By The Modern, Shweproperty.com
Updated at 3 July 2015
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တည်ဆောက်တဲ့ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ အခန်းဝယ်ယူထားသူတွေကို သည်လအတွင်း အခန်းအပ်နှံမယ်လို့ သိရပါတယ်။
မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက ပထမက ဇွန်လ အတွင်းအပ်မယ်လို့ သတင်းစာမှာ ကြေငြာထားတာ၊ မီးလွှတ်ပေးတာကို စောင့်နေတာ၊ မီလွှတ်တာနဲ့ စအပ်မယ်၊ သည်လထဲမှာ အခန်းအပ်မယ်လို့ ပြောပါတယ်။
မြောက်ဒဂုံ၊ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတည်ဆောက်မှုက (၁၀၀) ရာခိုင်နှုန်းပြီးနေပြီ ဖြစ်ပါတယ်။ လျှပ်စစ်မီတာနဲ့ မီးတပ်ဆင်မှုအားလုံး ပြီးစီးနေပြီလို့ ဆိုပါတယ်။
တိုက်ခန်းတန်ဖိုး အကျေချေပေးပြီးတဲ့ လူတွေကို တိုက်ခန်းပိုင်ဆိုင်မှု စာချုပ်နဲ့အတူ တိုက်ခန်းကိုပါ အပ်နှံမှာ ဖြစ်ပါတယ်။
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာက ပရီကတ်စနစ်(ကြိုတင်အားဖြည့် ကွန်ကရစ်)နဲ့ တည်ဆောက်တာဖြစ်လို့ နံရံပိုင်းမှာ ပိုမိုခိုင်ခံ့မှုနဲ့ ပေါ့ပါးမှုရှိတယ်လို့ ဆိုပါတယ်။
ဓါတ်လှေကားပါတဲ့ (၈) ထပ်အမြင့် လူနေအိမ်ရာ ဖြစ်ပြီး စုစုပေါင်း အခန်းအရေအတွက် (၆၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။
တိုက်ခန်းတွေကို အရစ်ကျငွေ ပေးချေမှုစနစ်နဲ့ ရောင်းချတာ ဖြစ်ပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties