By The Modern, Shweproperty.com
Updated at 25 March 2016
သည် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်အကောင်အထည်ဖော်မယ့် စီမံကိန်းတချို့ ဘတ်ဂျက်တောင်းပြီး စီမံကိန်းမလုပ်တဲ့လုပ်ငန်းတွေရှိတယ်လို့ ဘဏ္ဍာရေး ၊ စီးမံကိန်းနှင့် စီးပွားရေးကော်မတီက ဥက္ကဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက "ရန်ကုန်တိုင်းအတွင်း လုပ်ငန်းဆောင်ရွက်ခြင်းမရှိသေးတဲ့ လုပ်ငန်းများထဲက လုပ်ငန်းတချို့ကို တင်ပြတာဖြစ်တယ်" လို့ ပြောပါတယ်။
ဘတ်ဂျက်ငွေတောင်းခံပြီး စီမံကိန်းဆောင်ရွက်ခြင်းမရှိတဲ့ စီမံကိန်းတချို့က လမ်းမတော်မြို့နယ်က ပုဇွန်တောင် ၊ ဗိုလ်တထောင် ၊ ကျောက်တံတား ၊ ပန်းပဲတန်း ၊ လသာနဲ့ လမ်းမတော်မြို့နယ်တို့အတွက် နံပါတ်တပ်လမ်းများ ၊ မင်္ကြ ံများနဲ့ ရေမြောင်းများပြုလုပ်ဖို့အတွက် ငွေကျပ်သန်းပေါင်း ၃၅၉၉ ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေက ခွင့်ပြုပေးထားတဲ့ စီမံကိန်းဖြစ်ပါတယ်။
တွံတေးမြို့နယ်အတွက် မြဝတီလမ်းမှ မြို့မဈေးအဆုံးအထိကွန်ကရစ်ခင်းခြင်း (ပေ ၁၀၀၀xအကျယ် ၄၈ပေ x၉၀လက်မထု) လုပ်ငန်း ၊ လိူင်သာယာမြို့နယ် စက်မှုဇုန်အဝင် (အိုးအိမ်ရုံးဝင်းအတွင်း)30KV ရေတွန်းစက်နှစ်လုံးအတွက် ကျပ်သန်းပေါင်း ၆၀ အတွက် ရန်ပုံငွေခွင့်ပြုထားပေမဲ့ သည်နေ့အထိ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘူးလို့ သိရပါတယ်။
ထန်းတပင်မြို့နယ်အတွက် အောင်သိဒ္ဓိ(၄)လမ်း ကွန်ကရစ်ခင်းခြင်း (ပေ ၃၅၀x၁၀ ပေ X၆ လက်မ) လုပ်ငန်းဆောင်ရွက်ဖို့ ကျပ် ၆.၉ သန်းခွင့်ပြုပေးထားပြီး လုပ်ငန်းလုပ်ဆောင်ခြင်းမရှိဘူးလို့ သိရပါတယ်။
ဘဏ္ဍာရေး ၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီးအသုံးစရိတ်နဲ့ စီမံကိန်းများကို စစ်ဆေးဖို့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties