အိမ်ငှား

အိမ်ငှားဆိုသည်မှာ ဥပစာအတွက် မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူထံမှ ဖြစ်စေ ၊ ငှားရမ်းခပေးရမည့်သူ့ထံမှဖြစ် စေ ငှားရမ်းခ ပေးရမည့်သူ တစ်ဦးတစ်ယောက်ကို ဆိုလိုသည်။ ထိုစကားရပ်တွင် တရားမကျင့်ထုံးကို ဥပဒေ တွင် အဓိပ္ပာယ်ဖော်ပြထားသည့် တရားဝင်ကိုယ်စားလှယ် လည်းကောင်း၊ အခါအားလျော်စွာ အိမ်ငှားထံမှ တစ်ဆင့်ဆိုင်ရာဆိုင်ခွင့်ရရှိသူ အသီးသီးသည်လည်းကောင်း၊ အငှားချထားမှုသို့တည်းမဟုတ် အငှားစာချုပ် ကုန်ဆုံးပြီးနောက် မိမိအားငှားရမ်းထားသည့် ဥပစာကို အိမ်ရှင်၏ သဘောတူညီချက်အရဖြစ်စေ၊ သဘောတူ ချက် မဟုတ်ဘဲဖြစ်စေ၊ လက်ရှိနေမြဲနေထိုင်သူ အသီသီးလည်းကောင်းပါဝင်သည်။ ( ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင် ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၂(ဆ) )
ဥပစာ၏ခံစားခွင့်ကို လွဲှပြောင်းပေးမှ အိမ်ရှင် အိမ်ငှားဖြစ်လာနိုင်

ဥပစာတစ်ခုအပေါ် ခံစားခွင့်ကို လွဲှပြောင်းပေးမှသာ လွဲှပြောင်းပေးသူနှင့် လွဲှပြောင်းပေးသူတို့သည် အိမ်ရှင်အိမ် ငှားဖြစ်လာကြမည်ဖြစ်သည်။ ( ကိုကျော်လင်း နှင့် မောင်ဝင်းမှန်၊ ( အရွယ်မရောက်သေးသူနှင့် ၎င်း၏မိတ်ဆွေ ဦးမင်းစိန်) (၁၉၆၆၊ မတစ၊ တရားရုံးချုပ်၊ စာ- ၁၁၄၇)

အိမ်ငှားအဖြစ် ဆက်လက်တည်ရှိ

ငှားရမ်းထားသော ဥပစာမှ ဖယ်ရှားရန် ဒီကရီချမှတ်ခြင်းခံရသော အိမ်ငှားသည်ပင်လျှင် ဥပစာ မှ မဖယ်ရှားပေး သမျှ အိမ်ငှားအဖြစ် ဆက်လက်တည်ရှိသည်။ (မခင်မြင့်နှင့် အဂူး၊ ၁၉၆၁၊ မတစ၊ စာ -၈၃၀)
ဥပဒေပြဌာန်းချက်ကို ကင်းလွတ်အောင် ပဋိညာဉ်ပြုပိုင်ခွင့် မရှိ



ပဋိညာဉ် ချုပ်ဆိုကြသူများသည် ဥပဒေပြဋ္ဌာန်ချက်များမှ ကင်းလွတ်ခွင့်ရရှိအောင် ပဋိညာဉ်ပြုပိုင်ခွင့် မရှိပေ။(မသဲနှင့် မောင်ပေါ်ဇင်၊ ၁၉၀၄- ၀၆၊ အထက်မြန်မာပြည်စီရင်ထုံး၊ အတွဲ- ၁၊ ပြစ်မှုကျင့်၊ စာ- ၄၅၊ မကြီးနှင့် မောင်ဖေ၊ အတွဲ- ၁၊ အောက်မြန်မာပြည်စီရင်ထုံး၊ စာ- ၁၂၆)
၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေ၏ ရည်ရွယ်ချက်ကို ထိခိုက်စေလျှင် ပဋိညာဉ် အက်ဥပဒေပုဒ်မ - ၂၃ အရ ပျက်ပြယ်

မှုလအိမ်ငှားများနှင့် အိမ်ရှင်သစ်တို့အကြားတွင် ခွင့်ပြုသူနှင့် အခွင့်အမိန့်အရ နေထိုင်သူများအဖြစ် ဆက်ဆံမှု ပေါ်ပေါက်စေရန် ပဋိညာဉ်အသစ် ချုပ်ဆိုကြရာတွင် ယင်း ပဋိညာဉ်၏ ရည်ရွယ်ချက်သည် ၁၉၆၀ ပြည့်နှစ် မြို့ ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ၏ ရည်ရွယ်ချက်ကို ထိခိုက်စေသည်ဖြစ်၍ ပဋိညာဉ် အက်ဥပဒေ ပုဒ်မ -၂၃ အရ ယင်း ပဋိညာဉ်သည် ပျယ်ပြယ်ပေသည်။ ( ဦးရောင်ဆေးနှင့် ဦးတင်ဝင်း ၊ ၁၉၈၈ ခုနှစ် တရားမ ပထမအယူခံမှုအမှတ် ၄၉ နှင့် ၅၀ မန္တလေး)

(စာညွှန်း-ဦးပိုအေး B.A (Law), LL.B ၊ တရားလွှတ်တော်ရှေ့နေ၊ ပြောင်းလဲလာသော ဥပဒေမူသဘောတရား များ၊ စာ- ၆၀၊ ၆၁ )

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဂရန်သက်တမ်းကုန် မြေနှင့် အိမ်ကိုဝယ်လျှင်

အိမ်ခြံမြေ ဝယ်ယူ/ရယူ/လွှဲပြောင်းပြီးအမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ရမည့်အချက်များ

မြေကိစ္စများအတွက် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ အရေးပါပုံ

တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

Credit By: DVB LawLab
Posted By: Ra Wai (ShweProperty.com)