By The Kumudra, Shweproperty.com
Updated at 10 February 2016
ရန်ကုန်မြို့တွင်း ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေရဲ့ ဆောက်လုပ်ပြီစီးမှု့ အခြေနေတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။
အင်နိုစီးတီးအိမ်ရာစီမံကိန်း
အဆိုပါအိမ်ရာစီမံကိန်းကိုတော့ တောင်ကိုးရီးယားနိုင်ငံ အင်နိုဂရု(ပ်)က ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းထောင့်နဲ့ ဝေဇယန္တာလမ်းထောင့်မှာ ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ လာမယ့် ၂၀၁၈ နှစ်လယ်ပိုင်းလောက်မှာ အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်။
မြေဧက ၇.၆၃ ကျယ်ဝန်းပြီး အခန်း ၂၁၆ ခန်းပါ ၂၉ ထပ်အဆောက်အအုံ သုံးလုံးနဲ့ အဝေးပြေးယာဉ်ရပ်နားစခန်း ၊ ခန်းမဆောင်၊ မြေညီထပ်ဆိုင်ခန်းတွေ ပါဝင်တဲ့ ၁၃ ထပ်အမြင့်ရှိ ဟိုတယ်တစ်လုံးပါဝင်မှာ ဖြစ်ပါတယ်။
ဂိုးလ်ဒင်းစီးတီးအိမ်ရာစီမံကိန်း
အဆိုပါအိမ်ရာစီမံကိန်းကို လက်ရှိမှာတော့ အပိုင်းတစ်မှာ အကြမ်းတည်ပြီးစီးနေပြီဖြစ်ပြီး အပိုင်း ၂ကို ၄၀ရာခိုင်နှုန်းလောက် ရောင်းချပြီးစီးနေပြီဖြစ်ပါတယ်။ အထပ်ပေါင်း ၃၃ထပ်ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ အထပ်မြင့်အဆောက်အအုံတစ်လုံးဖြစ်တဲ့ အဆိုပါစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခန်းတန်ဖိုးတွေကတော့ တစ်စတုရန်းပေကို ယေဘုယျအားဖြင့် အမေရိကန်ဒေါ်လာ ၂၈၀ သတ်မှတ်ထားပြီး အခန်းအမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အခန်းဝယ်ယူသူတွေကို ငွေအရစ်ကျပေးချေမူ့ပုံစံသစ်အနေနဲ့ ၄၀ လအကြာ သတ်မှတ်ထားပြီး ဆောက်လုပ်မူ့နဲ့ပတ်သက်ပြီး သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောက်လုပ်နေတယ်လို့ သိရပါတယ်။ အိမ်ရာစီမံကိန်းကိုတော့ ရန်ကင်းမြို့နယ် ကြားမှတ်တိုင်အနီးမှာ ဆောက်လုပ်အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၁၈ခုနှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : kbic
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties