By Sint Sint, Shweproperty.com
Updated at 18 December 2020
နေ့ရက်တိုင်းမှာ လူတိုင်းအတွက် ကံကောင်း ခြင်းများသာ အစဉ်တစိုက် ဖြစ်နေသော လူဟူရျ် မရှိနိုင်ပါဘူး။ ဒီလိုပဲ ကံဆိုးခြင်းများ ထာဝရ ကျရောက်နေသော လူဟူသည်လည်း မရှိပါ။ အချို့က- ကံကောင်း ကာလရှည်ကြာပြီး အချို့က ကံဆိုး ကာလ ရှည်တက်ပါတယ်။အများစုဖြစ်သော လူအများက “ကံ-ဆိုသည်မှာ အလုပ်ပဲ၊ ဘာမှ မမြင်ရတာတွေ ယုံမနေနဲ့၊ကိုယ်လုပ်စရာ လုပ်” ဟုပြောဆိုတက်ပါတယ်။ကောင်းတာလုပ်၊ ကောင်းတာဖြစ်၊ မကောင်းတာလုပ်၊ မကောင်းတာ ဖြစ်၏။ ဒါကတော့ တရားသေလက်ကိုင်ထားလို့ရပါတယ်။ အခုပြောချင်တာလေးကတော့ အိမ်ခိုက်တက်တာ အိမ်သားတွေကို ကံဆိုးတက်တာတွေပါ။ ဒါလေးတွေကတော့ စောစောပြောတဲ့ တရားသေကို စွဲထားလို့မရပါဘူး လက်တွေ့ကျကျ လုပ်ဆောင်ရမယ့် အရာလေးတွေပါ။ အိမ်ခိုက်တက်တာ ကံဆိုးစေမယ့်အရာလေးတွေက ဘာတွေလဲဆိုတာဖော်ပြပေးသွားမှာပါ။
ကံဆိုးခြင်းဆိုသည်မှာ အကြောင်းအရာ rမယ်မယ်ရရမရှိဘဲ ပြဿနာတွေ ဖြစ်နေလား။ မထင်မှတ်ဘဲ အိမ်ရဲ့စီးပွားရေးတွေ ကျသွားနေလား။ အိမ်ထဲမှာ မကောင်းတဲ့ မကောင်းတဲ့ အငွေ့အသက် အထိအတွေ့တွေရှိနေတယ်လို့ ခံစားနေရလား ။ဒါဆိုရင် တစ်ခုခုကို ဆန်းစစ်ဖို့တော့လိုနေပါပြီနော်။အခုပြောပြမှာကတော့ အိမ်ထဲမှာ မထားသင့်တဲ့ ကံဆိုးစေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ဒီအရာတွေကြောင့်ချည်းပဲ ကံဆိုး နေတယ်လို့ မဆိုလိုပါဘူး။ ဒီအရာတွေကြောင့် ပိုကံဆိုးသွားနိုင်တယ်၊ ကံကောင်းခြင်းတွေကို ပိတ်စေနိုင်တယ်လို့ပဲ ဆိုလိုပါတယ်။ သင်ကံဆိုးနေတယ်လို့ ခံစားနေရတဲ့အခါ အိမ်ထဲမှာ၊ အခန်းထဲမှာ ဘယ်လိုမျိုးတွေ ပြုမူထားမိလဲဆိုတာ တွေ အရင်ဆုံးရှာဖွေလိုက်ပါနော်။
(၁) လှုပ်ကုလားထိုင်ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ လှုပ်ကုလားထိုင်က ဘယ်သူမှလည်းမထိုင်ဘဲ လှုပ်နေမယ်ဆိုရင် စိတ်ထင်လို့ပါ ဆိုပြီးဘယ်လိုပဲ ဖြည့်တွေးပါစေ၊ စိတ်ထဲတော့ မသိုးမသန့်တော့ ဖြစ်တတ်ကြမှာပါ။ ဒါကြောင့်လည်း ခုနောက်ပိုင်းမှာ လှုပ်ခုံတွေကို မသုံးကြတော့ပါဘူး။ အိုင်းရစ်ရှ် သမိုင်းကြောင်းအရ ဘယ်သူမှမထိုင်တဲ့ လှုပ်ကုလားထိုင်ဟာ မကောင်းတဲ့ ဝိညာဉ်တွေ လာထိုင်ဖို့ ဖိတ်ခေါ်နေသလိုပါပဲလို့ပြောကြပါတယ်။
(၂) ပျက်စီးနေတဲ့နာရီ၊ ရပ်တန့်နေတဲ့နာရီပျက်စီးကျိုးပဲ့နေတဲ့ ပစ္စည်းတွေ အိမ်ထဲမှာ မထားကောင်းဘူးဆိုတာတော့ အားလုံး လက်ခံပြီး သား ဖြစ်မှာပါ။ ဒါ့အပြင် ပျက်စီးရပ်တန့်နေတဲ့ နာရီက မကောင်းတဲ့နိမိတ်တွေ ဖြစ်စေတယ်လို့လည်း အယူအဆရှိ ပါတယ်။ အချိန်ကို ညွှန်ပြတဲ့ အရာတွေဟာ အမြဲတမ်း အလုပ်လုပ်နေရပါမယ်။ အဲလိုမဟုတ်ပဲ ရပ်တန့်နေမယ်ဆိုရင် အသုံးပြုတဲ့သူတွေရဲ့ ဘဝတိုးတက်မှု လည်း ပိတ်ဆို့ရပ်တန့်သွားတတ်ပါတယ်။
(၃) ကန္တာရစူးပင်Cactus ပင်လေးတွေကို အလှထားတတ်တဲ့သူတွေ အတွက်တော့ သတင်းဆိုးပါပဲ။ ရှေးလူကြီးတွေရဲ့ ယုံကြည်မှုအရ အစူးပါတဲ့ အပင်တွေဟာ မကောင်းတဲ့ နိမိတ်တွေကို ဆွဲဆောင်တယ်လို့ ဆိုပါတယ်။ကန္တာရ စူးပင်မှမဟုတ်ပါဘူး။ နှင်းဆီအပါအဝင် စူးပါတဲ့ ဘယ်အပင်မဆို အိမ်ထဲမှာ ထားရင် အိမ်ကိုရော၊ သင့်ရဲ့အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးကိုပါ အနှောင့်အယှက် ဖြစ်စေ ပါတယ်။
(၄) ဖွင့်ထားတဲ့ထီးရှေးလူကြီးတွေ ပြောတာတော့ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့လုပ်ထားတဲ့ ဘယ်ပစ္စည်းကိုမဆို အိမ်ထဲ ယူဆောင် လာခြင်းက အိမ်ကိုစောင့်ရှောက်နေတဲ့ အိမ်စောင့်နတ်ကို မရိုသေရာကျတယ်လို့ ဆိုကြပါတယ်။ ။အိမ်စောင့်နတ်တွေက အိမ်ကိုစောင့် ရှောက်တာမလုံလောက်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်စေလို့ပါ။ အိမ်စောင့်နတ်က စိတ်ဆိုးပြီး အိမ်ကိုမစောင့် ရှောက်တော့ရင်အိမ်ထဲကို ကံဆိုးခြင်းတွေ ဝင်လာနိုင်ပါတယ်။
(၅) ခြောက်သွေ့သေဆုံးနေသောအပင်အိမ်မှာ ကံကောင်းခြင်းတွေနဲ့ လှုပ်ရှားသက်ဝင်နေစေချင်တယ်ဆိုရင် အိမ်ထဲမှာ သေဆုံးနေတဲ့ အပင်တွေ၊ ခြောက်သွေ့နေတဲ့အပင်တွေကို ဒီတိုင်း ပစ်မထားပါနဲ့။ သေနေတဲ့ အရာတွေအိမ်ထဲထားတာက မကောင်းတဲ့ စွမ်းအင်တွေကို စုတ်ယူနေသလိုပါပဲ။ ဒါ့အပြင် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တွေ အိမ်ထဲမှာ ပြန့်ကျဲထားတာက အိမ်ကိုနေချင်စရာ မကောင်းစေပါဘူး။
(၆) ဒိတ်အောက်နေတဲ့ ပြက္ခဒိန်ရပ်တန့်နေတဲ့နာရီနဲ့ အလားတူစွာပဲ နှစ်ကုန်ပြီး ဒိတ်အောက်သွားပြီဖြစ်တဲ့ ပြက္ခဒိန်တွေကို ဆက်လက် ချိတ်ဆွဲ ထားတာကလည်း ကံကောင်းခြင်းတွေဝင်လာဖို့ ပိတ်ဆို့စေပါတယ်။အချိန်နဲ့ ပတ်သက်တဲ့ ဘယ်ပစ္စည်းကိုမဆို မှားယွင်းကျိုး ပျက်နေတဲ့အတိုင်း အသုံးပြုတာက အိမ်လာဘ်တိတ်ပြီး အသက်တောင် တိုနိုင်တယ်လို့ရှေးလူကြီးတွေက ဆိုကြပါတယ်။
သင့်အိမ်ထဲကိုယူလာတဲ့ ပစ္စည်းတွေက သင့်အတွက်ကံဆိုးခြင်းတွေဖြစ်စေနိုင်တယ်ဆိုတာ သင်အမြဲတမ်းသတိထားနေရမှာပါ။ တချို့သောပစ္စည်းတွေက အိမ်ထဲကိုကံဆိုးခြင်းတွေယူလာနိုင်ပြီး အိမ်သားတွေကို သေဆုံးစေတဲ့အထိခိုက်တတ်ပါတယ်။ ဒါတွေက မယုံလို့လည်းမနိုင်ပါဘူးနော်။နောက်ပြီးတော့ သင့်အိမ်မှာသိမ်းမထားသင့်တဲ့ ကံဆိုးစေတဲ့အရာတွေမို့လို့ ဒါတွေကို အမြန်ဆုံးရှင်းလင်းဖယ်ထုတ်လိုက်ပါနော်။
(၁) ကျိုးပဲ့နေတဲ့နာရီနဲ့ မှန်အကွဲများ
အိမ်အတွင်းမှာ ကျိုးပဲ့နေတဲ့နာရီနဲ့ အက်ရာထင်နေတဲ့မှန်၊ မှန်အကွဲတွေမထားသင့်ပါဘူး။ဒီလိုကျိုးပဲ့ကွဲအက်နေတဲ့အရာတွေအိမ်ထဲမှာ ရှိနေတဲ့အခါ သင့်ရဲ့ဘဝမှာအဆင်မပြေမှုတွေကို ပိုပြီးကြုံရတတ်ပါတယ်။
(၂) ပိုးစုန်းကြူး
ပိုးစုန်းကြူးလေးတွေက ချစ်စရာလေးတွေမို့ ဖမ်းပြီးဖန်ဗူးလေးတွေထဲထည့်ထားတာမျိုး မလုပ်မိပါစေနဲ့။ပိုးစုန်းကြူးလေးတွေကို ဖန်ဗူးထဲထည့်ပြီးအိမ်ထဲထားထားခြင်းက သင့်ကိုကံဆိုးစေနိုင်ပါတယ်။
(၃) ပန်းအခြောက်များ
အိမ်ထဲမှာ အလှထားတဲ့ပန်းအိုးတွေထဲက ပန်းတွေညှိုးသွားတဲ့အခါ ချက်ချင်းပန်းအသစ်လဲပေးပါ။ပန်းအညိုးတွေကို မလဲပစ်ဘဲထားထားခြင်းက သင်နဲ့သင့်အိမ်သားတွေဆီကံဆိုးခြင်းတွေဖြစ်လာစေပါတယ်။
(၄) အိမ်ထဲမှာထီးကိုဖွင့်ပြီးထားခြင်း
မိုးရွာထဲကနေအိမ်ပြန်ရောက်လာတဲ့အခါ ထီးကိုအိမ်အပြင်ဖက်မှာ၊ ဝရန်တာမှာဖွင့်ပြီးအခြောက်ခံပါ။ထီးကိုအိမ်ထဲမှာဖွင့်ပြီးထားထားခြင်းက ကံဆိုးခြင်းကိုဖြစ်စေတတ်ပါတယ်။
(၅) ပျက်စီးခြင်း၊သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံများ
အိမ်ထဲမှာထားဖို့ပန်းချီကားတွေ၊ ရုပ်ပုံကားချပ်တွေဝယ်တဲ့အခါ ပျက်စီးခြင်း၊ သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံတွေကိုမဝယ်ပါနဲ့။ ဒီလိုပုံတွေကိုအိမ်ထဲမှာထားခြင်းက မကောင်းတဲ့အရာတွေကိုဖြစ်စေပါတယ်။
(၆) ကန္တာရဆူးပင်
ကန္တာရဆူးပင်တွေကို အလှပဲဖြစ်ဖြစ်အိမ်ထဲမှာစိုက်မထားပါနဲ့။ ဆူးပင်သေးသေးလေးတွေက ချစ်စရာကောင်းတယ်ဆိုပေမယ့် သင့်ကိုကံဆိုးစေနိုင်တာကြောင့် အိမ်ထဲမှာမစိုက်ထားတာအကောင်းဆုံးပါ။
(၇) ပုဆိန်၊ပေါက်ပြားနဲ့တံမြက်စည်းအဟောင်းများ
ထင်းခွဲတဲ့ပုဆိန်၊ မြက်ပေါက်တဲ့ပေါက်ပြားနဲ့ တံမြက်စည်းအဟောင်းတေကို ဥယျာဉ်ခြံထဲ ဒါမှမဟုတ် အိမ်အပြင်ဘက်မှာ ထောင်ရက်သိမ်းထားသင့်ပြီး အဲ့ဒီပစ္စည်းတွေကို အိမ်ထဲယူလာတာမျိုး၊ မြေပြင်မှာဒီအတိုင်းလဲပြီးချထားတာမျိုးတွေက ခိုက်တတ်တယ်လို့ အယူရှိကြပါတယ်။မနက်အိပ်ရာနိုးလာတာနဲ့ စောင်နဲ့အိပ်ရာခင်းတွေကိုသေချာခေါက်ပြီး သန့်ပြန့်နေအောင်ထားသင့်ပါတယ်။ ရှုပ်ပွနေတဲ့အိပ်ရာက အိမ်တစ်အိမ်အတွက်ကံဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။
အိမ်ထဲမှာ အလှထားတဲ့ပန်းအိုးတွေထဲက ပန်းတွေညှိုးသွားတဲ့အခါ ချက်ချင်းပန်းအသစ်လဲပေးပါ။ပန်းအညိုးတွေကို မလဲပစ်ဘဲထားထားခြင်းက သင်နဲ့သင့်အိမ်သားတွေဆီကံဆိုးခြင်းတွေဖြစ်လာစေပါတယ်။မိုးရွာထဲကနေအိမ်ပြန်ရောက်လာတဲ့အခါ ထီးကိုအိမ်အပြင်ဖက်မှာ၊ ဝရန်တာမှာဖွင့်ပြီးအခြောက်ခံပါ။ ထီးကိုအိမ်ထဲမှာဖွင့်ပြီးထားထားခြင်းက ကံဆိုးခြင်းကိုဖြစ်စေတတ်ပါတယ်။
အိမ်ထဲမှာထားဖို့ပန်းချီကားတွေ၊ ရုပ်ပုံကားချပ်တွေဝယ်တဲ့အခါ ပျက်စီးခြင်း၊သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံတွေကိုမဝယ်ပါနဲ့။ ဒီလိုပုံတွေကိုအိမ်ထဲမှာထားခြင်းက မကောင်းတဲ့အရာတွေကိုဖြစ်စေပါတယ်။ထင်းခွဲတဲ့ပုဆိန်၊ မြက်ပေါက်တဲ့ ပေါက်ပြားနဲ့ တံမြက်စည်းအဟောင်းတေကို ဥယျာဉ်ခြံထဲ ဒါမှမဟုတ် အိမ်အပြင်ဘက်မှာ ထောင်ရက်သိမ်းထားသင့်ပြီး အဲ့ဒီပစ္စည်းတွေကို အိမ်ထဲယူလာတာမျိုး၊ မြေပြင်မှာဒီအတိုင်းလဲပြီးချထားတာမျိုးတွေက ခိုက်တတ်တယ်လို့ အယူရှိကြပါတယ်။ဒါလေးတွေကတော့ ဝေဒပညာရပ်နဲ့ဆက်စပ်ပြီး ကံဆိုးစေမယ့်အရာလေးတွေရှောင်နိုင်အောင် ထပ်မံဖော်ပေးခြင်းပဲဖြစ်ပါတယ်။
၁။ အိမ်ရှေ့၌ငှက်ပျေားပင်မစိုက်အပ်။
၂။ရေစိုအဝတ်များကိုညအချိန်သစ်ပင်ပေါ် အဝတ်တန်းပေါ်မထားရ။
၃။ကိုယ်ဝန်ဆောင်များအပြောဆိုမကြမ်းရ။
၄။လက်ဖက်သုတ်စားပြီးကလေး၏ ပါးကိုမနမ်းရ။
၆။ကတ်ကြေး၊ကွမ်းညှပ်၊ဓားစသည်တို့ကိုညှပ်စရာမပါပဲမညှပ်ရ၊မဖြတ်ရ။
၇။အိမ်ပေါ်၌ဇယ်မခုတ်ရ။
၇။အိမ်သားတစ်ဦးနေမကောင်းဖြစ် စဉ်ခေါင်းမလျှော်ရ။
၈။ယောက်မနှင့်ထမင်းအိုးနှုတ်ခမ်းမရိုက်ရ။
၉။စလောင်းဖုံးကိုဖိုခနောက်ပေါ်မအုပ်ရ။
၁၀။မီးဖိုမှာလူနှစ်ယောက်ပြိုင်တူမီးမမှုတ်ရ။
၁၁။ညောင်သားကိုမီးမစိုက်ရ။
၁၂။ကျောက်နီလက်စွပ်ကိုနှစ်ကွင်းထပ်မဝတ်ရ။
၁၃။ဖိနပ်ချွတ်သောနေရာတွင်ထီးမထားရ။
၁၄။အရေးကြီးသောကိစ္စများပြောစဉ်ဖိနပ်ထိပ်ဦး အားထီးထိပ်ချွန်နှင့်ထောက်၍စကားမပြောရအစီစဉ်ပျက်တတ်သည်။
၁၅။ဖျာကိုခေါင်းရင်းမှစပြီးလိပ်၍သိမ်းပါ။
၁၆။ဖျာလိပ်ကိုအမြင့်ပေါ်မတင်ရ။
၁၇။တိုင်ကပ်နာရီကိုအိမ်ခြေရင်းတွင်မချိတ်ရ။
၁၈။မိဘတို့၏ဖိနပ်ကိုမနင်းရ။
၁၉။ဓာတ်ခဲအဟောင်းများအိမ်တွင်မထားရ။
၂၀။အိမ်၏မျက်နှာစာတွင် ထမင်း ချက်ပြုတ်မစားရ။
၂၁။အိမ်ရှိကြည့်မှန်များမကောင်းသောပုံ ရိပ်များထင်ဟပ်သောနေရာတွင်မချိတ်ရ။
၂၂။အိမ်ရှေ့တွင်ငြုပ်သီးပင်မစိုက်ရ။
၂၃။ထမင်းပန်းကန်များအတွင်းသို့စားပြီးဝါးပြီး အကြွင်းအကျန်များထည့်မသိမ်းရ။
သင်တို့လည်း အကောင်းအဆိုးခွဲခြားပြီးမိမိတို့ရဲ့ ကံဆိုးစေမယ့် ကံဆိုးလာမယ့် အရိပ်အယောင်တွေကို ကိုယ်တိုင်ပဲဖယ်ရှားလိုက်ပါတော့နော်။ စိတ်၏ စွဲလမ်းခြင်းသည် တစ်ခါတရံလူကိုဒုက္ခပေးတက်ပါတယ်။ တစ်ခါတရံတော့လည်း စိတ်၏လှုံ့ဆော်မှုများက လူတွေကို ကောင်းကျိုးများစွာဖြစ်ပေါ်စေပါတယ်။ ကံစိတ်နှစ်ပါးလုံးကို ကောင်းစွာ အသုံးချနိုင်ရင် မိမိအပြင် တပါးသောသူတွေရဲ့ အကျိုးလည်း သက်ရောက်စေမှာပါ။ ဒီနေ့ကစလို့ ပြုပြင်နိုင်ကြပါစေ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
လယ်ယာမြေကို ဝယ်၍ နေထိုင်ကြမည်ဆိုလျှင်
အိမ်တွေမှာ အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ
ကြီးပွားမယ့်အိမ်ဆိုတာ
ဘုန်းကံနိမ့်သွားစေနိုင်လို့ အိမ်မှာ ဘယ်တော့မှမလုပ်မိအောင် ရှောင်ရမယ့် အချက်များ
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties