရွိေၾကာင္း၊ ယင္းတို႔အနက္ ေရရွည္ေနထိုင္ႏိုင္ေသာ အဆင့္သတ္မွတ္ခ်က္ ေက်ာ္လြန္သည့္ တိုက္ ရွစ္လုံးရွိကာျပန္လည္တည့္မတ္ရန္ စီစဥ္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ တာဝန္ရွိသူမ်ားက ေျပာသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties