By myanmar property, Shweproperty.com
Updated at 11 June 2013
လက်ရှိ ဗိုလ်ချုပ်ဈေးသစ်မြေနေရာ၌ အမြွှာမျှော်စင်အဆောက်အအုံ (Twin Tower) အပါအဝင် အထပ်သုံးဆယ်ကျော်အထိ မြင့်သော အဆောက်အအုံသုံးလုံးကို တည်ဆောက်မည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)’မှ သတင်းရရှိသည်။
အဆိုပါ ဗိုလ်ချုပ်ဈေးသစ် မြေနေရာမှာ ပျမ်းမျှ ၆.၅၂၅ ဧက ကျယ်ဝန်းပြီး တည်နေရာ အချက်အချာကျ၍ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်လေ့လာမှု များသောကြောင့် နိုင်ငံတကာ အဆင့်မီစေရန်အတွက် အဆောက်အအုံများဖြင့် အဆင့်မြှင့်တည်ဆောက်ရခြင်း ဖြစ်ကြောင်း သိရသည်။
“မြေနေရာလည်း ကောင်းတယ်၊ ပြည်ပ ဧည့်သည်တွေကလည်း မြို့ထဲရောက်ရင် ဗိုလ်ချုပ်ဈေးကိုပဲ ဝင်ရောက်လေ့လာတယ်၊ ဒါကြောင့် ဟိုတယ်ရော၊ Residential Tower ရောပူးတွဲတည်ဆောက်တာပါ၊ ဗိုလ်ချုပ်ဈေးသစ်ကို အဆင့်မြှင့်တဲ့ သဘောဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)မှ ဌာနမှူးက ပြောသည်။
တည်ဆောက်သွားမည့် အဆောက်အအုံ သုံးလုံး၌ ကွန်ဗင်းရှင်းစင်တာ ပါဝင်မည့် အထပ် ၃၂ ထပ်မြင့် ဟိုတယ် အဆောက်အအုံတစ်လုံးနှင့် အထပ် ၃၄ ထပ်အမြင့်အထိ တည်ဆောက်သွားမည့် အမြွှာညီနောင် Residential Twin Tower အဆောက်အအုံ နှစ်လုံး ပါဝင်မည်ဖြစ်သည်။ အဆိုပါ အဆောက်အအုံများကို ဇွန် ၁၁ ရက်တွင် သဘောတူလက်မှတ်ရေးထိုးကာ စတင်တည်ဆောက်မည် ဖြစ်ပြီး အဆောက်အအုံများ၏ မြေညီထပ်တွင် ယခင်ဗိုလ်ချုပ်ဈေးသစ် ဆိုင်ခန်းများမှ ဆိုင်ရှင်များအား မူလအတိုင်းရောင်းချစေမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုလက်ရှိရောင်းချလျက်ရှိသော ဈေးဆိုင်ခန်း ၄၃၆ ခန်းမှ ဆိုင်ရှင်များကို ဗိုလ်ချုပ်ဈေးသစ် တည်ဆောက်စဉ် ကာလအတွင်း ယာယီဈေးအဖြစ် အသုံးပြုနိုင်ရန် ရွှေတိဂုံဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ မြေနေရာ၌ ဗိုလ်ချုပ်ဈေးသစ် (ယာယီ)ကို တည်ဆောက်လျက်ရှိပြီး ဇွန် ၁၀ ရက်တွင် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ရှိသော Twin Tower အဆောက်အအုံများမှာ အထပ်မြင့် နှစ်ဆယ်ကျော်သာရှိပြီး ယခုဆောက်လုပ်မည့် Twin Tower မှာအထပ်အမြင့်ဆုံးဖြစ်လာနိုင်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)’မှ အကြီးတန်းအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။
Ref: Myanmar Property
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties