By Ra Wai, Shweproperty.com
Updated at 7 August 2020
ပြည်သူများနေထိုင်ရေးအဆင်ပြေစေရေး နေပြည်တော် ၊ရန်ကုန်၊မန္တလေးတို့တွင် အိမ်ခန်းပေါင်း ၁၀၀၀၀ ဆောက်လုပ်မှု အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပန္နက်တင်မင်္ဂလာကို ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်းပြုလုပ်ခဲ့သော အဆိုပါ အခမ်းအနားပြုလုပ်ခဲ့သော နေရာတွင်အိမ်ခန်းပေါင်း ၆၀၀၀ကျော် ပါဂင်မည့်စီမံကိန်းကိုတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအိမ်ရာဆောက်လုပ်မှုတွင်ဝန်ထမ်းများ ၊ အငြိမ်းစားဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများနေထိုင်ရေး အဆင်ပြေစေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းပေါများစေရန်တို့အတွက်လည်းထည့်သွင်းစီစဉ်ထားကြောင်းသိရသည်။
အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဆိုင်ရာ ယင်းတွင်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်အသင်း ၃ မှ ကုမ္ပဏီပေါင်း၂၀၀ ကျော်ပါဝင်တည်ဆောက်ကြမည် ဖြစ်ကြောင်း သိရသည်။
"နေပြည်တော်မှာက အခန်း၇၀၀ကျော်၊မန္တလေးမှာက အခန်း၃၀၀၀ကျော်ဆက်လက်တည် ဆောက်မှာဖြစ်တယ် လို့သိရပါတယ်၊ကိုဗစ်ကာလမှာပြည်သူတွေ အလုပ်အကိုင်ရရှိဖို့၊စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်တိုးတက်ဖို့ ၊ပြည်သူတွေ နေထိုင်ရေးအဆင်ပြေစေဖို့အစိုးရက ဆောင်ရွက်ပေးတဲ့ အစီအစဉ်တစ်ခုပါ"ဟု ဆောက်လုပ်ရေး ဆိုင်ရာ အသင်း တစ်သင်း၏တာဝန်ရှိသူက ပြောသည်။
Credit : Pyi Myanmar
Posted by :Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties