By Wut Yee Htun (Shweproperty.com), Shweproperty.com
Updated at 20 June 2017
မြန်မာ့စီးပွားရေးမှာ အိမ်ခြံမြေကဏ္ဍဟာလည်း အရေးပါတဲ့ စီးပွားရေးတစ်ခုဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍမှာ လုပ်ငန်း ချဲ့ထွင်မှုတွေများလာလေလေ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ တိုးတက်လာလေပဲ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ များပြားလာတာနဲ့ အမျှ နိုင်ငံရဲ့ အခွန်ဝင်ငွေတွေ တိုးတက်လာမှာဖြစ်သလို၊ နိုင်ငံတကာ ရဲ့ အာရုဏ်စိုက်မှုရလာမှာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုမိုဝင်ရောက်လာမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေကဏ္ဍမှာ အရစ်ကျစနစ်နဲ့ဝယ်လိုအားလည်း များလာသလို၊ ဘဏ်ချေးငွေရယူမှုနဲ့ အိမ်ရာဝယ်ယူမှုတွေ ကလည်း ခေတ်စားလာပါတယ်။ ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ယူလို့ရတဲ့အပြင် စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း ချေးငွေရယူနိုင်ပါတယ်။ ဘဏ်ချေးငွေရယူမယ်ဆိုရင် ယေဘုယျအားဖြင့် အချက် (၂)ချက်ရှိပါတယ်။ (၁) ရှင်သန်တိုးတက်မှုရှိသောစီးပွားရေးလုပ်ငန်းနဲ့ (၂) ဘဏ်မှအပေါင်ပစ္စည်းအနေနဲ့ ရယူထားနိုင်မည့် အာမခံပစ္စည်း ပဲ ဖြစ်ပါတယ်။ ဘဏ်ချေးငွေထုတ်ချေးပေးတဲ့ လုပ်ငန်းနဲ့ ပစ္စည်းတွေအားလုံး ဟာ ဒီအချက်နှစ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။
ဘဏ်မှငွေချေးမယ်ဆိုရင် ငွေချေးယူမယ့် ဘဏ်မှာ သတ်မှတ်ထားတဲ့ လျှောက်လွှာ ပုံစံကို ဖြည့်စွက်ရမှာ ဖြစ်ပြီး ဘဏ်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့လျှောက်လွှာတွေကို ရက်ပိုင်းအတွင်း ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ ဘဏ်ချေးငွေရယူဖို့ခက်ခဲစေမယ့် အရာကတော့ ချေးငွေရယူမယ့်သူရဲ့ ဝင်ငွေမပြနိုင်တာပဲဖြစ်ပါတယ်။
ဘဏ်ချေးငွေစနစ်နဲ့ အိမ်ရာဝယ်ယူမယ့်သူတွေဟာ သတ်မှတ်ချက်နဲ့ ကိုက်ညီလို့ အငှားဝယ်စနစ်(Hire Purchase)နဲ့ ချေးငွေရပြီဆိုရင် အိမ်ရာပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ အိမ်ရာဝယ်ယူဖို့အခက်အခဲ ရှိနေတဲ့ သူတွေဟာ ဘဏ်ချေးငွေရယူပြီး ကိုယ့်ရဲ့ဝင်ငွေနဲ့သင့်တော်ရဲ့ အိမ်ရာမျိုးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဘဏ်ချေးငွေရလာပြီဆိုရင် ဘဏ်ရဲ့သတ်မှတ်ချက်စာချုပ်နဲ့ ကိုက်ညီတဲ့ အရစ်ကျပေးချေမှုကို ပုံမှန် ပေးသွင်း ရမှာပဲဖြစ်ပါတယ်။
“ အငှားဝယ်စနစ်အရ ကျွန်တော်တို့နဲ့စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေက ရောင်းတဲ့တိုက်ခန်းတွေကို လာဝယ်တဲ့ သူတွေကို ငွေကြေးထောက်ပံ့ပေးတယ်။ အများဆုံးအနေနဲ့ (၁၅)နှစ်အထိ ချေးငွေပေးထားတယ်။ ဒါက ရွှေတောင်နဲ့ ဆောက်တဲ့ တိုက်ခန်းတွေကို ပေးထားတာပေါ့နော်။ များသောအားဖြင့်ကတော့ (၁၀)နှစ်ထိ အရစ်ကျပေးပါတယ်။ ဝယ်မယ့်သူက (၃၀)ရာခိုင်နှုန်း ဘဏ်ကိုပေးရင် ဘဏ်က (၇၀)ရာခိုင်နှုန်း ပြန်ပေးပြီး ကုမ္ပဏီကိုငွေချေ ပေးတယ်။ အိမ်ဝယ်ချင်တယ်၊ ပိုက်ဆံမရှိဘူး ဒါပေမယ့် ပုံမှန်လစာသတ်မှတ်ချက်နဲ့ ကိုက်ညီ တယ်ဆိုရင် ကျွန်တော်တို့ဘဏ်ကနေ စဉ်းစားပေးပါတယ်” လို့ AYA Bank, Cooperate Banking, Assistant Vice President ဖြစ်သူ ကိုဇာနည်လင်းက ရှင်းပြပါတယ်။
AYA Bank ရဲ့ အဓိကအချက်ကတော့ အငှားဝယ်စနစ်နဲ့အိမ်ဝယ်မယ့်သူရဲ့ ဝင်ငွေဖြစ်ပြီး၊ ဝင်ငွေရတဲ့ နေရာတွေကို ဘဏ်ဘက်ကလေ့လာပြီး သတ်မှတ်ချက်နဲ့ကိုက်ညီမှု ရှိမရှိနဲ့ ချေးငွေလျှောက်တဲ့အခါမှာ တစ်ယောက်တည်း လျှောက်လို့မရဘဲ နှစ်ယောက်တွဲလျှောက်ထားရမှာဖြစ်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ မှတ်ပုံတင်၊ သန်းခေါင်စားရင်းနဲ့ ဘဏ်အကောင့်ဖွင့်ရမှာဖြစ်ပါတယ်။
“Hire Purchase Market က တက်လာတယ်။ ဒါပေမယ့် ကားနဲ့ အိမ်မှာဆိုရင် ကား(၁၀)စီးမှာ အိမ်တစ်အိမ်နဲ့ ညီမျှနေတယ်။ အိမ်က ဈေးမြင့်တာကြောင့်ပေါ့နော်။ မြန်မာပြည်မှာ အခက်အခဲတစ်ခုရှိတာက ဝင်ငွေ အထောက်အထားပြတဲ့နေရာမှာ အခက်အခဲတော်တော်ရှိတယ်။ တော်တော်များများက ဝင်ငွေရှိတယ် ၊ ဒါပေမယ့် အလုပ်လုပ်နေတဲ့ ကုမ္ပဏီအထောက်အထားမျိုး မပြနိုင်ဘူး။ ဥပမာ- ပွဲစားဆိုရင် ဝင်ငွေရှိတယ်။ ဒါပေမယ့် ဝင်ငွေရှိကြောင်းပြမယ့် အထောက်အထားမရှိတာများတယ်။ “ လို့ ကိုဇာနည်လင်းက ဆက်ရှင်းပြပါ တယ်။
မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်နေတဲ့ အိမ်ရာတွေကို ဝယ်ယူချင်တယ်ဆိုရင် CHD Bank မှာ ငွေစုပြီး နှစ်ရှည်ချေးငွေစနစ်နဲ့ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ CHD Bank မှာ ငွေစုပြီးမှသာ အိမ်ရာတွေကို ဝယ်ယူနိုင်မှာဖြစ်ပြီး၊ ဝန်ထမ်းဖြစ်ပါက ဌာနရဲ့ထောက်ခံစာ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူ ဖြစ်ပါက လုပ်ငန်းလိုင်စင်ထောက်ခံစာ၊ ဝင်ငွေခွန်၊ ရပ်ကွက်ထောက်ခံစာ စတဲ့သတ်မှတ်ချက်တွေနဲ့ လျှောက်ထားရမှာ ပဲဖြစ်ပါတယ်။တန်ဖိုးနည်းအိမ်ရာတွေကို အများဆုံး(၁၀)နှစ်ထိ အရစ်ကျပေးချေနိုင်မှာ ဖြစ်ပါတယ်။
“ မြန်မာနိုင်ငံမှာ အိမ်ရာလိုအပ်ချက်က ဒီထက်မက များပြားနေတာကြောင့် ဘဏ်ချေးငွေစနစ်နဲ့ အိမ်ရာ ဝယ်ယူမှုတွေက ဒီထက်မက များပြားလာဦးမယ်” လို့ CHD Bank ရဲ့ Assistant Marketing Manager ကိုဟိန်းဝေနောင်က မှှတ်ချက်ပေးခဲ့ပါတယ်။
တန်ဖိုးသိန်း (၂၅၀) ကနေစတဲ့ အိမ်ရာစီမံကိန်းတွေကို မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျဝယ်ယူနိုင်မည့် အိမ်ခြံမြေပြပွဲကြီးကို တက်ရောက်လိုပါက စာရင်းသွင်းရန် နှိပ်ပါ
Written By : Wut Yee Htun (Shweproperty.com)
Posted By : Wai Phyoe (Shweproperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties