By Myanmar Builders Guide, Shweproperty.com
Updated at 18 March 2019
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းနှင့် ဗိုလ်မင်းရောင်လမ်းကြားတွင် တည်ရှိသည့် စီးပွားရေးအဆောက်အအုံ(Shopping Mall, Hotel, Office Tower)များ ပါဝင်သည့် စီမံကိန်းဖြစ်ပါသည်။
စီမံကိန်းပထမအဆင့်အဖြစ် တည်ဆောက်မည့် Shopping Mall သည် ဧရိယာစတုရန်းပေ(၉၀၀,၀၀၀)ကျော်ရှိသည့် (၈)ထပ် RC အဆောက်အအုံဖြစ်ပြီး မြေအောက်ထပ်တွင် စားသောက်ဆိုင်များ၊ မြေညီထပ်မှ စတုတ္ထထပ်အထိ ဈေးဆိုင်ခန်းများ၊ ပဉ္စမထပ် နှင့် ဆဋ္ဌမထပ်အထိမှာ ရုံးခန်းနှင့် ပစ္စည်းသိုလှောင်ခန်းများ ပါဝင်ပါသည်။ ဆိုင်ခန်းတစ်ခန်းလျှင် ဧရိယာစတုရန်းပေ(၂၀၀) မှ (၄၀၀) ဝန်းကျင် အကျယ်အဝန်းဖြင့် ဖွဲ့စည်းထားပါသည်။
Shopping Mall အတွင်း ရောင်းဝယ်ဖောက်ကားသူများ ကျယ်ပြန့်စွာနှင့် လေဝင်လေထွက်ကောင်းမွန်စွာ ရရှိနိုင်ရန် Floor height (၁၉)ပေ အမြင့်နှင့် လျှောက်လမ်း(Corridor) များကို (၁၄)ပေ မှ (၁၇)ပေ အကျယ်ထိ ဖွဲ့စည်းထားပြီး Water Cooled Chiller စနစ်သုံး Airconditioning စနစ်များ ၊ နိုင်ငံတကာအဆင့်မီ မီးဘေးကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး စနစ်များ ဖြစ်သော Fire House reel system, Fireman Lift များအပြင် ပြည့်စုံလုံလောက်သော အရေးပေါ်ထွက်ပေါက်များ ၊ လှေကားများ ၊ ၂၄ နာရီ CCTV နှင့်လုံခြုံရေးစနစ်များ ပါဝင်ပါသည်။
Shopping Mall တွင် Schindler အမှတ်တံဆိပ်(၁.၆)တန် ကုန်တင် ဓာတ်လှေကား(၁၀)စင်းကို ဇုန်(၄)ဇုန်ခွဲ၍ ကုန်တင် ကုန်ချ လွယ်ကူစေရန် စီစဉ်ထားရှိပြီး (၁၅)ယောက်ဆံ့ လူစီးဓာတ်လှေကား(၃)စင်း နှင့် ရွေ့လျားစက်လှေကား (၂၀)စင်းပါဝငါပါသည်။ ၎င်းအပြင် မော်တော်ယာဉ်အစီးရေ (၆၀၀)ကျော် ရပ်နားနိုင်မည့် ကားပါကင် အဆောက်အအုံ တစ်ခုလည်း ပါဝင်မည်ဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် 25MVA ဓာတ်အားခွဲရုံ တစ်ခု တည်ဆောက်၍ ဓာတ်အားရယူသွားမည်ဖြစ်ပြီး Standby Generator များလည်း တပ်ဆင်ပေးသွားပါမည်။
အဝတ်အထည်များ၊ အလှကုန်များ၊ လျှပ်စစ်ပစ္စည်းများကို လက်လီ လက္ကား ရောင်းချသွားနိုင်မည်ဖြစ်ပြီး ငွေကြေးလုပ်ငန်းများ လျှင်မြန် လွယ်ကူစေရန်အတွက် ဘဏ်များလည်း ပါရှိမည် ဖြစ်ပါသည်။
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ လိပ်စာများနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းပြီး မေးမြန်းနိုင်ပါသည်။
DEVELOPER- GA MONE PWINT CO.,LTD.
TEL : 01-524963, 01-526928, 01-516533~6
အမှတ်(၂၄၅)၊ ဗားကရားလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties