By Ra Wai, Shweproperty.com
Updated at 7 February 2022
ဖုန်းရွှေဆိုတာ ဖုန်းရွှေဆိုသည်မှာ လေနှင့်ရေဟု အဓိပ္ပါယ်ရသည်။တရုတ်ပညာရှင်များက သဘာဝဘေးအန္တရာယ်များဖြစ်သော လေနှင့်ရေ ဘေးမှ ကာကွယ်ရန် တီထွင်ခဲ့ခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်မူ ဖုန်းရွှေပညာရပ်ကို အိမ်တည်ဆောက်မှုအပိုင်းနှင့် အလုပ်အကိုင် ပိုမိုကောင်းမွန်စေရေး အတွက်အသုံးပြုလာကြသည်။ ဖုန်းရွှေ ကိုယ်စားပြုအပိုင်းများ ဖုန်းရွှေနည်းပညာအရ အိမ်ကိုရှစ်ပိုင်းခွဲခြမ်းနိုင်သည်။ အိမ်၏ဝင်ပေါက်နှင့်တည့်တည့် အိမ်အလယ်ပိုင်းသည် ပိုင်ရှင်၏ အလုပ်အကိုင်ကို ကိုယ်စားပြုသည်။ ယင်းအနေအထားမှ ညာဘက်သို့ ၄၅ ဒီဂရီစောင်းလိုက်သောအခါ ဗဟုသုတအပိုင်းသို့ရောက် သည်။ ၄၅ ဒီဂရီအချိုးတိုင်းသည် အိမ်၏ ကျန်းမာရေး၊ ကြွယ်ဝမှု၊ အောင်မြင်မှု၊ အိမ်ထောင်ရေး၊ မိသားစုနှင့် သြဇာ အာဏာတို့ကို ကိုယ်စားပြုသွားမည်ဖြစ်သည်။ အိမ်တစ်ခုလုံး၏ ကြမ်းခင်းဧရိယာပေါ်တွင် အဌဂံဆွဲ လိုက်သောအခါ အပိုင်း များကို ခွဲစိတ်ရန် ပို၍လွယ်ကူသွားမည်ဖြစ်သည်။ စွမ်းအားဖြည့်ပေးခြင်း ဆောင်ရန် သက်ဆိုင်ရာအစိတ်အပိုင်းများကို ပိုမိုစွမ်းအားရှိစေရန် အားဖြည့်ပေးမှု လုပ်ဆောင်ရန်လိုအပ်သည်။ဥပမာ ကျန်းမာရေးကို ကိုယ်စားပြုသော အစိတ်အပိုင်းတွင် မိသားစုပုံများ ချိတ်ဆွဲထားခြင်းဖြင့် အိမ်ရှိလူများ၏ ကျန်းမာရေးကို ကောင်းမွန်စေသည်။ မိသားစုအစိတ်အပိုင်းတွင် မိမိ၏ဆွေမျိုးကလေးငယ်များ၏ပုံကို ချိတ်ဆွဲထားသင့်သည်။ အကြီးအကဲများ၏ အကူအညီကို ရယူလိုပါက သြဇာအာဏာအပိုင်းတွင် မိမိကိုးကွယ်ယုံကြည်သော ဘာသာရေးနှင့်ဆိုင်သည့်ပစ္စည်းများကို ထည့်သွင်းထားသင့်သည်။ မိမိ၏ အိမ်ထောင်ရေးသာယာချမ်းမြေ့စေရန် အိမ်ထောင်ရေးအပိုင်းထဲတွင် ဖယောင်းတိုင် ထည့်ထွန်းသည့် တိုင်နှစ်တိုင်ကို ထည့်သွင်းရသည်။ ထို့ပြင် ထမင်းစားခန်းထဲတွင်ကြည့်မှန်ထားရှိခြင်းဖြင့် အစာရေစာပေါများစေသည်ဟု ယုံကြည်ကြသည်။ ငါးကန်များ ထားရှိခြင်းသည်လည်း အိမ်၏ဝင်ငွေကိုတိုးစေသကဲ့သို့ အိမ်သားများကိုလည်း အေးချမ်းမှု ဆောင်ကြဉ်းပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ရှောင်ရန် အံဆွဲထဲတွင် ပစ္စည်းများအပြည့်ထည့်ထားခြင်းသည် စီးပွားရေးဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေသည်။စာအုပ်စင်ပေါ်တွင် စာအုပ်များပြည့်ကျပ်စွာတင်ထားခြင်းသည် အသိပညာဖွံ့ဖြိုးမှုကို ရပ်တန့်စေသည်။ မျက်နှာကြက်တွင် ပစ္စည်းအများအပြား ချိတ်ဆွဲခြင်းသည် စိတ်ဓာတ်ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် မီးဖိုပေါ်တွင် ဒယ်အိုးချိတ်ဆွဲခြင်းသည် အိမ်၏ ငွေရေးကြေးရေးအခြေအနေကို ဆိုးရွားစေသောကြောင့် ရှောင်ကျဉ်သင့်သည်။ အိပ်ရာဘေးနံရံပေါ်တွင် နံရံကပ်စင်ရိုက်ခြင်း သည် အိပ်ရေးပျက်ခြင်း၊ စွမ်းအင်ကုန်ခမ်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ အိပ်ရာအောက်တွင် စာအုပ်၊ ဗွီဒီယို၊ တီဗွီကဲ့သို့သော ပစ္စည်းအမာများ သိမ်းဆည်းထားခြင်းသည်လည်း အိပ်ရေးပျက်ခြင်းနှင့် အနားမည်မျှယူသည်ဖြစ်စေ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်ပေါ်စေသည်။ အိမ်ထဲတွင် မိသားစုဓာတ်ပုံများကို ပြန့်ကျဲပြီးမထား ရပေ။ အရေးကြီးဆုံးအချက်မှာ မိမိ၏အဖိုးတန်လက်ဝတ်ရတနာများကို တွေ့ရာဘူးများတွင် ထည့်သွင်းသိမ်းဆည်းခြင်းမပြုရန် ဖြစ်သည်။ ယင်းတို့နှင့်ထိုက်တန်သော ဘူးများအတွင်းတွင် သိမ်းဆည်းသင့်သည်။ ဈေးပေါသောဘူးများကို အသုံးပြုခြင်းဖြင့် ပစ္စည်း၏အစွမ်းသက်ရောက်မှုကိုလျော့ကျစေပြီး ဝတ်ဆင်သူကိုလည်း စိတ်ဓာတ်ကျဆင်းမှုဖြစ်စေသည်။ ဖုန်းရွှေနည်းအရ သိနိုင်သောအရောင်များ၏စွမ်းအား ဖုန်းရွှေနည်းအရ အိမ်တစ်အိမ်တွင်သုတ်ထားသောအရောင်များမှာ အိမ်တွင်နေထိုင်သောသူများ၏ စိတ်ခံစားချက်နှင့် ကျန်းမာ ရေးတွင် အကျိုးသက်ရောက်မှုရှိသည်။ အရောင်တိုင်းတွင် ကိုယ်ပိုင်စွမ်းအားများရှိပြီး ယင်းတို့သည် အခန်းတွင်း နေထိုင်သူ၏ ခံစားချက်ကို ပြောင်းလဲပေးနိုင်သည်။ အနီရောင် အခန်းတွင်းတွင် အနီရောင်သုတ်ခြင်းအားဖြင့် နေထိုင်သူကို တက်ကြွသော၊ သြဇာရှိသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ အခြားတစ်ဖက်တွင် အနီရောင်သည် စိတ်လှုပ်ရှားတတ်သူတစ်ယောက်အတွက် စိတ်ဖိစီးမှုဖြစ်ပေါ်စေသည်။ အိပ်ခန်းတွင်းတွင် အနီရောင် အသုံးပြုလျှင် အနားယူစရာအိပ်ခန်းကောင်းတစ်ခု ဖြစ်မလာနိုင်တော့ပေ။ အားကစားခန်းမများအတွက်မူ အနီရောင်မှာ အသင့်တော်ဆုံးနှင့် အသုံးသင့်ဆုံးအရောင် တစ်ခုဖြစ်သည်။ ပန်းရောင်တွင် အဆိုပါ စွမ်းအားများရှိသော်လည်း အနီရောင်လောက် စွမ်းအားမမြင့်ပေ။ လိမ္မော်ရောင် လိမ္မော်ရောင်အခန်းများသည် ပျော်ရွှင်သောစိတ်ခံစားမှုကို ပေးစွမ်းနိုင်သည်။လိမ္မော်ရောင်ကို ထမင်းစားခန်းနှင့် မိသားစု အခန်းများတွင် အသုံးပြုခြင်းအားဖြင့် အစာစားလိုမှုကို ပိုမိုဖြစ်ပေါ်စေသည်။ အဝါရောင် စိတ်ကြည်လင်ခြင်း၊ ပျော်ရွှင်ခြင်းစသော ခံစားချက်များကို အဝါရောင်အခန်းမှ ရရှိနိုင်သည်။ အဝါရောင်သည် ဦးနှောက်၏ ဘယ်ဘက်ခြမ်းအား ကိုယ်စားပြုသည်ဟု ယုံကြည်ကြသည်။ အဝါရောင်ကို ရုံးခန်းအတွင်းတွင် အသုံးပြုခြင်းအားဖြင့် စိတ်ကူး များ ပိုမိုကွန့်မြူးစေနိုင်သည်မှာ မှန်သော်လည်း စိတ်အနားမရစေနိုင်သောကြောင့် နံရံတစ်ခုလုံးအတွက် အသုံးပြုခြင်းထက် အစိတ်အပိုင်းတစ်ခု အတွက်သာအသုံးပြုရန် ပိုမိုသင့်လျော်သည်။ အစိမ်းရောင် အစိမ်းရောင်မှာ ငြိမ်းချမ်းမှုနှင့် တက်ကြွမှုကို တစ်ပြိုင်တည်းပေးနိုင်သည်။ စိတ်ရှုပ်ထွေးနေသူများနှင့် အနားယူရန် လိုအပ် နေသူများအတွက် လိုအပ်သောစွမ်းအင်ကို အစိမ်းရောင်အခန်းမှ ပေးနိုင်သည်။ အပြာရောင် အပြာရောင်တွင် ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်းစသော စွမ်းအားများရှိသောကြောင့် အိပ်ခန်းများနှင့် တရားထိုင်သော အခန်းများ တွင် အသုံးပြုသည်။ အိပ်မပျော်သောသူများအနေဖြင့် အပြာရောင်အခန်းတွင် အိပ်စက်ခြင်းအားဖြင့် အိပ်ပျော်ရန် လွယ်ကူ စေသည်။ ခရမ်းရောင် ခရမ်းရောင်သည် သက်တောင့်သက်သာဖြစ်သော ခံစားချက်ကိုဖြစ်ပေါ်စေသည်။ ခရမ်းရောင်အခန်းအတွင်းတွင် ယုံကြည်မှု၊ သစ္စာရှိမှုစသော ခံစားချက်များဖြစ်ပေါ်စေသည်။ သို့သော် အခန်းတစ်ခုလုံးအတွက် ခရမ်းရောင်အသုံးပြုရန်မှာမူ မသင့် လျော်ပေ။ ခရမ်းရောင်အနုမှာမူ တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်သည်။ အဖြူရောင် အဖြူရောင်၏ သန့်စင်သောစွမ်းအားကြောင့် အခန်းတိုင်းအတွက် အသုံးပြုရန်သင့်လျော်သော်လည်း တစ်ခန်းလုံးအတွက် အသုံးပြုခြင်းမှာမူ အထီးကျန်ဆန်သော ခံစားမှုဖြစ်စေသည်။ မျက်နှာကြက်တွင် အဖြူရောင်အသုံးပြုခြင်းမှာမူ အခန်းကို လင်းစေသောကြောင့် အသုံးပြုသင့်သည်။ အနက်ရောင် အနက်ရောင်သည် ငွေကြေးနှင့်ဝင်ငွေကို ကိုယ်စားပြုသည်။ လုပ်ငန်းခွင်မှ သူများအနေဖြင့် အနက်နှင့် သတ္တုကို တွဲဖက်သုံးစွဲခြင်းအားဖြင့် ငွေကြေးကံကောင်းစေသည်။ ဖုန်းရွှေနည်းအရ အနက်ရောင်သည် ပါဝါကိုတိုးမြင့်စေသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ဖုန်းရွှေဟောတမ်းအရ ကံကောင်းစေသော အိမ်သုတ်ဆေးအရောင်များ သင့်အိမ်မှာ WALL PAINTING တွေကိုပိုမိုတာရှည်ခံချင်ပါသလား အိမ်တွင်းဖောက်ထွင်းမခံရအောင် ကာကွယ်နည်းများ သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ Credit By: sayar Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties