By Myanmar Builders Guide, Shweproperty.com
Updated at 9 August 2018
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် တင်ဒါခေါ်ယူထားသည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၁၇ ခုတွင် ရန်ကုန်မြို့ရှိ မြေနှင့်အဆောက်အအုံ ၁၂ ခုပါဝင်ကြောင်း သိရသည်။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ နိုင်ငံပိုင်မြေ နှင့် အဆောက်အအုံ၊တိုက်ခန်းနှင့် မြေကွက် ၁၇ ခု ကို ရောင်းချရန်ဇူလိုင် ၃၁ ရက် က အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်း ၁၇ ခုအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောင်းချမည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များမှာ လှိုင်သာယာမြို့နယ်၊ ၁၈ ရပ်ကွက်၊အမှတ်-၁၆/၆၁ဝ(ခ)၊ဆရာစံ လမ်းရှိ မြေနှင့် အဆောက်အအုံ။
*အမှတ်(၂ဝ)ရပ်ကွက်၊အမှတ်-၃၄/၁၂ဝ၇(က)၊ရွှေတလေးလမ်းရှိ မြေနှင့်အဆောက်အအုံ။
*အမှတ်(၂ဝ)ရပ်ကွက်၊အမှတ်-၃၄/၁၃၄ဝ(ခ)၊ရွှေပေဖူးလွှာ လမ်းရှိ မြေနှင့် အဆောက်အအုံ။
*အမှတ်(၂ဝ)ရပ်ကွက်၊အမှတ် ၃၄/၁၄၇၆(က)ရွှေမင်းဝံလမ်းရှိ မြေနှင့် အဆောက်အအုံ များဖြစ်ကြသည်။
ထို့ပြင် ရန်ကင်းမြို့နယ်၊အမှတ်(၁၃)ရပ်ကွက်အောင်ဇေယျလမ်း၊အမှတ်-(၇၆/ခ)ရှိ ဒေါင်းမင်းကုမ္ပဏီပိုင်ရုံးခန်း ဖွင့်လှစ်ထားသော ၂ထပ် တိုက်(၁)လုံး နှင့် တဆက်တည်း ၁ထပ် ပေါ်တီခုံ ၁ခု၊ ၁ထပ်တိုက် ၁လုံး၊၂ထပ်တိုက် ၁ လုံးနှင့် ဒေါင်းမင်း ကုမ္ပဏီပိုင် အလိုင်းမင်း ချိန်စက် လုပ်ငန်းလုပ်ကိုင်နေသော ၂ထပ်တိုက် ၁လုံးတို့ကိုမြေ မပါအဆောက်အအုံသာရောင်းချမည်ဖြစ်ကြောင်း ကော ်မရှင်မှ ထုတ်ပြန်ထားသည်။
ထို့အတူ ဒဂုံဆိပ်ကမ်းမြို့နယ်၊အမှတ်(၈၉)ရပ်ကွက်၊ကနောင်လမ်းသွယ်၊စက်မှုဇုန် (၁)၊အမှတ်(၁၉၈/၅)ရှိ ၁.၅ဝ၂ ဧက အကျယ်အဝန်းရှိသော မြေကွက်၊လှိုင်သာယာမြို့နယ်၊အမှတ်(၂ဝ) ရပ်ကွက်၊အမှတ် ၁၇၂၁(က)၊မဟာဆွေလမ်းရှိ ပေ (၂ဝx၆ဝ)မြေကွက်၊ အမှတ်(၂ဝ)ရပ်ကွက် အမှတ် ၁၇/၁၇၄၄(က)၊ ဗိုလ်ရန်အောင်လမ်းရှိ ပေ(၂ဝx၆ဝ)မြေကွက်၊အမှတ်(၂ဝ)ရပ်ကွက် အမှတ်-၁၇/၁၈၇၈ (က)၊ပေဖူးလွှာလမ်းရှိ ပေ (၂ဝx၆ဝ)မြေကွက် တို့ကိုလည်း ရောင်းချသွားမည်ဖြစ်သည်။
မန္တလေးတိုင်း ဒေသကြီး
မန္တလေးတိုင်း ဒေသကြီးတွင် ရောင်းချမည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ၊တိုက်ခန်းနှင့် မြေကွက် များမှာ ချမ်းမြသာစည်မြို့နယ်၊မြို့သစ် (၁)ရပ်ကွက်၊အောင်ရတနာလမ်း(၆၇x၆၈)ကြား၊သိပ္ပံလမ်းနှင့် မိုးသောက်ပန်းလမ်းကြား၊အကွက်အမှတ်(မ-၂၄)၊ဦးပိုင်အမှတ်(၁-ဟ)ရှိ ဝ ဒသမ ၃ဝ၃၇ ဧက အကျယ်အဝန်းရှိသော မြေကွက်တို့ဖြစ်ကြသည်။
ရှမ်းပြည်နယ် လားရှိုးမြို့နယ်
ရှမ်းပြည်နယ် လားရှိုးမြို့နယ် နယ်မြေ (၇)၊ရပ်ကွက် (၅)ကွင်းအမှတ်-ပန်အုပ် ကျောင်းအရှေ့တောင်ကွက် ဦးပိုင် အမှတ်(၂၄၅၊၂၄၆၊၂၄၇)ဝ ဒသမ ၂၅၄ဧက အကျယ်အဝန်းရှိသော မြေနှင့်အဆောက်အအုံ၊လောက်ကိုင်မြို့ ထင်ပါကျိုင်းအုပ်စု၊ရင်းစင်ကျေးရွာရှိ ၁ ဒသမ ၂၁ ဧက အကျယ်အဝန်းရှိသော မြေနှင့် အဆောက်အအုံ၊အမှတ်(၃)ရပ်ကွက်၊အကွက်အမှတ်(၁၇)၊မြေကွက်အမှတ်(၁၇/ဆွမ်းဖုန်းချိန်)၊ဦးပိုင် အမှတ်(၈၅) ရှိ ၁ ဒသမ ၉၄၂ ဧက အကျယ်အဝန်းရှိသောမြေ နှင့် ရင်ဖုန်း ဟိုတယ်၊လားရှိုးမြို့နယ်၊အကွက်အမှတ် (မန်အိုင် အရှေ့တိုးချဲ့ကွင်း)၊နယ်မြေ ၁၃၊ ဦးပိုင်အမှတ် (၂၅၂) ရှိ ဝ ဒသမ ဝ၈၂ ဧက အကျယ်အဝန်းရှိ မြေကွက်တို့ကိုလည်း ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါမြေကွက်များအား ဝယ်ယူလိုသူများသည် စတင်ကြေညာသည့်နေ့မှစတင်၍ သွားရောက်ကြည့်ရှု့ နိုင်မည်ဖြစ်ပြီး ဝယ်ယူရန် အဆိုပြုလွှာ တင်သွင်းချိန်တွင် ဝယ်ယူမည့် မြေနှင့် အဆောက်အအုံ၊တိုက်ခန်းနှင့် မြေကွက်ကို ကြည့်ရှုစစ်ဆေးပြီဖြစ်ကြောင်း ဝန်ခံချက် ပူးတွဲတင်ပြရမည် ဖြစ်ကြောင်းသိရသည်။အိတ်ဖွင့်တင်ဒါကို ဇူလိုင် ၃၁ ရက်မှ သြဂုတ်လ ၂၇ ရက် အထိ ပုဂ္ဂလိကပိုင်ကော်မရှင်ရုံးတွင် ဝယ်ယူနိုင်ပြီး သြဂုတ် ၂၈ ရက်မှ ၃၁ ရက်အထိ တင်ဒါပြန်လည် တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင် ကို ၂ဝ၁၆ ခုနှစ်၊မေ ၄ရက်တွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံပိုင်မြေ နှင့် အဆောက်အအုံ၊တိုက်ခန်းနှင့် မြေကွက်များအားအိတ်ဖွင့်တင်ဒါ စနစ်ဖြင့် တင်ဒါခေါ်ယူရောင်းချမှု ၆ကြိမ်မြောက် ရှိနေပြီ ဖြစ်ကြောင်း ယင်းကော်မရှင်မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties