By The Trade Times, Shweproperty.com
Updated at 4 September 2015
ရန်ကုန်မြို့အတွင်းရှိ အထပ် မြင့် အဆောက်အအုံဆိုင်ရာ စစ်ဆေး ရေးနှင့် စီမံကိန်းကြီးကြပ်စစ်ဆေး ရေးအဖွဲ့မှ အထပ်မြင့် အဆောက် အအုံများအား ပင်လယ်ရေမျက်နှာ ပြင် အထက် ၄၁၇ ပေ ထက် မကျော်လွန်ရ ဟူသော သတ်မှတ် ချက်ဖြင့် ခွင့်ပြုခဲ့သည့် အဆောက် အအုံပေါင်း ၅ဝ ခန့် ရှိကြောင်း သိရ သည်။
အဆိုပါ အဖွဲ့အစည်းမှ ပင်လယ် ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၁၇ ပေကို အမြင့်ဆုံးအတိုင်းအတာ သတ်မှတ်ကာ အထပ်မြင့် ၃၄ ထပ် အထိ ခွင့်ပြုပေးခဲ့ပြီး ထိုသို့ ခွင့်ပြုပေး ခဲ့သည့် အဆောက်အအုံပေါင်းမှာ အလုံးရေ ၅ဝ ခန့် ရှိပြီဖြစ်သည်။
”အထပ်မြင့် ၃၄ ထပ် ခွင့်ပြုခဲ့ တာက ဦးထွန်းငြိမ်းလမ်းထဲမှာပါ။ ၃၄ ထပ်အထိပဲ ခွင့်ပြုပေးတာတော့ မဟုတ်ပါဘူး။ မြေအနေအထားပေါ် မူတည်တွက်ချက်ရတာ ဖြစ်တဲ့ အတွက် တချို့ မြေနိမ့်ပိုင်းတွေဆို ၃၅ ထပ် ဖြစ်ချင်လည်း ဖြစ်မှာပါ”ဟု အထပ်မြင့် အဆောက်အအုံဆိုင်ရာ စစ်ဆေးရေးနှင့် စီမံကိန်းကြီးကြပ် စစ်ဆေးရေးအဖွဲ့ ဗိသုကာပညာရှင် ဦးခင်မောင်မောင်က ပြောသည်။
”အထပ်မြင့် အဆောက်အအုံနဲ့ ပတ်သက်ပြီး တင်ပြလျှောက်ထား တဲ့အခါမှာ နိုင်ငံတကာ အသုံးပြုတဲ့ စံချိန်စံညွှန်းအတိုင်း သတ်မှတ်ထား တယ်။ ဇုန် (၁)၊ (၂)၊ (၃) ဘယ်နေရာ မှာ ဆောက်မှာလဲ။ အဲဒီအတွက် ငလျင်ကော်မတီရဲ့ ခွင့်ပြုချက်ပါမပါ၊ ရန်ကုန်ဆို လေတိုက်နှုန်းက တစ် နာရီကို မိုင် ၁၂ဝ အထိ တိုက်တဲ့ အတွက် စံချိန်စံညွှန်းမမီလို့ မရဘူး။ အဲဒါတွေကို အသေးစိတ် စိစစ်ပြီးမှ ထောက်ခံ အကြံပြုချက် ပေးပါ တယ်”ဟု အထပ်မြင့်အဆောက် အအုံဆိုင်ရာ စစ်ဆေးရေးနှင့် စီမံ ကိန်း ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ ဗိသုကာပညာရှင် ဦးခင်မောင်မောင် က ပြောသည်။
အဆိုပါ အထပ်မြင့် အဆောက် အအုံများအား ခွင့်ပြုချက်ပေးရာတွင် မြေနေရာကျယ်ဝန်းပြီး ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများ၏ မျက်နှာစာ မကွယ်ပါက ခွင့်ပြုချက် ပေးသလို ပတ်ဝန်းကျင်ကို အနှောင့် အယှက်မဖြစ်ပါက ခွင့်ပြုချက် ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ အထပ်မြင့် အဆောက် အအုံများအား မြေနေရာမှန်၊မမှန်နှင့် ခွင့်ပြုချက်ပေးခြင်း စသည့် လျှောက် ထားမှုများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ¤င်းကော်မတီမှတစ်ဆင့် အထပ်မြင့် အဆောက်အအုံဆိုင်ရာ စစ်ဆေး ရေး နှင့် စီမံကိန်းကြီးကြပ် စစ်ဆေးရေး အဖွဲ့သို့ လွှဲပြောင်းပေးအပ်လာသည့် လျှောက်လွှာများအား လက်ခံစစ်ဆေး ကာ ခွင့်ပြုချက်ပေးသင့်၊ မပေးသင့် ကို အကြံပြုချက်ပေး၍ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ သို့ ယင်းလျှောက်လွှာများအား ပြန် လည်ပေးပို့ရကြောင်း သိရသည်။
မြေကွက်ကျယ်များတွင် အထပ် မြင့် ဆောက်လုပ်လိုပါက Building Coverage Ratio (BCR) ပေါ်တွင် မူတည်၍ စဉ်းစားပြီး အထပ်အရေ အတွက်အား Allowable Floor Hight (Maximum) အတွင်း ပြောင်းလဲ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့၏ အထင်ကရ စေတီ တစ်ဆူဖြစ်သော ရွှေတိဂုံစေတီ တော်၏ မြင်ကွင်းလမ်းကြောင်းအား ထိန်းသိမ်းရာတွင် ပြည်လမ်း၊ ရွှေတိဂုံ ဘုရားလမ်း၊ ရွှေဂုံတိုင်လမ်းဆုံ၊ အင်းလျားလမ်း၊ ဦးဝိစာရလမ်း၊ ကန်တော်မင်္ဂလာပန်းခြံ၊ ဦးထောင် ဘိုအဝိုင်းနှင့် ကန်တော်ကြီးပန်းခြံ နေရာများအတွင်း ရွှေတိဂုံစေတီ တော်အား မြင်ကွင်းကွယ်စေမည့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်း မပြုစေရန် သတ် မှတ်ထားကြောင်း သိရသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties