By 7daydaily, Shweproperty.com
Updated at 14 October 2016
ရန်ကုန်မြို့ရှိ အဆောက် အအုံများ ငလျင်ဒဏ်ခံနိုင်ရည် ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပြီး ပထမဦးစားပေးအဖြစ် အများပြည်သူ သုံးအဆောက်အအုံများကို စတင်စစ်ဆေးမည်ဟု ရန်ကုန်မြို့တော် ဝန်ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။ ရန်ကုန်မြို့သည် ငလျင် ကြောပေါ်တွင် တည်ရှိနေ၍ ရန် ကုန်မြို့ကြီး၏လူနေအဆောက် အအုံများ မြေငလျင်ဒဏ်ခံနိုင် သည့် အရည်အချင်းရှိ၊ မရှိ စိစစ် ရန် လိုအပ်သဖြင့် ယင်းအဆောက်အအုံများကို စစ်ဆေးဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိ တာမွေ မြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသိန်းမြင့် က ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်အစည်းအဝေးတွင် မေးမြန်း ခြင်းဖြစ်သည်။
‘‘အများပြည်သူသုံးတဲ့ ဆေး ရုံတွေ၊ ဆေးခန်းတွေ၊ မီးသတ်အ ဆောက်အအုံတွေ၊ စာသင် ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ သာသနိက အဆောက် အအုံတွေ နဲ့ အဓိကလမ်းပန်းဆက်သွယ်ပေး နေတဲ့ လမ်းတံတားတွေကို ပထမ ဦးစားပေးအဆင့်အနေနဲ့ ငလျင် ဒဏ်ခံနိုင်ရည်ရှိ၊ မရှိ ဆန်းစစ်လေ့ လာမည်ဖြစ်ပြီးတော့ ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်းနဲ့ ဈေးဝယ်စင်တာတွေကို သူတို့အစီအစဉ်နဲ့ ငလျင်ဒဏ်ခံနိုင်ရည်ရှိ၊ မရှိ ဆန်းစစ်ဖို့ ညွှန်ကြား ချက်တွေ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ အဲဒီဆန်းစစ်ချက်တွေအပေါ် အခြေခံပြီးတော့ အားဖြည့်ပြင်ဆင်မှုအနေနဲ့ လုံလောက်မှုမရှိတဲ့ အဆောက် အအုံတွေ ငလျင်ဒဏ်ခံနိုင်ရည်ရှိဖို့ အတွက် လိုအပ်တဲ့ အဆောက် အအုံတွေနဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေကို ခွဲခြားသတ်မှတ်ပြီးတော့ အစီရင်ခံပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်’’ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။
ရန်ကုန်မြို့တွင် သုံးထပ်အ မြင့်သော အဆောက်အအုံများကို ငလျင်ဒဏ်ခံနိုင်သည့်ဒီဇိုင်းများ ထည့်သွင်းရေးဆွဲရန် ၂၀၁၀ ပြည့် နှစ်ကတည်းက ညွှန်ကြားခဲ့ကြောင်း မြို့တော်ဝန်က ဆက်လက်ပြော ကြားသည်။
‘‘ငလျင်ကြောပေါ်မှာ ကျ ရောက်နေတဲ့ ရန်ကုန်မြို့ကြီးရဲ့ လူနေအဆောက်အအုံတွေကို ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေဖို့၊ ပြည်သူတွေရဲ့ အသက်အိုး အိမ် စည်းစိမ်တွေကို ကာကွယ်ဖို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လျော့ပါးရေးကြိုတင်ပြင်ဆင်မှု ဆိုင်ရာ အစီအစဉ်တွေ ဆောင် ရွက်နိုင်ဖို့အတွက် မြို့တော်အ ဆင့်ကော်မတီဖွဲ့ ဆောင်ရွက်ဖို့ အဖွဲ့ဖွဲ့ထားပါတယ်’’ဟု ၎င်းက ပြောကြားသည်။
ရန်ကုန်မြို့ကို ငလျင်အန္တ ရာယ်ကြိုတင်ကာကွယ်ရေးသတိ ပေးချက်ထုတ်ပြန်ပြီးနောက် စစ် ကိုင်းပြတ်ရွေ့နှင့် ၂၁ မိုင်ကျော် (၃၅ ကီလိုမီတာ ခန့်)တွင် ရှိနေ သော ရန်ကုန်မြို့၌ အင်အားပြင်း ငလျင်များ လှုပ်ခတ်နိုင်ခြေရှိ ကြောင်း ငလျင်ပညာရှင်များက သတိပေးထားသည်။
ငလျင်ပညာရှင်များက စစ် ကိုင်းပြတ်ရွေ့လှုပ်ရှားမည်ကို စိုး ရိမ်နေပြီး ယင်းပြတ်ရွေ့လှုပ်ရှား ပါက ရန်ကုန်မြို့တွင် ပြင်းအား ရစ်ချ်တာစကေး ၅ မှ ၇ အထက် ရှိ ငလျင်များ လှုပ်ခတ်နိုင်ခြေ ရှိ ကြောင်း ၎င်းတို့က ဆိုသည်။
Ref & Photo Credit : 7daydaily
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties