By Ra Wai, Shweproperty.com
Updated at 15 March 2022
ပုံမှန်အားဖြင့်ဆိုလျင် တိုက်ခန်းဝယ်ယူရာတွင် ၀ယ်ယူသူသည် ကိုယ်တိုင်၀ယ်ယူကြပါသည်။ မိမိကိုယ်စားအခြားသူအားအမည်ခံ၍၀ယ်ယူစေခြင်း ( အမည်ခံအမည်ငှား) မှာ နည်းပါးပါသည်။ ထိုကဲ့သို့ ၀ယ်ယူစေသူများမှာ နိုင်ငံရပ်ခြားတွင် နေထိုင်၍ အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြပြီး မြန်မာ ပြည်ရှိ ၄င်းတို့၏ မိဘ ၊ ဦးလေး၊ မောင်နှမ များထံ ငွေလွဲ၍ ၄င်းတို့၏ကိုယ်စားဝယ်ယူခိုင်း တတ်ကြပါသည်။ ထိုသို့ ၀ယ်ယူခိုင်းကြ ခြင်းမှာလည်း အချို့မှာ အလုပ်မှခွင့်ယူ၍မြန်မာပြည်ပြန်လာ ရန် အခက်အခဲရှိ၍ဖြစ်ပြီး အချို့မှာတော့ ၄င်းတို့၏ မိဘ၊ ဦးလေး၊ မောင်နှမ များကိုယုံကြည်၍ ဖြစ်ပါသည်။ ဆွေမျိုးသားခြင်းများဖြစ်၍ ပြသနာများများစားစားမရှိသော်လည်း တခါတရံပြသနာတက် တတ်ကြပါသည်။ အကြောင်းရင်းမှာ နောင်အခါတွင် အချင်းချင်းမပြေလည်သည့်အခါ အမည်ခံ၍ ၀ယ်ယူထားသူက တိုက်ခန်းမှာ၄င်းငွေဖြင့် ၀ယ်ယူထားသည်ဖြစ်၍ ငွေထုတ်ပေးသူပိုင်တိုက်ခန်း မဟုတ်ကြောင်းဖြင့် ငြင်းဆိုသည့်အခါတွင်လည်းကောင်း ၊ အမည်ခံ၍၀ယ်ယူထားသူက ၄င်းတွင် ငွေကြေးအခက်အခဲဖြစ်ပေါ်လာသည့်အခါ တိုက်ခန်းအား ရောင်းချလိုက်သည့်အခါတွင်လည်းကောင်း ငွေထုတ်ပေးသူနှင့် အမည်ခံ၀ယ်ယူသူတို့ အကြား ပြသနာဖြစ်ပေါ်တတ်ပါသည်။ ပြသနာဖြစ်လာလျင် ဦးစွာနစ်နာသူမှာ ငွေထုတ်ပေးသူဖြစ်ပါသည်။ လက်ရှိတွင် ငွေကလည်း လက်လွတ်လိုက်ရသည့်အပြင် တိုက်ခန်းကိုလည်းလက်လွတ်လိုက်ရပါသည်။ ထို့ပြင် အမည်ခံဖြင့် ၀ယ်ယူထားသူက တိုက်ခန်းကို မပေးလျင် တရားစွဲတောင်းဆိုရမည်ဖြစ်တော့သည်။ ထိုသို့ တရားစွဲ တောင်းဆိုရလျင် မိမိကငွေထုတ်ပေး၍ အမည်ခံက ကိုယ်စားပယ်ယူပေးထားခြင်းဖြစ်ကြောင်း သက်သေပြရတော့မည်။ သက်သေပြနိုင်မှသာ အမူ့နိုင်မည်ဖြစ်ပြီး သက်သေမပြနိုင်လျင် အမှုရှုံးမည်ဖြစ်သည်။ ယုံကြည်မှုဟူသည့်စကားလုံးသည် အင်မတန်ကျယ်ပြန့် ပါသည်။ စာချုပ်စာတမ်းမရှိ ယုံကြည် မှုဖြင့် ငွေပေးလိုက်၍ ဆုံးရှုံးရသည့် အဖြစ်များစွာရှိပါသည်။ မည်သည့်ကိစ္စတွင် ရှေ့ရှုပ်မှနောင်ရှင်း ပါသည်။ ထို့ကြောင့် အမည်ခံဖြင့် တိုက်ခန်းဝယ်ယူတော့မည်ဆိုပါက အမည်ခံဖြစ်သူနှင့် ငွေထုတ်ပေး သူအကြား ငွေထုတ်ပေးသူက ထုတ်ပေးသည့်ငွေမှာ ----------- ရှိ တိုက်ခန်းကို ၀ယ်ယူရန်ဖြစ်ကြောင်း နှင့် အဆိုပါ တိုက်ခန်းကို ယခုအမည်ခံက ငွေထုတ်ပေးသူကိုယ်စား ၀ယ်ယူပေးခြင်းဖြစ်ကြောင်း ၊ ငွေထုတ်ပေးသူ ပြန်ရောက်သည့်အခါ တိုက်ခန်းအား ပေးအပ်မည်ဖြစ်ဖြစ်ကြောင်းဖြင့် စာချုပ်တွင် ပြည့်စုံစွာရေးသားချုပ်ဆိုထားသင့်ပါသည်။ သို့မှသာ နောင်တွင် ငွေထုတ်ပေးသူနှင့် အမည်ခံတို့ အကြား ပြသနာတစ်စုံတစ်ရာတက်ခဲ့ သည်ရှိသော် ငွေထုတ်ပေးသူတွင် နစ်နာမှုနည်းမည်ဖြစ်ပါသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ GP နှင့် SP ခြားနားခြင်း သိကောင်းစရာ လိုင်စင်မြေ နှင့် ပါမစ်မြေ အကြောင်း သိကောင်းစရာ အရောင်းအ၀ယ်ပျက်သည့်အခါ စရန်ငွေပြန်ရနိုင်သလား ဂရန်လျှောက်နိုင်သည့်မြေ Credit By: စာချုပ်ရှေ့နေ ( U Aung Zay Ya) Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties