By Ra Wai, Shweproperty.com
Updated at 24 February 2022
“ဆရာ ကျမက တိုက်ခန်းတစ်ခန်းဝယ်ဖို့ ကြည့်ထားပါတယ်။ ဈေးကတော့ စကားပြောနေတုန်းပါ။ ဝယ်မယ့်သူကတော့ ကျမအမပါ ။ သူကလက်ရှိ နိုင်ငံခြားမှာ နေပါတယ်။ ကျမက ကိုယ်စားဝယ်ပေးရမှာပါ ။ အဲဒါ အမက တိုက်ခန်းဝယ်ပြီးလျင် အမည်ပြောင်းတဲ့ကိစ္စပါ ဆက်ပြီးဆောင်ရွက်ချင်ပါတယ်။ ကျမ သိချင် တာက တိုက်ခန်းကို အမည်ပြောင်းလို့ရ မရဆိုတာသိချင်ပါတယ်။ ” ဆိုပြီး ဖုန်းဆက်မေးလာပါတယ်။ တိုက်ခန်းကို အမည်ပြောင်းလိုကြောင်းပဲပြောပြီး ဘယ်တိုက်ခန်းအမျိုးအစားဆိုတာ မပြောတော့ အခုဝယ်မယ့်တိုက်ခန်းက အိုးအိမ်ခန်းလား ဒါမှမဟုတ် စည်ပင်ခန်းလားဆိုတာ ဝယ်ယူလိုသူကို ပြန်မေးရပါတယ်။ ကန်ထရိုက်တိုက်ခန်းဆိုပြီး ဖြေပါတယ်။ အမေးထဲမှာ အဖြေက တချို့ပါပြီး ဖြစ်ပါတယ်။ အမည်ပြောင်းချင်တယ်ဆိုကတည်းက မူလအမည်ပေါက်ရှိသည့်အတွက် အမည်ပြောင်းဟု သုံးနှုန်းခြင်းဖြစ်ပါတယ်။ မူလအမည်ပေါက် မရှိလျင် အမည်ပြောင်းလို့မရပါ။ အမည်ဖောက်ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဂရန်မြေဆိုပါက အမည်ပြောင်းဆောင်ရွက်ရမှာဖြစ်ပြီး ပါမစ်မြေဆိုပါက အမည်ဖောက်ရမှာဖြစ်ပါတယ်။ ပါမစ်မြေကို အမည်ပြောင်း၍မရပါ။ တိုက်ခန်းဆိုပါကလည်း အိုးအိမ်တိုက်ခန်း ၊ စည်ပင်တိုက်ခန်းများသာလျင် အမည်ပေါက်စာအုပ်ထွက်ထားသည့်အတွက် အမည်ပြောင်းလိုပါက အမည်ပြောင်းဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ အမည်ပြောင်း ၊ အမည်ဖောက်ရန်အတွက် နိုင်ငံတော်မှ ထုတ်ပေးထားသည့် အမည်ပြောင်း ၊ အမည်ဖောက်ဆောင်ရွက်နိုင်သည့် စာရွက်စာတမ်းရှိရန်လိုပါသည်။ သို့မှသာ အမည်ပြောင်း ၊ အမည်ဖောက် ဆောင်ရွက်နိုင်မှာဖြစ်ပါသည်။ ကန်ထရိုက်တိုက်ခန်းများအတွက် နိုင်ငံတော်၏မည်သည့်ဌာနကမျှ အိုးအိမ်တိုက်ခန်း ၊ စည်ပင်တိုက်ခန်းများတွင် ထုတ်ပေးထားသော Owner Book (ပိုင်ဆိုင်မှုစာအုပ်) ထုတ်ပေးထား ခြင်းမရှိသည့် အတွက် ကန်ထရိုက်တိုက်ခန်းတွင်အမည်ပေါက်မရှိပါ။ အမည်ပေါက်မရှိသည့်အတွက် အမည်ပြောင်း ဆောင်ရွက်၍မရပါ။ ဆောင်ရွက်၍ရနိုင်သည်မှာတော့ ဝယ်ယူသည့်တိုက်ခန်းအတွက် ကာလတန်ဖိုးဖြတ်အဖွဲ့တွင် ရာဖြတ်တင်၍ ကျသင့်သည့်ငွေအပေါ် ဝင်ငွေခွန်ကိုထမ်းဆောင်ထားနိုင်ပါသည်။ ထိုသို့ ထမ်းဆောင်ထားသည့်အတွက် တိုက်ခန်းဝယ်ယူထားကြောင်း အထောက်အထားတစ်ခုရနိုင်မှာဖြစ်သလို နောင်တချိန်တွင် တိုက်ခန်းအားပြန်လည်ရောင်းချသည့်အခါတွင်လည်း ရောင်းရငွေမှာ ငွေဖြူ ဖြစ်သွားသည့်အတွက် အခွန်ထမ်းဆောင်ရသည့် ပစ္စည်းတစ်ခုခုကို ဝယ်ယူသည့်အခါတွင် အခွန်သက်သာမည်ဖြစ်ပါ သည်။ သို့ဖြစ်ရာ အချုပ်အားဖြင့် ဆိုရသော် ကန်ထရိုက်တိုက်ခန်းသည် အမည်ပြောင်းဆောင်ရွက်၍ ရနိုင် မည်မဟုတ်ပါကြောင်း လေ့လာတင်ပြပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား မြေခွန်ပြေစာ ဆိုသည်မှာ မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်၊ ရွာမြေဆိုပြီး အရောင်းအဝယ်ဖြစ်နေတဲ့ မြေကိစ္စ ဥပဒေနဲ့ ညီမညီ အထူးကိုယ်စားလှယ်လွှဲစာ SP (SPECIAL POWER) လွှဲယူသည့်နည်းလမ်းနှင့်သတိပြုရမည့်အချက်များ Credit By: စာချုပ်ရှေ့နေ (ဦးအောင်ဇေယျ) Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties