By Myanmar Builders Guide, Shweproperty.com
Updated at 7 June 2019
ယခု ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ၏ ထက်ဝက်ကျော်လုပ်ငန်း မစတင်နိုင်သေးခြင်း၏ အဓိကအကြောင်းရင်းမှာ တင်ဒါဆိုင်ရာလုပ်ငန်းများ အချိန်မီပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း
ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။ ထိုကြောင့် တင်ဒါလုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ယင်းကော်မတီက သဘောထား မှတ်ချက်ပြုသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်း ၁၂,၁၄၁ ခုအနက် ပထမ ခြောက်လအထိ လုပ်ငန်းရပ် ၆,၁၄၂ ခုကို မြေပြင်တွင် စတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ တင်ဒါလုပ်ငန်းများကို ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တင်ဒါလုပ်ငန်းစဉ်များသည် နှစ်စဉ်မဖြစ်မနေဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သော်လည်း အချိန် မီပြီးစီးအောင် ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် မူလခွင့်ပြုချက်ပါလုပ်ငန်း၏ ၅၀ရာခိုင်နှုန်းအောက်သာ ဆောင်ရွက်နိုင်ခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း လွှတ်တော်ကော်မတီက သုံးသပ်ထားသည်။
တင်ဒါလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး လမ်းညွှန်ချက်များ ထုတ်ပြန်ထားသော်လည်း လမ်းညွှန်ချက်ကို လိုသလိုဆွဲယူပုံဖော်ခြင်း၊လက်တစ်လုံးကြားလုပ်ဆောင်ခြင်းများလည်း ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ဆွေးနွေးခဲ့သည်။
ဘဏ္ဍာရေးနှစ် ပထမ ခြောက်လ ရည်မှန်းချက်များ မပြည့်မီရခြင်းတွင် ငွေလုံးငွေရင်း ရငွေ၊ သုံးငွေများ၊ ပြည်ပအကူအညီရငွေ၊ ချေးယူရငွေများကို လျာထားချက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်မှုမရှိခြင်းသည်လည်း အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေများနှင့် စပ်လျဉ်း၍ မူလဘတ်ဂျက်ရေးဆွဲစဉ်ကပင် ဘဏ္ဍာရေးနှစ်အတွင်း အမှန်တကယ်ရရှိနိုင်မည့်ပမာဏကိုသာ ခန့်မှန်းရေးဆွဲရန်လိုအပ်ကြောင်း အစီရင်ခံစာ၌ ပါရှိသည်။
လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တာဝန်ယူ၊ တာဝန်ခံစနစ်ကို ပီပီပြင်ပြင် ကျင့်သုံးခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝနိုင်စေရေး လိုအပ်သည့်လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties