By Po Po Myint Mon, Shweproperty.com
Updated at 6 January 2016
ဗိုလ်မင်းရောင်တန်ဖိုးနည်းအိမ်ရာက တိုက်ခန်းဝယ်ထားတဲ့ သူတွေထဲက ငွေသွင်းတဲ့ပမာဏများတဲ့ သူတွေကို သည်လထဲမှာ အိမ်ခန်းအပ်ဖို့ ဆောင်ရွတ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက "ဗိုလ်မင်းရောင်အိမ်ရာက ငွေသွင်းများတဲ့ အလုံးတွေကို ဦးစားပေးတည်ဆောက်ပြီး (BCC)ကျတာနဲ့ အိမ်ခန်းအပ်သွားမယ်"လို့ ပြောပါတယ်။
ဗိုလ်မင်းရောင်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းက (၂၀၁၅) ခုနှစ် ဇူလိုင်လမှာ အခန်းအပ်ဖို့လျာထားပေမဲ့ သည်နှစ်ဘတ်ဂျက်အပြီး တည်ဆောက်ဖို့ နောက်ဆုတ်ထားတာ ဖြစ်ပါတယ်။
လက်ရှိဗိုလ်မင်းရောင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းက တည်ဆောက်မှု (၈၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး မီးစနစ်နဲ့ ဓါတ်လှေကားတပ်ဆင်ဖို့ ကျန်နေတာဖြစ်ပါတယ်။
အိမ်ရာရောင်းချတဲ့စနစ်က လက်ငင်ငွေချေစနစ်နဲ့ ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျငွေပေးချေတဲ့ စနစ်နှစ်မျိုးနဲ့ ရောင်းချခဲ့ပါတယ်။ တိုက်ခန်းတွေကို ကျပ်သိန်း (၂၅၀) နဲ့ (၃၅၀) ကြား ရောင်းချခဲ့တာဖြစ်ပါတယ်။
ဗိုလ်မင်းရောင်အိမ်ရာက ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ (၄၂) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနဲ့ ဦးရွှေကြူးလမ်းမကြားမှာ တည်ရှိပါတယ်။ သည်အိမ်ရာစီမံကိန်းက လူနေအခန်းပေါင်း (၈၀၀) ပါရှိတဲ့ စီမံကိန်းဖြစ်ပါတယ်။
Written By : Po Po Myint Mon
Photo Credit : construction-property
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties