By The Voice, Shweproperty.com
Updated at 30 October 2017
ရန်ကုန်မြို့တော်တွင် အလုပ်လုပ်ရန် အနယ်နယ် အရပ်ရပ်မှ တက်လာသည့် မိသားစုများအတွက် လှိုင်သာယာနှင့် ရွှေပြည်သာတွင် တိုက်ခန်းပေါင်း တစ်သိန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
တိုက်ခန်းများ တည်ဆောက်နိုင်ရေးအတွက် မြေယာ အရှုပ်အရှင်းများ၊ စီမံကိန်းတွင် ပါဝင်သော လုပ်ငန်းစဉ်များကို ဒီဇင်ဘာလတွင် စတင် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန်အတွက် စည်ပင်သာယာ ဥပဒေကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။
“ရွှေပြည်သာ၊ လှိုင်သာယာအပြင် ကြည်မြင့်တိုင် တစ်ဖက်ကမ်းမှာလည်း တစ်သိန်းလောက်ဆောက်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါ တိုက်ခန်းပေါင်း တစ်သိန်းကို ရန်ကုန်တိုင်းအစိုးရအနေနှင့် ကုမ္ပဏီများ စည်ပင်သာယာနှင့်ပူးပေါင်း၍ ဆောက်လုပ်သွားရန် အကြမ်းဖျင်း လုပ်ငန်းစဉ်များမှာ ပြီးစီးနေပြီဖြစ်သည့်အတွက် မကြာမီ ကာလအတွင်း ကျူးကျော်ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် ရွှေပြည်သာ၊ လှိုင်သာယာ၌ ကျူးကျော်ပေါင်း နှစ်သိန်းကျော်ရှိပြီး ယင်းပြဿနာကို ဖြေရှင်းနိုင်မှသာ မြေ ဈေးလည်း အထိုက်အလျောက် ကျဆင်းမည်ဖြစ်ကာ စက်မှုဇုန်များအတွက်လည်း မြေနေရာများ ရရှိမည်ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
Ref : The Voice
Photo Credit : Social
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties