By San Wadi Hnin, Shweproperty.com
Updated at 15 August 2022
ကံကောင်းစေတဲ့လာဘ် ၊ အဆောင်ပစ္စည်းတွေရှိသလိုပဲ တစ်ချို့လာဘ်ပိတ်စေတဲ့ပစ္စည်းတွေ ၊ ကံဆိုးစေတဲ့ပစ္စည်းတွေက ကျွန်မတို့ အိမ်ထဲမှာရှိနေတတ်ပါတယ်။ မသိပဲနဲ့ဆက်ထားမိရင် ဒီပစ္စည်းတွေက အိမ်အတွက်စီးပွားရေးလာဘ်လာဘပိတ်စေပြီး အခွင့်အရေးကောင်းတွေကိုပိတ်ဆို့ထားသလိုဖြစ်နေမှာပါ။ ဒါကြောင့် ဖုန်းရွှေနည်းအရ အိမ်မှာထားမိရင် ကံဆိုးစေတဲ့အရာတွေကိုပြောပြပေးလိုက်ပါတယ်နော်။ (၁)ပျက်စီးနေတဲ့နာရီများ ရပ်တန့်နေတဲ့နာရီတွေ၊သုံးလို့ရပေမယ့် မျက်နှာပြင်ဖန်သားကွဲအက်နေတဲ့နာရီတွေက ကံဆိုးမှုတွေယူဆောင်လာပေးတယ်၊ရှေ့ဆက်ရမယ့်လမ်းကြောင်းကိုရပ်တန့်နေစေတယ်လို့ဖုန်းရွှေနည်းအရဆိုထားပါတယ်။နာရီတွေပျက်နေရင်အမြန်ဆုံးပြင်ပြီးလုံးဝသုံးလို့မရတော့ဘူးဆိုရင် ချက်ချင်းလွှင့်ပစ်လိုက်ပါ။ (၂)ပန်းပင်အသေ သို့မဟုတ် ခြောက်သွေ့နေတဲ့ပန်းပင်များ အိမ်ရဲ့ပတ်ဝန်းကျင်မှာကောင်းမွန်တဲ့စွမ်းအင်တွေစီးဆင်းနေစေဖို့ ပန်းပင်သေတွေ၊ခြောက်သွေ့နေတဲ့ပန်းပင်တွေမရှိပါစေနဲ့။အသက်ဝင်လှုပ်ရှားမှုမရှိတဲ့ပန်းပင်တွေအိမ်မှာရှိနေတာဟာ စွမ်းအင်သေတွေပဲယူဆောင်လာပေးပြီး မကောင်းတဲ့အညံ့တွေကိုပဲရောက်လာစေပါတယ်။ ပန်းပင်စိုက်ထားရင် ရေအမြဲလောင်းပေးပြီး အပင်က လုံးဝမရှင်နိုင်တော့ဘူးဆိုရင်လည်း ရှင်းလင်းခုတ်ထွင်လိုက်ပါ။ (၃)ပြက္ခဒိန်အဟောင်းများ နာရီအပျက်တွေအိမ်မှာရှိနေရင်ကံဆိုးစေသလိုပဲ နှစ်ကျော်၊ရက်ကျော်နေတဲ့ ပြက္ခဒိန်အဟောင်းတွေအိမ်မှာထားထားတာကလည်း ကံမကောင်းမှုတွေဖြစ်စေပါတယ်။ဖုန်းရွှေနည်းအရ အချိန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကို မှန်မှန်ကန်ကန်မထားဘူးဆိုရင် မကောင်းတဲ့ကံကြမ္မာကိုဖြစ်ပေါ်စေပြီး အသက်အန္တရာယ်ထိခိုက်တာမျိုးတောင်ဖြစ်စေတယ်လို့ဆိုထားပါတယ်။ဒါကြောင့်လက်ရှိခုနှစ်ရဲ့ပြက္ခဒိန်တစ်ခုသာထားပြီး အဟောင်းတွေကိုလွှင့်ပစ်ပါ။ (၄)မှန်ကွဲများ မှန်သို့မဟုတ် ဖန်ခွက်ကွဲသွားတဲ့အခါ ချက်ချင်းလွှင့်ပစ်ပါ။နောက်မှလွှင့်ပစ်မယ်ဆိုပြီး မသိမ်းထားပါနဲ့။မှန်ကွဲဖန်ကွဲတွေအိမ်မှာရှိနေတာဟာ မကောင်းတဲ့အညံ့အဆိုးတွေကိုယူဆောင်လာစေပါတယ်။ သုံးလို့ရသေးတယ်ဆိုပြီး မထားပဲ လွှင့်ပစ်ပြီးအသစ်တစ်ခုနဲ့အစားထိုးပါ။ အိမ်မှာပဲဖြစ်ဖြစ် ရုံးမှာပဲဖြစ်ဖြစ် ဖန်နဲ့လုပ်ထားတဲ့စားပွဲမျိုးမထားဖို့လည်း ဖုန်းရွှေပညာရှင်တွေက သတိပေးထားပါတယ်။ အလွယ်တကူကွဲအက်လွယ်တဲ့အတွက် အခွင့်အရေးကောင်းတွေနဲ့ငွေကြေးလာဘ်လာဘပိတ်တတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်သတိပေးစကားဆိုထားတာပဲဖြစ်ပါတယ်။ (၅)ဆုံးပါးသွားသူတွေရဲ့ပစ္စည်းများ ကိုယ့်ရဲ့မိသားစု၊ဆွေမျိုးတွေထဲက ချစ်ရတဲ့သူတစ်ယောက်ယောက်ဆုံးပါးသွားတဲ့အခါသူတို့ရဲ့အမှတ်တရပစ္စည်းလေးတွေကို ချက်ချင်းလွှင့်ပစ်ဖို့ကတော့ခက်ခဲပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုမျိုးဆုံးပါးသွားသူတွေနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေကို သိမ်းထားတာမျိုးရှိရင် အိမ်မှာမထားပါနဲ့လို့ ဖုန်းရွှေပညာရှင်တွေကဆိုထားပါတယ်။ ဖုန်းရွှေနည်းအရ သေဆုံးသွားသူတွေရဲ့ဓာတ်ပုံတွေကို အိပ်ခန်းထဲမှာချိတ်ဆွဲထားရင် အခက်အခဲတွေကြုံလာရတတ်တယ်လို့လည်း ပြောထားပါတယ်။တစ်ချို့ဆိုရင် မွေးထားတဲ့ခွေးလေးကြောင်လေးတွေ သေသွားတဲ့အခါသူတို့ရဲ့အရိုးပြာကို သိမ်းထားလေ့ရှိပါတယ်။ အဲ့ဒီလိုသိမ်းထားတာဟာ ကျန်းမာရေးနဲ့ငွေကြေးပြဿနာတွေကြုံလာရစေပါတယ်။ ဒါလေးတွေကတော့ ဖုန်းရွှေအဆိုအရ အိမ်ထဲမှာထားမိရင် မကောင်းတဲ့ကံတွေ၊အညံ့တွေရောက်လာစေတတ်တဲ့အရာတွေပဲဖြစ်ပါတယ်။ ဖုန်းရွှေပညာရိုးရာနည်းလမ်းတွေကိုယုံကြည်သက်ဝင်တဲ့သူတွေအနေနဲ့ လာဘ်လာဘတွေ၊ကံတွေပွင့်လန်းချင်တယ်ဆိုရင် ဒီပစ္စည်းလေးတွေကို အမြန်ဆုံးဖယ်ရှားလိုက်ပါ ။မိတ်ဆွေတို့သိထားတဲ့ဖုန်းရွှေနည်းအရ ကံဆိုးစေတဲ့ပစ္စည်းလေးတွေအကြောင်းလည်းမျှဝေပေးခဲ့ပါဦးနော်။ နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ထဲကိုလာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ အိမ်ထဲမှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဒီလို ဖုန်းရွှေနည်းလမ်းတွေပြုလုပ်ပါ သင့်ကလေး IQ ရော EQ ပါ ကောင်းစေဖို့ ဒီလိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပါ လက်ဖက်ရည်အေးကပေးတဲ့ ကျန်းမာရေးဆိုးကျိုး (၈) ခု Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties