By tradetimes, Shweproperty.com
Updated at 30 October 2012
ဗိုလ်တထောင်ဆိပ်ကမ်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ရန် တင်ဒါခေါ်ယူခဲ့ရာတွင် တင်ဒါတင်သွင်းကုမ္ပဏီ ခုနစ်ခု ရှိခဲ့ပြီး ပုလဲမြေကုမ္ပဏီက မြေငှားရမ်းမှုနှုန်း ထားကို အမြင့်ဆုံးပေးခဲ့ကြောင်း သိရသည်။
တင်ဒါတင်သွင်းသည့် ကုမ္ပဏီခုနစ်ခုမှ ကုမ္ပဏီသုံးခုအား တင်ဒါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်း ရှင်များ၏ရှေ့၌ ပဏာမစိစစ်ရွေးချယ် ခဲ့ကြောင်း သိရသည်။ ဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ''ဒီတင်ဒါက ပထမဆုံးဖွင့်လှစ်တဲ့ တင်ဒါဖြစ်ပါတယ်။ သတင်းစာမှာ လည်း ကြော်ငြာခဲ့သလို သတင်းမီဒီ ယာတွေမှာလည်း ရှင်းပြပြီးဖြစ်ပါ တယ်။ အခု တင်ဒါဖွင့်တာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိအောင်ဆောင်ရွက်သွားပေးမှာ ဖြစ်ပါတယ်။
''ဒီလိုစိစစ်လို့ အမှားတစ်ချက်ထက်ပိုတဲ့ တင်ဒါဆိုရင် ပယ်ပါမယ်။ အမှားက တစ်ချက်တည်းဆိုရင် ပြန် လည်ဆွေးနွေးပြီး ဖြေရှင်းပေးသွားမယ်။ ကုမ္ပဏီခုနစ်ခုထဲက သုံးခုကို ရွေးပြီး အသေးစိတ်စိစစ်ပြီး ဝန်ကြီးရုံး ကို တင်ပြပြီးတာနဲ့ သုံးခုထဲက တစ်ခုကို ရွေးချယ် ဆောင်ရွက်သွား ပါ့မယ်''ဟု ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် ခြင်းများနှင့်ပတ်သက်ပြီး ပြောကြားသည်။
တင်ဒါရွေးချယ်ထားသည့် ကုမ္ပဏီ သုံးခုမှ မြန်မာဆိပ်ကမ်းအာဏာပိုင် သို့ မြေငှားရမ်းခနှုန်းထား ပေးသွင်း မည့်ငွေပမာဏအနေဖြင့် ပုလဲမြေ ကုမ္ပဏီမှ ကျပ်သိန်း ၁,ဝဝဝ၊ လိုင်းရင်း မြန်မာ အင်တာနေရှင်နယ် ကုမ္ပဏီမှ ကျပ်သိန်း ၃၆ဝ၊ တောင်တန်းပြာ ကုမ္ပဏီမှ ကျပ်သိန်း ၃ဝဝ ပေးထား ကြောင်း သိရသည်။
ယင်းကုမ္ပဏီ သုံးခုအား ငွေကြေးခိုင်မာမှု အထောက်အထား၊ ရင်းနှီး မြှုပ်နှံမှု ပမာဏ၊ ပုံစံဒီဇိုင်းနှင့် စံချိန် စံညွှန်းများကို အသေးစိတ် စိစစ်သွား မည်ဖြစ်သည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် အဆင့် မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသောရန်ကုန်ဆိပ်ကမ်းများဖြစ်သည့် လမ်းမတော်၊ ဆူးလေဆိပ်ကမ်း (၁၊၂၊၃၊၄) ဗိုလ်တထောင်နှင့် နန်းသီတာ ဆိပ်ကမ်းများကို ဆောင်ရွက်ရန် စိစစ် ရွေးချယ်လျက် ရှိသည်။
ဗိုလ်တထောင်ဆိပ်ကမ်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် မြစ်အတွင်းသို့ ပေ ၁ဝဝ ခန့် မြေဖို့၍ အမာခံမြေလွင်ပြင် တည် ဆောက်ပြီး နိုင်ငံတကာအဆင့်မီ ဆိပ်ခံ ဗောတံတားများ တည်ဆောက် ခြင်း၊ ဆိပ်ကမ်းဧရိယာအတွင်း ခေတ် မီအဆောက်အအုံများ၊ အပန်းဖြေ စခန်းများ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များနှင့် ဈေးဝယ်စင်တာများ တည်ဆောက်သွားမည် ဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းတွင် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော အပြည်ပြည်ဆိုင် ရာဆိပ်ခံတံတား ၁၁ ခုရှိပြီး အလျား ၁၆၇ မီတာ၊ ကျောက်ဆူး ၉ မီတာ၊ ကုန်တန်ချိန် ၁၅,ဝဝဝ သင်္ဘော ကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင်ပြီး သီလဝါဆိပ်ကမ်းတွင် အလျား မီတာ ၂ဝဝ၊ ကုန်တန်ချိန် ၂ဝ,ဝဝဝ သင်္ဘော ကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ခံ တံတား ခြောက်ခုရှိသည်။
Source : Tradetimes
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties