By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 16 July 2018
မြန်မာ့အိမ်ခြံမြေဈေးကွက်နှင့် အလားအလာများ ခေါင်းစဉ်ဖြင့် နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအကြံပေးနေသည့် Colliers International က လာမည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲမှာ Colliers International Myanmar မှ Deputy managing Director Mr.Karlo Pobre က လာရောက် ဆွေးနွေး ဟောပြော ပေးသွားမည် ဖြစ်သည်။
၎င်းပြပွဲကို USAID ၏ Private Sector Development Activity (PSDA) အစီအစဉ်အနေဖြင့် စီးပွားရေးအထူးပြု သတင်းသမားတွေအတွက် အထောက်အကူ ဖြစ်စေရန်၊ ဗဟုသုတတိုးပွားရန်နှင့် သတင်းသမား အချင်းချင်း အမြင်ဖလှယ်နိုင်ရန် ဆွေးနွေးပွဲများကို ကျင်းပပေးနေသည့် Internews မှ အကောင်အထည်ဖော် ကျင်းပပေးခြင်း ဖြစ်သည်ဟု သိရသည်။
ဆွေးနွေးဟောပြောပွဲကို ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းအနီး၊ အေးရိပ်သာ(၂)လမ်း၊အေးရိပ်သာကွန်ဒို၊ ၈လွှာ အမှတ်အေမှာ ဇူလိုင်လ ၁၈ ရက်၊ နေ့လယ် ၁၂ခွဲ အချိန်တွင်ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Written By : Saint Sandi Htet (ShweProperty.com)
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties