By 7daydaily, Shweproperty.com
Updated at 2 May 2017
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိ ဗိုလ်ဗထူးတန်းဖိုးမျှတအိမ်ရာအပိုင်း (၂) မှ တိုက်ခန်းများကို မကြာမီရောင်းချပေးမည်ဖြစ်၍ တိုက်ခန်းများအတွက် လျှောက်လွှာများ စတင်ဝယ်ယူနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)က မေလ ၁ ရက်စွဲဖြင့် ထုတ်ပြန်သည်။ သို့ရာတွင် စတင်ရောင်းချမည့် အချိန်ကာလကိုမူ အတိအကျကြေညာထားခြင်း မရှိပေ။
YCDC က တာဝန်ယူတည် ဆောက်နေသော ဒဂုံမြို့သစ် မြောက်ပိုင်း ဗိုလ်ဗထူးလမ်းရှိ အပိုင်း (၂)သည် မကြာမီပြီးစီးတော့မည်ဖြစ်၍ အများပြည်သူသို့ မကြာမီရောင်းချရန် စီစဉ်နေခြင်း ဖြစ်သည်။
ဗိုလ်ဗထူးအိမ်ရာအပိုင်း (၂) တွင် လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၇ လုံး၊ အခန်းစုစုပေါင်း ၈၆၄ ခန်းပါ ဝင်မည်ဖြစ်၍ လျှောက်ထားလိုသူသည် အစိုးရဝန်ထမ်းဖြစ်ပါက လုပ်သက် နှစ်၂၀ ကျော်ရမည်ဖြစ်ကာ အမှန်တကယ်နေထိုင်မည့်သူဖြစ်ကြောင်း အထက်လူကြီး၏ ထောက်ခံချက်ပါရမည် ဖြစ်သည်။
ပြင်ပမှ ဝယ်ယူမည်ဆိုပါက နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင် ထားသူဖြစ်၍ အိမ်ထောင်ဦးစီး ဖြစ်ရမည်ဟု သတ်မှတ်ထား သည်။ လျှောက်ထားမည့်သူ၏ မိသားစုလစဉ်ဝင်ငွေသည် ကျပ်သုံး သိန်းနှင့်အထက် ရှိရမည်ဖြစ်၍ တိုက်ခန်းကို ဝယ်ယူခွင့်ရရှိပါက ငါးနှစ်အတွင်း ပြန်လည်ရောင်းချ ခွင့်ရှိမည်မဟုတ်ပေ။
လျှောက်ထားသူများသည် ပထမအသုတ်ဖြစ်သည့် ဗိုလ်ဗထူး နှင့် ဗိုလ်မင်းရောင်အိမ်ရာအပိုင်း ၁ တွင် ဝယ်ယူသူများ မဖြစ်ရန် လိုအပ်ကြောင်း သတ်မှတ်ထားသည်။
ဗိုလ်ဗထူးအိမ်ရာ တိုက်ခန်း များသည် ၉၂၇ စတုရန်းပေ၊ ၈၂၇ စတုရန်းပေ၊ ၆၁၄ စတုရန်းပေ၊ ၅၁၄ စတုရန်းပေဟူ၍ အကျယ်အဝန်း အမျိုးအစားလေးမျိုးရှိသည်။
အကျယ်အဝန်းပေါ်မူတည် ၍ တိုက်ခန်းများ၏ တန်ဖိုးကို ကျပ်သိန်း ၂၆၀ ကျော်မှ သိန်း ၃၇၀ ကျော်အထိ ရောင်းချရန် ကနဦးသတ် မှတ်ထားသည်။
ဝယ်ယူလိုသူများ အနေဖြင့် အရစ်ကျစရိတ် (သို့မဟုတ်) ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
ဗိုလ်ဗထူးတန်ဖိုးမျှတအိမ် ရာအပိုင်း (၁) ရောင်းချစဉ်တွင် အများစုက စိတ်ဝင်စားမှု ရှိခဲ့၍ အပိုင်း (၂) ကို ဝယ်ယူလိုသည့်ပမာဏ များပြားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခန့်မှန်းထားသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties