By Kumudra, Shweproperty.com
Updated at 28 August 2017
ဗိုလ်မှူးဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း အပိုင်း(၂ )အိမ်ခန်းတွေကိုဝယ်ယူဖို့လျှောက်လွှာစောင်ရေ ၅၀ဝ၀ ကျော် ရှိသွားပြီဖြစ်တာကြောင့် မဲဖောက်ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။
မြောက်ဒဂုံမြို့နယ်မှာတည်ရှိတဲ့ ဗိုလ်မှူးဗထူးအိမ်ရာအပိုင်း(၂)မှာ လေးခန်းတွဲရှစ်ထပ်တိုက် ၂၇ လုံးရှိပြီး အခန်းစုစုပေါင်း ၈၆၄ ခန်းပါရှိတယ်လို့ သိရပါတယ်။ လျှောက်ထားသူတွေများပြားနေတာကြောင့် မဲဖောက်ရောင်းချသွား မှာဖြစ်တယ်လို့ သိရပါတယ်။
မဲဖောက်ရောင်းချတာကို စက်တင်ဘာ ၇ ရက်မှာအစိုးရဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္မဏီဝန်ထမ်းတွေကို မြို့တော်ခန်းမမှာမဲဖောက်ရောင်း ချမှာဖြစ်ပြီး အများပြည်သူကို စက်တင်ဘာ ၈ ရက်မှာရောင်းချမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတင်း ထုတ်ပြန်ကြောင်းသိရပါတယ်။
ဗိုလ်မှူးဗထူးအိမ်ရာ တိုက်ခန်းတွေဟာ ၅၁၄ စတုရန်းပေ၊ ၆၁၄ စတုရန်းပေ၊ ၈၂၇ စတုရန်းပေ၊ ၉၂၇ စတုရန်းပေ အကျယ်အဝန်းပုံစံလေးမျိုး ရှိတယ်လို့သိရပါတယ်။ အကျယ်အဝန်းပေါ်မူတည်ပြီးတော့ တိုက်ခန်းဈေးကိုကျပ်သိန်း ၂၆၀ ကျော်ကနေ သိန်း ၃၇၀ ကျော်အထိရောင်းချဖို့ ကနဦးသတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဝယ်ယူသူတွေအနေနဲ့ အရစ်ကျစနစ် သို့မဟုတ် ဘဏ်ချေးငွေနဲ့ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties