By The Kumudra, Shweproperty.com
Updated at 16 September 2016
အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်မှာ အဝယ်ဈေးကွက်အေးနေပြီး ဆောက်လုပ်မှုဆိုင်ရာ စည်းကမ်းတွေကလည်း ပြောင်းလဲတင်းကြပ် မှုတွေရှိလာတာကြောင့် လုံးချင်းအိမ် သိန်းသောင်းကဏန်းတန်တွေကို အရောင်းရော၊ အငှါးစာရင်းပါ တင်တာတွေများလာတယ်လို့ သိရပါတယ်။
ဈေးကွက်ထဲမှာ တချို့ အိမ်တွေက လူတောင်မနေရသေးတဲ့ အသစ်တွေ၊ ရေကူးကန်တွေက အစပါဝင်တဲ့ အိမ်ကြီးအိမ်ကောင်းတွေအပြင် တချို့အိမ်တွေက ရုံးခန်းသဘော ဖွင့်လို့ရတဲ့ ဓာတ်လှေကားတွေပါ ပါဝင်တာတွေရှိတယ်လို့ ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးအောင်ကျော်က "သုဝဏ္ဏတို့လို ဗဟန်း၊မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ ဘောက်ထော်တို့လို နေရာတွေကနေ ထွက်တာများတယ်။ တချို့အိမ်တွေဆို အဲလောက်ခမ်းနားမှန်မသိလို့ မြင်ရမှသိရတာ ၊ ဈေးတွေကလဲ သိန်း (၁၀.၀၀၀) တောင်အနည်းဆုံး ရှိတယ်။ ဘယ်လိုလူတွေပိုင်ပြီး ၊ ဘာလို့ဈေးကွက်ထဲ တင်လဲဆိုတာ ပြောမပြတက်ဘူး၊ အကြောင်းအမျိုးမျိုးတော့ ရှိကြမှပါ" လို့ ပြောပါတယ်။
တချို့အိမ်တွေကတော့ ကုမ္ပဏီတွေက ရုံးလုပ်ငန်းတွေအတွက် ငှါးကြတာမျိုးတွေရှိတယ်။တချို့အိမ်တွေရဲ့ အရောင်းဈေးက သိန်း (၁၂,၀၀၀) ၊ သိန်း (၁၅,၀၀၀) ၊ သိန်း (၂၆,၀၀၀) ၊ သိန်း (၃၀,၀၀၀) ကျော်အထိ တန်တဲ့ အဆောက်အအုံတွေ ရှိတယ်လို့ အကျိုးဆောင် တချို့ကပြောပါတယ်။
အကျိုးဆောင်တချို့ကတော့ ဘာလို့ထုတ်ရောင်းကြလဲဆိုတာ မေးခွန်းထုတ်စရာတွေဖြစ်နေတယ်။ ဘာအပြောင်းအလဲတွေရှိလာမလဲ မသိရသေးပေမဲ့ ဈေးကွက်တွင်းမှာ အခုလို အိမ်တွေ ထုတ်ရောင်းလာတာ (၂၀၁၅) ခုနှစ် ဝန်းကျင်ကစပြီး ဈေးကွက်ထဲ ဝင်လာကြ တာလို့ ပြောပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "တချို့ အိမ်တွေမှာ လုံခြုံရေးစနစ်တွေပါပြီးသာတွေရှိတယ် ၊ ငှါးရမ်းခတွေက ဒေါ်လာနဲ့ အငှါး များကြပြီး တချို့က ဒေါ်လာ ၅၀၀၀ ဝန်းကျင်ကနေ ၁၀,၀၀၀ ဝန်းကျင်အထိရှိတယ်။ အများစုကတော့ နိုင်ငံခြားဖက်စပ် ကုမ္ပဏီတွေ၊ နိုင်ငံခြားကုမ္ပဏီတွေများတယ်" လို့ ပြောပါတယ်။
အများစုကတော့ အခွန်စနစ်နဲ့ အိမ်ခြံမြေနဲ့ ဆက်စပ်တဲ့ မူဝါဒဥပဒေတွေ တင်ကျပ်လာတာကြောင့် ဖြစ်နိုင်တယ်လို့ ထင်ကြေးပေး သုံးသပ်ကြတာတွေလည်း ရှိပါတယ်။
Ref : The Kumudra
Photo Credit : helpgoabroad
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties