By Myanmar Builders Guide, Shweproperty.com
Updated at 23 December 2019
အဆောက်အအုံပြင်ဆင်စရိတ်ကို ကန်ထရိုက်တိုက် ခေါ်ဆိုသော စုပေါင်းပိုင်တိုက်များတွင် နေထိုင်ကြသူများ အားလုံးတွင်တာဝန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။
ကန်ထရိုက်တိုက်ဟု ခေါ်ဆိုသော စုပေါင်းပိုင်တိုက်များတွင် နေထိုင်ကြသူများအနေဖြင့် မိမိတို့ အဆောက်အဦပြင်ဆင်ရေးနှင့်ပတ်သက်၍ နေထိုင်ကြသူများအားလုံးတွင် တာဝန်ရှိပြီး နေထိုင်သူအားလုံးမှ ပြင်ဆင်စရိတ်ကို အညီအမျှကျခံရမည် ဖြစ်ကြောင်း၊ အဆိုပါ အဆောက်အအုံများကို ပြင်ဆင်နိုင်ရန်အတွက် BCID ကော်မတီအဖွဲ့များ အမြန်ဆုံးထူထောင်သွားပြီး အဆိုပါ BCID ကော်မတီ အဖွဲ့များမှ အကြံပြုချက်များ၊ လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာပြီး ဆောင် ရွက် သွားမည်ဖြစ်ပါကြောင်းဒုဝန်ကြီးက ပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် BCID Law နှင့် Estate Management Law များကို ရေးဆွဲလျက်ရှိပြီး အဆိုပါဥပဒေများ ပြဋ္ဌာန်းပြီးပါက ဆောက်လုပ်မှုကဏ္ဍကြီးတစ်ခုလုံးကိုလွှမ်းခြုံ၍တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံပိုင်အဆောက်အအုံကဏ္ဍ တွင်ပါ စံချိန်စံညွှန်း ပြည့်မီသည့် အဆောက်အအုံများကိုတည်ဆောက်နိုင်ရန်အတွက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties