By Shwe Kyaw, Shweproperty.com
Updated at 22 May 2020
စီးပွားရေးလုပ်ငန်း အများစုဟာ ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းဒီဂျစ်တယ်စနစ်ကို အသုံးပြုပြီး ဈေးကွက်ချဲ့ထွင်ခြင်းများ ၊ ရောင်းဝယ်ဖောက်ကားမှုများ တဟုတ်ထိုးလုပ်ဆောင်ခဲ့ပါတယ်။
အလားတူ အွန်လိုင်း seminar များကျင်းပပြီး စီးပွားရေးတိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံတွင် မဟုတ် ၊ နိုင်ငံတကာမှာပါ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။
အွန်လိုင်းမှ အိမ်ခြံမြေတိုက်ရိုက်ရောင်းချခြင်းများကိုလည်း လှိုင်လှိုင်သုံးလာကြသည်။
အွန်လိုင်း ဒီဂျစ်တယ်စနစ်ကို အသုံးပြုခြင်းသည် အကျိုးကျေးဇူးများစွာရှိသည်။
လူစုစုဝေးမဖြစ်ခြင်း ၊ အချိန်ကုန်သက်သာခြင်း ၊ ကိုဗစ်-၁၉ ကာကွယ်ခြင်း စသည့် အကျိုးကျေးဇူးများဖြစ်ထွန်းစေသည်။
ကိုဗစ်-၁၉ ကာကွယ်ပြီး အိမ်ခြံမြေရောင်းဝယ်မှုပြုရန် Online Expo တွေနိုင်ငံတကာမှာ ကျင်းပလာကြတာတွေ့ရပါတယ်။
အိမ်ခြံမြေများကို အွန်လိုင်းမှတိုက်ရိုက်ကြည့်ရူပြီး ရောင်း ၊ ဝယ် ၊ ငှာရမ်းပြုလုပ်နေမှုများသည် နိုင်ငံတကာတွင် အတိုင်းအတာ တစ်ခုအထိအောင်မြင်မှုရရှိနေပါပြီ
အိမ်ခြံမြေကဏ္ဍရှိ ကုမ္ပဏီကြီးများသည်လည်း နည်းပညာများအဆင့်မြှင့်တင်ပြီး အွန်လိုင်းဒစ်ဂျစ်တယ်စနစ်ဖြင့် ရောင်း ၊ ဝယ် ၊ ငှားရမ်းမှုများ အားကောင်းလာအောင်လုပ်ဆောင်နေတာတွေ့ရသည်။
ထို့ကြောင့် ကိုဗစ်-၁၉ အလွန် ဒီဂျစ်တယ်စနစ်အသုံးပြုပြီး အိမ်ခြံမြေ ရောင်း ၊ ဝယ် ၊ ငှားရမ်းမှုများပိုမိုတိုးတက်အောင်မြင်လာနိုင်ကြောင်းကိုလည်း နိုင်ငံတကာကျွမ်းကျင်သူများက သုံးသပ်ကြသည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties