By The Mirror, Shweproperty.com
Updated at 9 November 2017
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုချက်နှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်Myanmar V-Pile ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်လျက် ရှိသော မြေနေရာဧရိယာ ၁၄ ဒသမ ၈၉ ဧကပေါ်၌ ဆောက်လုပ်နေသည့် ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံ ကိန်း(ဒုတိယအဆင့်)ရှိ နေအိမ်တိုက်ခန်းများကို မဲဖောက် ရောင်းချပေးခဲ့ပြီး ဖြစ်သောကြောင့် ဝယ်ယူခွင့်ရရှိသူများ သည် နေအိမ်တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းအား ပေးသွင်းနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။
အဆိုပါ နေအိမ်တိုက်ခန်း ဝယ်ယူခွင့်ရရှိသူများသည် နေအိမ်တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းအား အောက် တိုဘာ ၁၇ ရက်မှ စတင်၍ ပေးသွင်းနိုင်ပြီဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက်ထိ နောက်ဆုံးထား အပြီးပေးချေရမည်ဖြစ်ကြောင်း၊ အဆိုပါ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယ အဆင့်)ရှိ နေအိမ်တိုက်ခန်းများ ဝယ်ယူခွင့်ရရှိသူများ စာရင်းအား အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဆယ် ထပ်ရုံးမြေညီထပ်၌ အောက်တိုဘာ ၃ ရက်က အသိပေး ကြေညာထားပြီးဖြစ်ပြီး သတ်မှတ်ကာလအတွင်း ငွေစတင် ပေးသွင်းမှုမရှိသည့် နေအိမ်တိုက်ခန်းများ ဝယ်ယူခွင့်ကို ပယ်ဖျက်၍ အရန်စာရင်းကြီးစဉ်အရ ဆက်လက်ရောင်းချ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အသိပေးကြေညာထားသည်။
အဆိုပါ တန်ဖိုးငွေကျပ် ဘီလီယံ ၃ဝ ခန့် ကုန်ကျ ဆောက်လုပ်မည့် ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း (ဒုတိယအဆင့်)မှာ လက်ရှိလူနေထိုင်နေကြပြီဖြစ်သော ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ပထမအဆင့်)အနီး၌ ဆောက်လုပ်နေခြင်းဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းထောင့် ဆုံရာနေရာ၌ တည်ရှိသည်။
ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယ အဆင့်)၌ အိမ်ခန်း စတုရန်းပေ ၉ဝဝ အကျယ် အဝန်းရှိ အထပ်မြင့် ရှစ်ထပ်တိုက်အဆောက်အအုံ ၁၉ လုံးနှင့် အိမ်ခန်း စတုရန်းပေ ၆ဝဝ အကျယ်အဝန်းရှိ အထပ်မြင့် ရှစ်ထပ်တိုက်အဆောက်အအုံ ရှစ်လုံးတို့ကို ဆောက်လုပ်မည်ဖြစ်ပြီး စုစုပေါင်း အဆောက်အအုံ ၂၇ လုံး ဆောက်လုပ်သွားမည်ဖြစ်ကာ အိမ်ခန်းပေါင်း ၈၆၄ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအနေအထားအရ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယအဆင့်)၏ ပိုင်ရိုက်ခြင်းနှင့် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။ အခန်းများ၏ ရောင်းဈေးအနေဖြင့် စတုရန်း ပေ ၆ဝဝ ရှိ အခန်းအား ငွေကျပ် ၂၆၇ သိန်းနှင့်၂၈၅ သိန်းဖြင့်လည်းကောင်း၊ ပေ ၉ဝဝ စတုရန်းရှိအခန်းအား ငွေကျပ် ၃၅၉ သိန်းနှင့် ၃၇၇ သိန်းဖြင့်လည်းကောင်း ရောင်းချပေးထားပြီး အခန်းဝယ်ယူခွင့်ရရှိသူများသည် အခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ဝယ်ယူပြီး နှစ်လအတွင်း အပြီးသတ် ငွေပေးသွင်းရန် သတ်မှတ်ထားကြောင်း သိရ သည်။
လက်ရှိစီမံကိန်းဆောင်ရွက်နေသော ဗိုလ်ဗထူးတန်ဖိုး မျှတအိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှ တိုက်ခန်းများအား ဝယ်ယူနေထိုင်ကြသည့် ပြည်သူများ ခေတ်မီစွာနေထိုင်နိုင် ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်း လုပ်ငန်းခွင်မှ စုံစမ်းသိရသည်။
Ref & Photo Credit : The Mirror
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties