By Messenger, Shweproperty.com
Updated at 20 July 2015
ကွန်ဒိုမီလီယံ ဥပဒေ ပေါ်ထွက်လာပါက မြေငှားစနစ် (BOT)ဖြင့် ဆောက်လုပ်ထားသော ကွန်ဒိုများ ဘဏ်တွင် အပေါင်ခံနိုင်မည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (မြေနှင့်အိမ်ရာ ဌာနခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က ပြောသည်။
““Condominium ဖြစ်သွားပြီဆိုရင်တော့ အရင်းအနှီး တိုးပွားနိုင်ရေးကို ဦးတည်တဲ့အတွက် ဘဏ်တွေမှာ ပေါင်နိုင်ပါတယ်”” ဟု ၎င်းက ဆက်ပြောသည်။
BOT စနစ်ဖြင့် ဆောက်လုပ်ထားသော ကွန်ဒိုများသည် ဘဏ်တွင် အပေါင် ခံနိုင်ရန်အတွက် ယင်းကွန်ဒိုကို ပိုင်ဆိုင်ကြောင်း သက်သေ အထောက်အထား ပြသနိုင်ရန် လိုအပ်သည်။ ကွန်ဒိုမီလီယံ ဖြစ်သွားပါက ကွန်ဒိုမီလီယံ တစ်ခန်းချင်းစီတွင် ပိုင်ဆိုင်ကြောင်း အုံနာဘုတ်ကို ထုတ်ပေးမည် ဖြစ်သည်။ ယင်းအုံနာဘုတ်ဖြင့် ဘဏ်တွင် ပေါင်နိုင်မည်ဖြစ်သည်။
ကွန်ဒိုမီလီယံ အဆောက်အအုံသည် ယင်းအဆောက်အအုံတွင် နေထိုင်သူအားလုံးက ယင်းမြေအား ဘုံပိုင်ဆိုင်ပြီး မိမိတို့နေထိုင်ရာ အခန်းများတွင် သီးခြားပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း ဦးထွန်းမြင့်အောင်က ပြောသည်။
““မြေပိုင်ဆိုင်မှုကို တစ်ခါတည်း ပေးလိုက်တဲ့အတွက် ဘဏ်ကိုပေါင်ရင်ရတယ်။ အဆောက်အအုံ ပျက်စီးရင်တောင် ဒီမြေမှာ နေထိုင်တဲ့ သူတွေက ပြန်ဆောက် နေလို့ရတယ်။ BOT စနစ်က အခန်းပဲပိုင်ပြီး မြေမပိုင်တဲ့အတွက် မြေကိုစီမံခန့်ခွဲလို့ မရဘူး””ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
လက်ရှိတွင် ကွန်ဒိုမီလီယံ ဥပဒေမူကြမ်းတွင် နိုင်ငံခြားသား တစ်ယောက်သည် ခြောက်လွှာနှင့် အထက်ပိုင်းရှိအခန်းကို ဝယ်ယူနိုင်ပြီး အဆောက်အအုံ၏ (၄၀) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နိုင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။ ယင်းဥပဒေကို လူထုအတွင်း ချပြမှု အားနည်း သောကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အပြောင်းအလဲဖြစ်ပေါ် လာနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများနှင့် ဝါရင့်အကျိုးဆောင် အချို့က ပြောကြားထားသည်။
Ref : Messenger
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties