By Myanmar Times, Shweproperty.com
Updated at 8 May 2017
ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်း ပေါ်ရှိ ဗိုလ်ချုပ်ဈေးသစ်၏နေရာတွင် ရွှေတောင်ဖွံ့ဖြိုးတိုး တက်မှု ကုမ္ပဏီ နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီတို့ပူးပေါင်း၍ အထပ်မြင့် အဆောက်အအုံ တည်ဆောက်မည့် အခြေအနေများကြောင့် ဗိုလ်ချုပ် ဈေးသစ်၏ ဆိုင်ခန်း ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်ခဲ့ပြီး ဆိုင်ခန်း များအား ဝယ်ယူလိုသူများခဲ့သော် လည်း ဆိုင်ခန်းပိုင်ရှင်များ၏ ပြန်လည် ရောင်းချခြင်းနည်းပါးခဲ့ကြောင်း ဗိုလ်ချုပ်ဈေးသစ်၏ဈေးသာယာ ရေးအဖွဲ့မှ တာဝန်ရှိသူများက မြန်မာတိုင်း(မ်) သို့ လွန်ခဲ့သည့်သီတင်းပတ်က ပြော သည်။
"ဒီဈေးသစ်ကိုပြန်ပြင်ဆောက်မယ်ဆိုတာ ၂၀၁၂ ခုနှစ်ကတည်းက အသံထွက်ခဲ့တာပါ။ ကျွန်တော် တို့ကိုလည်း စည်ပင်သာယာက ခေါ်မေးပါတယ်။ ပြန်လည်ပြင်ဆင်မယ်ဆိုရင် ဘယ်လိုသဘောရ သလဲပေါ့။ ကျွန်တော်တို့ ဈေးသူဈေးသားတွေကလည်း လက်မခံ စရာ အကြောင်းမရှိပါဘူး၊ ဒါပေမဲ့ ဘယ်အချိန်မှာ ဘယ်ကုမ္ပဏီနဲ့ ပြန်ဆောက်မယ်ဆိုတာ မသိသေးဘူး၊ ဒါပေမဲ့ အဲဒီအချိန်ကတည်း က ဈေးတွေ က စတက်နေခဲ့တယ်။ တချို့ဆိုင်တွေ က ရောင်းကြတယ်။ အဲဒီအချိန်မှာ ရှစ်ပေပတ် လည် ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်းလေးငါးဆယ်ကနေ သိန်း၈၀၊ ၁၀၀ ဖြစ်သွားတယ်။ နောက်ပိုင်း ကျွန်တော်တို့ ယာယီဈေးဘက်ကို လည်း ပြောင်းတဲ့အချိန်မှာ ဆိုင်ခန်း ဈေးက တစ်ခန်းကို သိန်း ခြောက်ရာလောက်ထိဈေးပေါက်နေပါတယ်" ဟု ဗိုလ်ချုပ်ဈေးသစ် ဈေးသာယာရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးစိုးဝင်းက မြန်မာတိုင်း(မ်)သို့ ပြောသည်။
ထိုကဲ့သို့ ဆိုင်ခန်းဈေးများမြင့်တက်လာသော်လည်း ဆိုင်ခန်းပိုင်ရှင် များမှာ ဈေးအမြင့်ဖြင့် ဝယ်ယူ မည့်သူများအား စိတ်ဝင်စားမှု နည်းပါးသည့်အတွက် လက်ရှိဗိုလ်ချုပ်ဈေးသစ်၏ ဆိုင်ခန်းအရောင်း အဝယ်မှာ အေး လျက်ရှိကြောင်း ၎င်းကပြောသည်။
Ref & Photo Credit : Myanmar Times
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties