By 7daydaily, Shweproperty.com
Updated at 13 July 2015
ကန်ထရိုက်တိုက်များ တည်ဆောက်ရန် ခွင့်ပြုချက် လျှောက်ထားပြီး ဆက်လက်တည် ဆောက်ရန် လုပ်ငန်းရှင်များဘက် တွင် ငွေကြေးအခက်အခဲ ရှိသော ကြောင့် ဖျက်သိမ်းလိုက်ရသည့် အရေအတွက် ပိုမိုများပြားလာ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များထံမှ သတင်းရရှိ သည်။ ယင်းကဲ့သို့ တည်ဆောက်သူ ဘက်မှ ခွင့်ပြုချက်တင်ပြီး ပြန် လည်ဖျက်သိမ်းခွင့်တင်ခဲ့၍ ကန်ထရိုက်တိုက်ခန်းများကို ကြိုပွိုင့် ဝယ်ယူထားသူများ အထိနာခဲ့ရ သည့် ဖြစ်စဉ်များ ပေါ်ပေါက်နေ သည်ဟု လမင်းဧရာဆောက်လုပ် ရေးလုပ်ငန်းရှင်က ပြောသည်။ ‘‘တချို့ ကန်ထရိုက်တွေက လောဘကြီးပြီး စည်ပင်ကို တည် ဆောက်ခွင့်တွေ လျှောက်တင်ပြီး အခန်းတွေ ကြိုရောင်းကြတယ်။ အမှန်တော့ ကြိုပွိုင့်ဝယ်သူတွေက မြေပြင်မှာ လုပ်ငန်းတွေစမှ ဝယ် သင့်ပြီ’’ဟု ၎င်းက ဆိုသည်။ လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွင် ခွင့်ပြုမိန့်တင်ပြီးမှ ပြန်လည် ရုပ်သိမ်းသည့် အမှုတွဲပေါင်း ၁၀၀ ကျော်ရှိပြီး ကန်ထရိုက်၊ အင်ဂျင်နီယာ၊ အိမ်ရှင်သုံးဦး၏ လက်မှတ်များ ပါဝင်ပါက တည်ဆောက်ခွင့်အမှုတွဲကို ပိတ်သိမ်းနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။ ဆောက်လုပ်ရေးလုပ်ငန်း ရှင်အများစုသည် ဘဏ်ချေးငွေ ကို မျှော်လင့်ပြီး တည်ဆောက်နိုင် သည်ဟုယုံကြည်သဖြင့် ရပ်ကွက် များအတွင်း ကန်ထရိုက်တိုက်များ မြောက်မြားစွာ တည်ဆောက်ရန် ကြိုတင်စာချုပ် ချုပ်ဆိုထားပြီးမှ ငွေကြေးမလည်ပတ်တော့၍ ယခု ကဲ့သို့ ဖျက်သိမ်းသည့်အမှုတွဲ များ ပိုမိုများပြားလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဖျက်သိမ်းရန် တင်ပြ လျှောက်ထားသည့် ဆောက်လုပ် ရေးလုပ်ငန်းအများစုတွင် ရင်းနှီး မြှုပ်နှံကြသည့် လုပ်ငန်းရှင်အများ စုမှာ ဆောက်လုပ်ရေးလောကမှ မဟုတ်ဘဲ ပြင်ပလောကမှ စီးပွားရေး လုပ်ငန်းရှင်များသာဖြစ် ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်အချို့က သုံးသပ်သည်။ ထို့ပြင် ဆောက်လုပ်ရေး လောကအတွင်း ငွေကြေးမလည်ပတ်နိုင်မှုကြောင့် ဆက်လက် တည်ဆောက်ရန် ကန်ထရိုက်တာ ဘက်မှ အခက်အခဲဖြစ်ပေါ်ခဲ့၍ မြေရှင်က စာချုပ်ဖောက်ဖျက်မှု ဖြင့် တရားစွဲဆိုခြင်းများ မကြာခဏ ဖြစ်ပေါ်နေပြီး ကြိုပွိုင့်ဈေး ကွက်မှာလည်း လုံးဝရပ်တန့်လုနီးပါးဖြစ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ယခု ဘဏ္ဍာနှစ်အတွင်း အဆောက်အ အုံ တည်ဆောက်ခွင့် စုစုပေါင်း ၂,၅၀၀ ကျော်ခွင့်ပြုထားသည်။ ၂၀၁၄ ခုနှစ်က ၁၃ နှစ်အတွင်း အများဆုံး အဆောက်အအုံတည် ဆောက်ခွင့်ပြုခဲ့သည့် နှစ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် အဆိုပါစံချိန်ကို ကျော်လွန်နိုင်ဖွယ် မရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထား သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties