By EMG, Shweproperty.com
Updated at 7 January 2014
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ဆောက်လုပ်နေသော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ ဝယ်ယူခွင့်အတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတိုက်ခန်းများကို အရစ်ကျဝယ်ယူမှုနှင့် ဘဏ်ချေးငွေဖြင့် ဝယ်ယူမှုစသည့် နည်းလမ်းနှစ်မျိုးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်ချေးငွေမှာ အနည်းဆုံး လေးနှစ်ပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
အရစ်ကျဖြင့် ဝယ်ယူမှုအတွက် တိုက်ခန်းတစ်ခန်းအတွက် စာချုပ်ချုပ်ဆိုသည့်အချိန်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ ဒုတိယထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ စတုတ္ထထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ ဆဋ္ဌမထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ တိုက်အမိုးမိုးပြီးချိန်တွင် ၁၅ ရာခိုင်နှုန်းနှင့် တိုက်ခန်းအားအပ်နှံသည့်အချိန်တွင် ၁၀ ရာခိုင်နှုန်းသို့ ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဘဏ်ချေးငွေဖြင့် ဝယ်ယူမည်ဆိုပါက U ၆၀၀ အမျိုးအစား၏ Type A မှ ၆၁၄ စတုရန်းပေရှိသည့် အခန်းတန်ဖိုးကျပ် ၂၅၅ သိန်းအား ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း၊ (Bank Commision Chgarge) ၁ ရာခိုင်နှုန်း၊ ပထမနှစ်ဘဏ်တိုး ၉ ရာခိုင်နှုန်းတို့ပေါင်း၍ စုစုပေါင်း ၄၀ ရာခိုုင်နှုန်းအား စာချုပ်ချုပ်ဆိုသည့်အချိန်တွင် ပေးချေရမည်ဖြစ်ပြီး၊ ဒုတိယနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ တတိယနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ စတုတ္ထနှစ်ဘဏ်တိုး ၅ ရာခိုင်နှုန်းနှင့် လစဉ်ပေးသွင်းငွေ (၄၈လအတွက်) တစ်လလျှင် ၃၇၁၈၇၅ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုနှင့် ဘဏ်တိုးများ တည့်တွက်လိုက်ပါက တိုက်ခန်း၏ စုစုပေါင်းကုန်ကျငွေမှာ ကျပ် ၃၀၀၃၉၀၀၀ (ကျပ်သိန်းသုံးရာကျော်) ကျသင့်မည်ဟု ထုတ်ပြန်ထားသည်။
ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းကို လျှောက်ထားလိုသူများအနေဖြင့် အစိုးရဝန်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး ၂၀ နှစ်ရှိရမည်ဖြစ်ပြီး အမှန်တကယ်နေထိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး အခြားပြင်ပမှ လျှောက်ထားသူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူ အိမ်ထောင်ဦးစီး ဖြစ်ရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားသူ၏ မိသားစုလစဉ်ဝင်ငွေသည် အနည်းဆုံးကျပ်သုံးသိန်းရှိရမည်ဟု သတ်မှတ်ထားပြီး ဇန်နဝါရီ ၁ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာန၏ ဌာနမှူးထံသို့ ကိုယ် တိုင်လက်ရေးမူ လျှောက်လွှာဖြင့် လျှောက်ထားရမည်ဟု ထုတ်ပြန်ထားသည်။
"အမှန်တကယ် နေအိမ်လိုအပ်တဲ့သူတွေကိုပဲ ရောင်းချပေးသွားမှာပါ။ အဲဒီအတွက် လျှောက်ထားမယ့်မိသားစုက လစဉ်ဝင်ငွေ အနည်းဆုံး ကျပ်သုံးသိန်းရှိမယ်။ အကယ်၍ ဆွေမျိုးများပါတဲ့ မိသားစုဝင်တွေ နေထိုင်ဖို့ဝယ်မယ်ဆိုရင်တော့ စုစုပေါင်းလစဉ်ဝင်ငွေ ကျပ်ခုနစ်သိန်းရှိရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ခိုင်လုံတဲ့အထောက်အထားတွေ တင်ပြရမှာ ဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး ပြောကြားသည်။
ဝယ်ယူမည့်တိုက်ခန်းများအား ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရန်နှင့် ငါးနှစ်ကျော်လွန်၍ ရောင်းချလိုပါက စည်ပင်သို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှာ လွှဲပြောင်းရောင်းချခွင့် ရရှိမည်ဟုလည်း ထုတ်ပြန်ထားသည်။
ယင်းသို့ရောင်းချမည့် အိမ်ရာဈေးနှုန်းများနှင့်ပတ်သက်၍ အများပြည်သူအချို့အကြား ဝေဖန်မှုများရှိနေပြီး ဒဂုံမြို့သစ်မြောက်ပိုင်းလိုနေရာမျိုး၌ ကျပ် ၂၃၇ သိန်းရှိသည်ဆိုခြင်းမှာ များပြားသည့်ဈေးနှုန်းဖြစ်ပြီး သင်္ဃန်းကျွန်း၊ သာကေတစသည့်မြို့တွင်းနှင့် နီးစပ်သောနေရာများ၌ပင် ယင်းဈေးနှုန်းထက်ပင် သက်သာသောတိုက်ခန်းများ ရရှိနိုင်ပြီး အိမ်ရာလိုအပ်နေသော အခြေခံလူတန်းစားများ လက်လှမ်းမမီသော ဈေးနှုန်းများ ဖြစ်နေသည်ဟုလည်း သုံးသပ်နေကြသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties