By 7daydaily, Shweproperty.com
Updated at 15 November 2016
ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီက တည်ဆောက်ရောင်းချသည့် ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှ အခန်းဝယ်ယူထားသူ များကို ဒီဇင်ဘာပထမပတ်တွင် အခန်းအပ်နှံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဗိုလ်မင်းရောင်အိမ်ရာသည် မြောက်ဒဂုံမြို့နယ်တွင် တည်ရှိပြီး အခန်းပေါင်း ၃၀၀ ကျော် ပါဝင် သည်။
အောင်မြင်တိုးတက် ဆောက်လုပ်ရေးကုမ္ပဏီနှင့် ရန်ကုန်မြို့တော်စည်ပင်တို့ ပူးပေါင်းတည်ဆောက်သည့် အဆိုပါအိမ်ရာစီမံကိန်းက အခန်းဝယ်ယူ ထားသူများအား ဒီဇင်ဘာပထမပတ်အတွင်း အခန်းအပ်နှံမည်ဖြစ်သောကြောင့် တိုက်ခန်းဖိုးငွေ ပေးချေရန်ရှိသူများ လာရောက်ပေးသွင်းရန် သတင်းထုတ်ပြန် ထားသည်။
အခန်းပေါင်း ၃၀၀ ကျော် ပါဝင်သည့် အဆိုပါအိမ်ရာစီမံ ကိန်းကို ၂ နှစ်ကျော်အတွင်း အပြီးသတ် တည်ဆောက်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အိမ်ရာစီမံကိန်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက တည်ဆောက် သည့် ဒုတိယမြောက် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းလည်းဖြစ်သည်။
ယင်းအိမ်ရာစီမံကိန်းမှ အခန်းများကို ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၄ က ဝယ်ယူလိုသူအရေအတွက် များပြားသော ကြောင့် မဲဖောက်သည့်စနစ်ဖြင့် ရောင်းချခြင်းဖြစ်သည်။
ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာ အခန်းဈေးနှုန်းများသည် အကျယ်အဝန်းပေါ်မူတည်၍ ပုံစံ(အေ) ၉၂၇ စတုရန်းပေ အခန်း အတွက် ကျပ် ၃၄၇ သိန်း၊ ပုံစံ(ဘီ) ၈၈၇ စတုရန်းပေအတွက် ကျပ် ၃၂၉ သိန်း၊ ပုံစံ(ဘီ) ၆၁၄ စတုရန်းပေ အခန်းအတွက် ကျပ်သိန်း ၃၃၀ နှင့် ပုံစံ(ဘီ) ၅၆၅ စတုရန်း ပေအတွက် ကျပ် ၂၃၇ သိန်းတို့ ဖြင့် ရောင်းချထားသည်။
Ref : 7daydaily
Photo Credit : Economy Watch
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties