By Kumudra, Shweproperty.com
Updated at 8 August 2017
အရောင်းအဝယ် ရပ်တန့်လုနီးပါးဖြစ်ခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေဈေးကွက်နဲ့ မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် ပြန်ကောင်း လာတယ် လို့ တွေ့ရပါတယ်။
“ရန်ကုန် အိမ်ခြံမြေ ဈေးကွက်ဟာ ရပ်တန့်လုနီးပါး အရောင်းအဝယ် ကျဆင်း ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကစပြီးတော့ အရောင်းအဝယ်တွေ ပြန်ြ ဖစ်လာတာကို တွေ့ရတယ်”လို့ အိမ်ခြံမြေအကျိုးဆောင် ကိုသူရက ပြောပါ တယ်။
ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် မြင့်တက်လာတာ က ရွှေေ ဈး မြင့်တက်လာတာ၊ အစိုးရက ဘတ်ဂျက်တွေ တချို့စီမံကိန်းတွေအတွက် ချထားပေးတာတွေကြောင့် ဈေးကွက်အတွင်းကို ငွေကြေးဝင်ရောက်လာတဲ့အတွက် အရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာတာဖြစ်တယ်လို့ သိရပါတယ်။
အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက “အရောင်းအဝယ် ပြန်ကောင်းလာတယ်ဆိုပေမယ့် ဈေးနှုန်းကတော့ အရင်ခေါ်ဈေးမရသေးပါဘူး၊ မူလခေါ်ဈေးထက် လျှော့ရောင်းတဲ့ အိမ်ခြံမြေတွေ အရောင်းအဝယ်တွေ ဖြစ်လာတယ်။ ဈေးလျှော့ပြီး ရောင်းနေတဲ့ ကန်ထရိုက်တိုက်တွေလဲ အရောင်းအဝယ် ဖြစ်နေတယ်၊ ဆောက်လုပ်ဆဲ ကွန်ဒိုတွေကလဲ လျှော့ဈေးနဲ့ ရောင်းချတာတွေ၊ အရစ်ကျ ရောင်းချတာတွေအတွက် အရောင်းအဝယ်ဖြစ်လာတယ်” လို့ ပြောပါတယ်။
မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာလည်း တန်ဖိုးမြင့်တဲ့ အိမ်ခြံမြေတွေ အရောင်းအဝယ်မဖြစ်သလောက် နည်းပါးပေမယ့် သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြား အိမ်ခြံမြေတွေကတော့ ပြန်လုပ်ဖြစ်လာတယ်လို့ သိရပါတယ်။
မန္တလေးအိမ်ခြံမြေ ဈေးကွက်အရောင်းအဝယ်အေးနေတာက ၂၀၁၄ ခုနှစ်က စခဲ့ပြီး နောက်ပိုင်းမှာ အမှန်တကယ် ဝယ်ယူမယ့်သူတွေ ဝယ်ယူလာတာေ ကြာင့် ကျပ်သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြား အိမ်ခြံမြေ အရောင်းအဝယ်ေ တွ ပြန်ဖြစ်ထွန်းလာတာပါ။
မန္တလေး အိမ်ခြံမြေ ဈေးကွက်က အရောင်းအဝယ်ပုံစံ ပြောင်းလဲလာပြီး ဝယ်ရောင်းထက် ဝယ်ယူနေထိုင်ဖို့ ဝယ်ယူသူ များပြားလာတယ်လို့ သိရပါ တယ်။
“သိန်း ၁၀၀၀ အောက်မြေကွက်တွေက အိမ်ခြံမြေအရောင်းအဝယ်ဖြစ် လာတယ်၊ အရင်တုန်းက အမြင့်ဈေးတွေနဲ့ ကိုင်ထားတဲ့ အိမ်ခြံမြေတွေလဲ ဒီနှစ်ထဲမှာ ညှိနှိုင်းဈေးနဲ့ ရောင်းချလာကြတယ်ဆိုတော့ အရင်ကထက်တော့ အရောင်းအဝယ် ပိုဖြစ်လာတယ်၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီး တံခွန်မြို့နယ်တွေက အိမ်ခြံမြေတွေကို စိတ်ဝင်စားမှု များပါတယ်။ အရောင်း အဝယ်ဈေးကွက်မှာက ဝယ်ရောင်း ရင်းနှီးမြှုပ်နှံမှုထက် နေဖို့ ဝယ်ယူသူေ တွများတယ်” လို့ မန္တလေး အိမ်ခြံမြေ အကျိုးဆော င်တစ်ဦးက ပြောပါတယ်။
Ref : The Kumudra
Photo Credit : Myanmar Business Today
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties