By ပြည့်ပြည့်၊ သင်းသန ္တာ, Shweproperty.com
Updated at 11 March 2014
မတ်လ ၃၁ ရက် နေ့ နောက်ဆုံးထား တင်ဒါခေါ်ယူထားတဲ့ တန်ဖိုးမျှတအိမ်ရာစီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနဲ့ ယာဉ်ရပ်နားစခန်း၊ အဆင့်မြင့် ယာဉ်ရပ်နား အဆောက်အအုံ စီမံကိန်းတွေ တည်ဆောက်ဖို့ လျှောက်ထားသူ ၁၀ဝ ဝန်းကျင်ခန့် ရှိနေပြီလို့ သိရပါတယ်။
၎င်းစီမံကိန်းတွေကို မြောက်ဥက္ကလာ ပ မြို့နယ်၊ ရွှေပေါက္ကံ၊ ပုဂံလမ်းနဲ့ ဟံသာ ဝတီလမ်းထောင့်ရှိ မြေဧရိယာ ၁၀ . ၉၃ ဧကခန့်မှာ မြို့ပြအိမ်ရာစီမံကိန်းဆောင် ရွက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရာဇာဓိ ရာဇ်လမ်း၊ မြေဧရိယာ ၁၁ ဧကခန့်မှာတော့ တန်ဖိုးမျှတအိမ်ရာစီမံကိန်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးလမ်း မြေဧရိယာ ဝ . ၃၆၄ ဧကခန့်မှာတော့ မြို့ပြအိမ်ရာစီမံ ကိန်းတွေ ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါ တယ်။
သည့်အပြင် ဗိုလ်တထောင်မြို့နယ် ဗဟာဗန္ဓုလလမ်းနဲ့ သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃. ဝ၆၈ ဧကခန့်မှာ မြို့ပြ အိမ် ရာစီမံကိန်းနဲ့ ယာဉ်ရပ်နားစခန်း၊ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်း မြေဧရိယာ ၂ . ၅၆၁ ဧကခန့်မှာ မြို့ပြအိမ်ရာစီမံကိန်းနဲ့ ယာဉ်ရပ်နားစခန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနဲ့ ထန်းတပင် လမ်းထောင့်ရှိ မြေဧရိယာ တစ်ဧကရဲ့ တစ်စိတ်တစ်ဒေသ ဝ.၁၀၃ ဧကခန့်ကို PAE စနစ်နဲ့ အဆင့်မြင့်ယာဉ်နားစီမံကိန်းတွေအတွက် တင်ဒါခေါ်ယူနေတာလို့ သိရပါတယ်။
၎င်းစီမံကိန်းအတွက် တင်ဒါခေါ်ယူမှုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင် ခေါ်ယူခဲ့တာဖြစ်ပြီး စည်ပင်အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာ တင်ဒါလျှောက်လွှာ ရောင်းချနေတယ်လို့ သိရပါတယ်။
မြို့ပြအိမ်ရာစီမံကိန်းမှာ ကွန်ဒိုတိုက်ခန်းတွေ တည်ဆောက်မှာဖြစ်ပြီး မြောက် ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက် ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) အတွက် တင်ဒါစာရွက်စာတမ်းကို (အမေရိကန် ဒေါ်လာ ၃၀ဝ ) မြန်မာငွေ ကျပ် ၃၀ဝ,ဝဝဝ နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။
ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့ နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တို့အတွက် တင်ဒါစာရွက်တွေကိုတော့ (အမေရိကန် ဒေါ်လာ ၅၀ဝ ) မြန်မာကျပ်ငွေ ၅၀ဝ,ဝဝဝ နဲ့ ဝယ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။
သည်စီမံကိန်းရဲ့ တချို့စီမံကိန်းတွေကို နိုင်ငံခြားကုမ္ဗဏီတချို့က လာရောက် ကမ်းလှမ်းတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Ref : Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties