By The Modern, Shweproperty.com
Updated at 19 February 2016
ကွန်ဒိုတစ်ခုရဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပေမဲ့ ဌာနဆိုင်ရာမြေပေါ်မှာ ဘီအိုတီစနစ်နဲ့ ဆောက်လုပ်ထားတဲ့ ကွန်ဒိုတွေမှာ ဝယ်သူက အချိုးကျမြေပိုင်ဆိုင်ခွင့်ရရှိခွင့်နဲ့ ပတ်သက်ပြီး ထိရောက်တဲ့အချက်တွေကို မေးစရာတစ်ခုလိုဖြစ်နေတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ ကွန်ဒိုဝယ်ယူသူတွေအနေနဲ့ အချိုးကျမြေပိုင်ဆိုင်ခွင့်ရရှိမယ်လို့ ဥပဒေထဲမှာပါဝင်တယ်။ ဥပဒေကမ်းမှာ မြေစတုရန်းပေ ၂၀,၀၀၀ နဲ့အထက်ရှိရင်ဆောက်လို့ရတယ်။ ဘယ်မြေအမျိုးအစားနဲ့ ဘယ်လိုမြေအမျိုးအစားမှာ မြေပိုင်ဆိုင်ခွင့်က ဘယ်လိုဆိုတာမျိုးစတဲ့ အသေးစိတ်တွေဖော်ပြထားတာမျိုး မတွေ့ရဘူးလို့ အကျိုးဆောင်တချို့ထံက သိရတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘ဒီမှာကွန်ဒိုတွေက ဘိုးဘွားပိုင်မြေဆိုတာထက် ဌာနဆိုင်ရာမြေတွေပေါ်မှာ ဘီအိုတီစနစ်တွေနဲ့ဆောက်ကြတယ် ၊ ဝယ်တဲ့သူတွေအတွက် မြေပိုင်ဆိုင်မူ့ရပိုင်ခွင့် နဲ့ပတ်သက်ပြီး ဘယ်လိုရမလဲမေးစရာပါ ’ လို့ပြောပါတယ်။
ဘီအိုတီစနစ်က သက်တမ်းကုန်လို့ရတယ်ဆိုပေမဲ့ သားစဉ်မြေးဆက်အမွေဆက်ဆံပိုင်ခွင့်တွေနဲ့ ပြန်ကြည့်ရင် အသေးစိတ်တွေ မပါဝင်ဘူးလို့ သိရတယ်။ အကျိုးဆောင်တချို့ကွန်ဒိုဥပဒေကြမ်းထဲမှာ ဌာနဆိုင်ရာမြေပေါ်တွေမှာဆောက်တဲ့ ကွန်ဒိုတွေနဲ့ ဆောက်မယ့်ကွန်ဒိုတွေနဲ့ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားတာမရှိဘူးလို့ ပြောပါတယ်။
ဝသုန်အကျိုးဆောင်မှ ဦးမောင်မောင်က ‘လက်ရှိမှာတော့ နှစ်၅၀ နဲ့ ၁၀ နှစ် နှစ်ကြိမ်တိုးခွင့်ရမယ်ဆို နှစ် ၇၀ ရမယ် ၊ နှစ် ၇၀ အတွင်းမှာ ဝယ်သူက မြေပိုင်ဆိုင်မူ့ရရှိမယ့်သဘောပါ ၊ ဌာနပိုင်မြေတွေက ဘိုးဘွားပိုင်မြေတွေလိုအပြီးအပိုင်မဟုတ်ဘဲ ပြန်အပ်ရမှာ ၊ ဝယ်ယူသူတွေအတွက် မြေပိုင်ဆိုင်ခွင့်က ဘယ်လိုပုံစံဆိုတာမျိုးမသိရဘူး’ လို့ပြောပါတယ်။
ကွန်ဒိုဥပဒေမှာပါဝင်တဲ့ ဥပဒေတချို့မှာ အသေးစိတ်ရှင်းလင်းပြထားတာတွေ မပါဝင်ဘူးလို့သိရတယ် ။ နိုင်ငံခြားသားတွေ ဝယ်ယူခွင့်ကို ၄၀ရာခိုင်နှုန်းထက် မပိုတဲ့ အခန်းတွေကို ဥပဒေနဲ့အညီ ရောင်းချခွင့်ပါပေမဲ့ ဘယ်နှထပ်နဲ့ အထက်ကိုဝယ်ယူခွင့်ပေးမလဲဆိုတဲ့ အချက်လည်း မပါဝင်ဘူးလို့ သိရပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties