By The Myanmar Times, Shweproperty.com
Updated at 5 August 2015
တည်ဆောက်-လုပ်ကိုင်လွှဲပြောင်း စနစ် (Build, Operate, Transfer-BOT) ဖြင့် ဆောက်လုပ် ထားသည့် အဆောက်အအုံများမှ အခန်းများကို ရောင်းချခြင်း မပြုမီ ရောင်းချသည့် ကုမ္ပဏီက ဝယ်ယူ နေထိုင်မည့်သူများသို့ အသေအချာ ရှင်းလင်းတင်ပြရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို) မှ သိရသည်။
ထိုသို့ ရှင်းပြရာတွင် ဆောက် လုပ်သည့် developer များအနေ ဖြင့် BOT စနစ်၏ သဘောသဘာဝ နှင့် ယင်းတိုက်ခန်းတွင် နေထိုင်ခွင့် ရှိသည့် သက်တမ်းများနှင့် ပတ်သက် ၍ အသေအချာ ရှင်းလင်းပြောကြား သင့်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိ သူက ပြောသည်။
”BOT စနစ်မှာတောင်မှ အမျိုး မျိုးရှိတယ်။ နှစ် ၅ဝ BOT လား၊ နှစ် ၇ဝ BOT လား၊ နှစ် ၃ဝ BOT နဲ့ ဆောက်ထားလားဆိုတဲ့အပေါ် မူတည် ပြီး ဈေးက အများကြီးကွာဟတယ်။ မြန်မာပြည်က လူတွေက အဲဒီအခန်း တွေကို ဘိုးစဉ်ဘောင်ဆက် ပိုင်လိမ့် မယ်လို့ ယူဆထားကြတယ်။ သူ့ရဲ့ ငှားထားတဲ့ နှစ်အပိုင်းအခြားပြည့်ရင် ဆင်းပေးရမယ်။ ရောင်းတဲ့ လူက လည်း သေချာပြောပြဖို့ လိုအပ် တယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို ) အထွေ ထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က The Trade Times ၏ မေးမြန်းချက် ကို ပြန်လည်ဖြေကြားခဲ့သည်။
BOT စနစ်၏ သဘောသဘာဝ မှာ ရင်းနှီးမြှုပ်နှံသူက အလိုရှိသော မြေကို နှစ်အပိုင်းအခြား တစ်ရပ် အတွက် ငှားရမ်းခ သတ်မှတ်ငှားရမ်း ကာ ထိုမြေပေါ်တွင် ငှားသူ၏ ငွေဖြင့် အဆောက်အအုံဆောက်လုပ် ၍ စီးပွားရေးလုပ်ငန်း ထူထောင် လုပ်ကိုင်ပြီး ငှားရမ်းမှု သက်တမ်းစေ့ သည့်အခါ ငှားရမ်းသောမြေနှင့်တကွ မြေပေါ်တွင် ပါရှိသည့် အဆောက် အအုံကိုပါ မူလပိုင်ရှင်သို့ ပြန်လည် ပေးအပ်ရသောစနစ် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း အုပ်ချုပ်ခဲ့ သည့် အစိုးရအဆက်ဆက်၏ မူဝါဒ များအရ BOT စနစ်ဖြင့် လုပ်ကိုင်ရန် ခွင့်ပြုထားသည့် နှစ်အပိုင်းအခြားကို ကနဦး နှစ် ၂ဝ ထပ်တိုး ငါးနှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၃ဝ၊ သို့မဟုတ် ကနဦး နှစ် ၃ဝ ထပ်တိုး ၁ဝ နှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၅ဝ သတ်မှတ် ထားသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ BOT စနစ် ဖြင့် လုပ်ကိုင်မည်ဆိုပါက ကနဦး နှစ် ၅ဝ ထပ်တိုး ၁ဝ နှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၇ဝ ဖြင့် မြေငှားရမ်း လုပ်ကိုင်သည့် စနစ်အဖြစ် ငှားရမ်း သက်တမ်း တိုးမြှင့်ပေးခဲ့သည်။
ရန်ကုန်၊ မန္တလေးနှင့် မြန်မာ နိုင်ငံမှ လူဦးရေများပြားသည့် မြို့ကြီး များရှိ ဌာနဆိုင်ရာ မြေများ၊ စည်ပင် သာယာရေး ကော်မတီပိုင် မြေများ နှင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာများပေါ်တွင် BOT စနစ် အသုံးပြု၍ ဈေးဝယ် စင်တာများ ဆောက်လုပ်ခြင်း၊ ကွန်ဒိုမီနီယမ် တိုက်ခန်းများ ဆောက်လုပ်ခြင်းတို့ ဆောင်ရွက်ကာ အများပြည်သူအား ရောင်းချမှုများ ရှိလာခဲ့သော်လည်း ဝယ်ယူနေထိုင်သူများ နစ်နာမှု မဖြစ် ပေါ်စေရန် BOT စနစ်၏ သဘော သဘာဝနှင့် ယင်းမြေပေါ်တွင် နေထိုင် လုပ်ကိုင်နိုင်မည့် သက်တမ်းအပိုင်း အခြားကို ဆောက်လုပ်ရေးကုမ္ပဏီ များဘက်က အသေအချာ ရှင်းလင်း ပြောကြားပြီးမှသာ ရောင်းချခြင်း ပြုရန် လိုအပ်သည်။
မကြာမီ ပြန်လည်ထွက်ရှိမည့် ကွန်ဒိုမီနီယမ်ဥပဒေအရ ကွန်ဒိုတိုက် ခန်းအဖြစ် သတ်မှတ်ခံထားရသည့် အခန်းများကို ဘဏ်တွင် အပေါင် ထားကာ တရားဝင် ငွေချေးနိုင်မည် ဖြစ်သော်လည်း BOT စနစ်ဖြင့် ဆောက်လုပ်ထားသည့် အဆောက် အအုံများအတွင်းရှိ အိမ်ခန်းများကို အခြား ကွန်ဒိုတိုက်ခန်းများကဲ့သို့ ပေါင်နှံနိုင်ခြင်းရှိမရှိမှာမူ ဆောက် လုပ်ထားသည့် မြေနေရာကို ပိုင်ဆိုင် ထားသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း များနှင့် ထိုအဆောက်အုံကို တာဝန်ယူ ဆောက်လုပ်သည့် ကုမ္ပဏီတို့က ယင်းမြေအား ပိုင်ဆိုင်မှုစွန့်လွှတ်ခြင်း ရှိမရှိ အပေါ်တွင် မူတည်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနဘက် က ပြန်လည် ဖြေကြားထားသည်။
”ကွန်ဒိုဥပဒေမှာ ထည့်ထားတဲ့ အချက်တစ်ချက်ကတော့ ကွန်ဒို အဖြစ် ပြောင်းလဲလိုတဲ့ အဆောက် အအုံတွေက ကျွန်တော်တို့ကို စာရင်း ပေးထားရပါမယ်။ သဘောကတော့ BOT စနစ်လုပ်ခဲ့တဲ့ ဌာနနဲ့ BOT လုပ်ကိုင်ခွင့် ရခဲ့တဲ့ ကုမ္ပဏီတို့ရဲ့ သဘောတူညီချက် ရဖို့ လိုအပ် ပါတယ်။ ကုမ္မဏီဘက်ကရော ဌာနဆိုင်ရာကပါ သူ့ရဲ့ ပိုင်ဆိုင်မှုကို စွန့်လွှတ်ဖို့ လိုတယ်”ဟု မြို့ပြနှင့် အိမ်ရာဌာနခွဲမှ ဒုတိယညွှန်ကြား ရေးမှူး ဦးထွန်းမြင့်အောင်က ပြော သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties