By kumudra, Shweproperty.com
Updated at 6 June 2014
ဗိုလ်ချပ်ဈေး နဝရတ်ဈေးရုံအတွင်းက ငှားရမ်းခဈေးနှစ်ဆ မြင့်တက်လာတယ်လို့ သိရပါတယ်။
ဒီနှစ်အတွင်းမှာပဲ ဆိုင်ခန်းငှားခတွေ နှစ်ဆလောက်တက်တယ်၊ ဆိုင်ခန်းလည်းရှားတယ်၊ လုပြီးငှားနေရတဲ့ အခြေအနေဖြစ်နေတယ် လို့ ဗိုလ်ချုပ်ဈေး နဝရတ်ရုံအတွင်းမှ ကျောက်စိမ်းပန်းပုဆိုင်ပိုင်ရှင်ဦးလွင်နိုင်ဦးကဆိုပါတယ်။
ဗိုလ်ချုပ်ဈေး နဝတ်ရတ်ရုံအတွင်းက ဆိုင်ခန်းငှားတွေ ခြောက်လလောက်အတွင်းမှာ ငှားရမ်းခ နှစ်ဆမြင့်တက်လာတာဖြစ်တယ်လို့် သိရပါတယ်။ ယခင်က တစ်လ က ကျပ်တစ်သိန်းခွဲဝန်းကျင် ဆိုင်ခန်းတွေက ယခုနှစ်မှာ ကျပ်သုံးသိန်းကျော်အထိ မြင့်တက်သွားခဲ့ပါတယ်။ဆိုင်ခန်းအကျယ်တွေကတော့ ငါးပေပတ်လည်၊ လေးပေပတ်လည်ဆိုင်ခန်းတွေ ဖြစ်ပါတယ်။ ဆိုင်ခန်းအကျယ်အဝန်းနဲ့ နေရာအနေအထားပေါ် မူတည်ပြီးဈေးနှုန်းကွာဟချက်ရှိတယ်လို့ သိရပါတယ်။
ငှားရမ်းတဲ့ ဆိုင်ခန်းရှားပါးလာတဲ့ အတွက်ဆိုင်ခန်းတွေကို လုငှားနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ ဆိုင်ခန်းတစ်ခန်းကို ငှားရမ်းထားတဲ့သူရှိတာတောင် စရန်ချငှားရမ်းတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ဈေးဆိုင်ခန်းတွေက လုငှားနေရတာ၊ ဆိုင်ရှင်ကဈေးပိုတောင်းလို့ ဆိုင်ငှားကအင်တင်တင် လုပ်လိုက်ရင် သူများဆီပါသွားရော၊ မူလို့မရတဲ့အပြင် ထွက်နေတဲ့သူရှိတာတောင် လုပြီးငှားတာ၊ ဆိုင်ရှင်ကိုသိသိသာသာ ပိုပေးလိုက်ရင် ဆိုင်ရှင်ကလဲစကားမပြောတော့ဘူး နောက်လူကိုငှားလိုက်တော့တာပဲ လို့ ဦးလွင်နိုင်ဦးက ဆိုပါတယ်။
ဗိုလ်ချုပ်ဈေးဟာ နိုင်ငံခြားသားတွေ အများဆုံးလာရောက်တဲ့နေရာ ဖြစ်တဲ့အပြင် မြို့တွင်းခြောက်မြို့နယ်ထဲ ပါဝင်တာကြောင့်လူစိတ်ဝင်စားမှုရှိတဲ့ နေရာလည်းဖြစ်တယ်လို့ အကျိုးဆောင်တွေကဆိုပါတယ်။ ဒါ့အပြင် အထည်၊ ရွှေ၊ ကျောက်မျက်၊ ရှေးဟောင်းပစည်းစတဲ့ ဈေးကွက်ပေါင်းစုံရှိတဲ့ ဆိုင်ခန်းအများစုက ဘိုးဘွားပိုင်ဆိုင်ခန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
စကော့ဈေးမှာရှိတာက မျိုးရိုးစဉ်ဆက်ရောင်းဝယ်ကြတာများပါတယ်၊ အငှားရှားတဲ့အတွက် ဈေးလဲ တဖြည်းဖြည်းနဲ့ မြင့်လာတာ၊နေရာအနေအထားပေါ် မူတည်ပြီး ဈေးကွာတယ် လို့ အကျိုးဆောင် ဦး Billar က ဆိုပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties