By Myanmar President Office, Shweproperty.com
Updated at 24 July 2017
နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနေထိုင်ရေး စိတ်အေးစေရန် အတွက် နေပြည်တော်ကောင်စီနယ်မြေတွင် တည်ဆောက်မည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈နာရီတွင် ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးအနီးရှိ အိမ်ရာဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးကျော်ဝင်း၊ ဦးဝင်းခိုင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်းများအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဖိတ်ကြားထား သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးကျော်ဝင်း၊ ဦးဝင်းခိုင်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့က သတ်မှတ်နေရာများတွင် ပန္နက်တော်တင်၊ တွင်းတော် ဝန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နေပြည်တော် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ပန္နက်တော်တင်ခြင်း အခမ်းအနားနှင့်စပ်လျဉ်း၍ မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများ နှင့်အညီ ဆောင်ရွက်ပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာသည့် ဧည့်သည်တော် များနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးအနီး နေပြည်တော်မြို့ပတ်လမ်းဘေးရှိ ဧရိယာ ၂၁ ဒသမ ၈၄ ဧက ကျယ်ဝန်းသည့် မြေနေရာတွင် တစ်ခန်းလျင် စတုရန်းပေ ၁၀၀၀ အကျယ်အဝန်းရှိသည့် ၄ ခန်းတွဲ ၅ ထပ်အိမ်ရာ ၁၀ လုံး၊ တစ်ခန်းလျင် စတုရန်းပေ ၈၉၇ အကျယ်အဝန်းရှိသည့် ၄ ခန်းတွဲ ၅ ထပ် အိမ်ရာ ၁၀ လုံး၊ တစ်ခန်းလျင် စတုရန်းပေ ၇၅၆ အကျယ်အဝန်းရှိသည့် ၁၂ ခန်းတွဲ ၅ ထပ် အိမ်ရာ ၈ လုံး၊ တစ်ခန်း လျင် စတုရန်းပေ ၅၀၂ အကျယ်အဝန်း ရှိသည့် ၁၂ ခန်းတွဲ ၅ ထပ် အိမ်ရာ ၅ လုံး တို့ကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar President Office
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties