By Kumudra, Shweproperty.com
Updated at 26 December 2018
မန္တလေးမြို့ရဲ့ အိမ်ခြံမြေရောင်းဝယ်ငှားလောကအတွက် လာမယ့် ၂၀၁၉ ခုနှစ်မှာ ဈေးကွက်အခြေအနေ ကောင်းလာနိုင်ဖို့က နိုင်ငံရေး အခြေအနေပေါ် များစွာမူတည်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ပါတယ်။အခု ၂၀၁၈ ခုနှစ်ကတော့ အိမ်ခြံမြေအကျိုးဆောင်၊ပွဲစားတွေအတွက် လုပ်ငန်းပြောင်းရမယ့် အနေအထားတစ်ခုအထိ ဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။
ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုဝဏ္ဏစိုးက “၂၀၁၉ အတွက် အရောင်းအဝယ် အခြေအနေကတော့ နိုင်ငံရေးပေါ်မူတည်မှာပဲ၊ နိုင်ငံရေးကောင်းမယ်ဆိုရင် စီးပွားရေးလဲ ကောင်းမှာပဲ၊ စီးပွားရေး ကောင်းရင် အိမ်ခြံမြေလဲ အလားအလာကောင်းမှာပဲ”လို့ သုံးသပ်ပါတယ်။
ယခု ၂၀၁၈ ခုနှစ်အတွင်းမှာတော့ အိမ်ခြံမြေဈေးကွက်က မကောင်းတဲ့ဘက်ကိုသာ ဦးတည်ခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ်ကတော့ အကျိုးဆောင်၊ ပွဲစားတွေ ငုတ်တုတ်မေ့တဲ့နှစ်ပဲ၊ ကျွန်တော်တို့ ကတော့ ကျားကန်ခဲ့ရတဲ့ အခြေအနေပဲ၊ တော်တော်လေးကို မိတ်ကောင်းပြီး နာမည်ရှိတဲ့သူပဲ လုပ်ငန်းဖြစ်တယ်၊ သူတို့တောင် အကောင်းကြီး မဟုတ်ဘူး”လို့ အကျိုးဆောင်တစ်ဦးက ဆိုပါတယ်။
ဝယ်ရောင်းတွေ အလုပ်မဖြစ်
အခုနှစ်အတွင်းမှာတော့ စီးပွားရေး ကျပ်တည်းခဲ့တဲ့အတွက် ဝယ်ရောင်းသမားတွေ ရင်းနှီးမြှုပ်နှံမှု အားနည်းခဲ့ပါတယ်။ဒါကြောင့် ဈေးကွက်အတွင်းမှာတော့ စီးပွားရေးသမားထက် အမှန်တကယ် နေထိုင်လိုသူ၊ လုပ်ငန်းလုပ်ကိုင်မယ့်သူတွေသာ ဝယ်ယူမှုရှိခဲ့တယ်လို့ သိရတယ်။
“အိမ်ခြံမြေဈေးကွက် ဈေးကစားတာမျိုး မဟုတ်ဘဲ တကယ်နေမယ့် ကာစတန်မာတွေက များလာတော့ အခုအချိန်မှာတော့ ဝယ်ရောင်းသမားတွေ အလုပ်မဖြစ်ဘူး၊ တကယ်နေမယ့်သူတွေလောက်ပဲ ဝယ်ကြတာ များတယ်”လို့ စိန်မင်းကြည် အိမ်ခြံမြေအကျိုးဆောင်ကလည်း ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်ရဲ့ လက်ရှိအနေအထားကတော့ ဈေးကွက်အေးပြီး ရပ်တန့်တယ်လို့ ဆိုပါတယ်။ မြေလောကမှာ လက်ရှိအခက်တွေ့နေတာက ကျူး၊ စာရွက်စာတမ်းအမှားနဲ့ တောင်သူအမည်ခံမြေကွက် ရောင်းချတာတွေ ဖြစ်တယ်လို့ သိရတယ်။
မိရိုးဖလာမဟုတ်ဘဲ တောင်သူမြေကိုဝယ်ကာ လယ်မြေအဖြစ် ပြန်လည်ရောင်းချတာနဲ့ စလစ်အမှားနဲ့ အရောင်းအဝယ် လုပ်နေကြတဲ့ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။ သည်အခက်အခဲတွေကို မဖြေရှင်းနိုင်ရင်တော့ မြေဈေးက ၂၀၁၉ ခုနှစ်မှာလည်း အခြေအနေ မကောင်းနိုင်ဘူးလို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties