By Chan Myae, Shweproperty.com
Updated at 23 May 2022
ပါမစ်မြေနဲ့ ဂရန်ရှိမြေကို ဝယ် ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ ဆရာ”ဟု မိတ်ဆွေတစ်ဦးက စာရေး သူထံ အကြံတောင်းခံလာပါသည်။ “ကောင်းတာချည်းပါပဲ။ ဒါပေ မယ့် အတုမဖြစ်ဖို့လိုတယ်” “အတုဆိုတာက ဘာကိုဆိုလို တာလဲ” “မြေချပါမစ်စာရွက်အတု၊ ဂရန် စာချုပ်အတု ဖြစ်နေတတ်တယ်” “ဝယ်မယ်ဆိုရင် အဲဒါအရင်စစ် ရမှာပေါ့” “ဟုတ်ပါတယ်။ သေချာတေ့ တေ့ဆိုင်ဆိုင် စျေးတည့်ကြပြီဆိုရင် တော့ သက်ဆိုင်ရာ စည်ပင်သာယာ မြေယာဌာနမှာ သွားရောက်စုံစမ်းရ ပါမယ်” “ရောင်းသူကို ခေါ်သွားဖို့လိုသ လား” “အကောင်းဆုံးကတော့ ရောင်း သူကိုယ်တိုင်ခေါ်သွားပြီး မူရင်းပြသ မေးမြန်းစုံစမ်းရမှာဖြစ်တယ်” “သူငယ်ချင်းဆီလာပြီး ဆွေးနွေး လိုက်မှ စိုးရိမ်စိတ်တွေဖြစ်လာတယ်” “ပြောပါဦး၊ ဘယ်လိုကိစ္စမျိုးရှိ လို့လဲ” “မိတ်ဆွေတစ်ဦးဆီကနေတစ် ဆင့် ပါမစ်မြေကွက်တစ်ခု စျေးလည်း သင့်တယ်။ ဝယ်ထားရင် မရှုံးဘူးလို့ ပြောတာနဲ့ စိတ်ဝင်စားသွားတယ်” “ဘယ်မှာလဲ။ မြေကွက်က လူနေ သလား။ ဘယ်လို အခြေအနေရှိလဲ” “မြေကွက်တော့ သွားမကြည့်ရ သေးဘူး။ ဒဂုံဆိပ်ကမ်းလို့ပြောတာပဲ။ ဘယ်နေရာတော့ အတိအကျမသိ ဘူး” “သေချာသွားကြည့်ဖို့တော့လို မယ် သူငယ်ချင်း။ တချို့က လက်ညှိုး ထိုးပြီး ရောင်းတာကို ယုံလို့ဝယ် လိုက်တာမျိုးဖြစ်တတ်တယ်” “ဝယ်မယ်လို့ စိတ်ကူးရင်တော့ သွားကြည့်ရမှာပဲ။ ဒါပေမယ့် ဇနီးဖြစ် သူနဲ့ သမီးကပြောတော့ ဂရန်မြေက ပိုပြီး မှန်ကန်နိုင်တယ်။ စာချုပ်စာ တမ်းရုံးမှာလည်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီး ပိုင်ပိုင်နိုင်နိုင်ရှိတယ်လို့ ပြောတယ်။ သူတို့ကတော့ မတိုက် တွန်းဘူး။ အဲဒါဘယ်လိုကွာခြားမှုရှိ သလဲဆိုတာ သိချင်တယ်” “ဘာပဲဖြစ်ဖြစ် အမှန်အကန် ဟုတ် မဟုတ်ဆိုတာကတော့ သက် ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေယာဌာနမှာ စာရွက် စာတမ်းပြပြီး စစ်ဆေးရမှာဖြစ်တယ်။ ဂရန်မြေကတော့ သူငယ်ချင်းရဲ့ ဇနီး နဲ့ သမီးပြောသလို စာချုပ် စာတမ်း ရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုလိုက် တာနဲ့ ဥပဒေနဲ့အညီ တရားဝင်ပိုင် ဆိုင်မှုရရှိသွားပြီဖြစ်တယ်” “ပါမစ်မြေက မှတ်ပုံတင်စာချုပ် စာတမ်းရုံးမှာ စာချုပ် ချုပ်ဆိုလို မရ ဘူးလို့ ပြောတယ်ဟုတ်သလား” “ဟုတ်ပါတယ်။ အရပ်စာချုပ် အဖြစ်သာ အရောင်းအဝယ်ကတိ စာချုပ် ချုပ်ဆိုကြရတယ်” “ဒါဆို ဥပဒေနဲ့အညီ တရားဝင် ပိုင်ဆိုင်မှု ချက်ချင်းမရနိုင်ဘူးပေါ့” “မှန်ပါတယ်။ ဒါကြောင့် ဂရန် အမည်ပေါက်မြေကွက်က တန်ဖိုးပို ပြီး ပေးရတယ်။ ပါမစ်မြေက ဂရန် မြေလောက်စျေးမရှိလို့ အချို့က လည်း ပါမစ်မြေကို ပိုကြိုက်ကြ တယ်” “ဂရန်မြေ အရောင်းအဝယ်လုပ် ရာမှာ ဝယ်ခွန်ဆောင်ကြရတယ်ပြော တယ်။ ပါမစ်မြေကတော့ ဝယ်ခွန် မဆောင်ရဘူးလို့လည်း ပြောကြ တယ်။ ဒါကြောင့် ပါမစ်မြေကိုဝယ် သင့်တယ် ပြောသူက ရှိတယ်” “ဒါလည်း မှန်ပါတယ်။ ဂရန်မြေ ကို ဝယ်ရင် ဝယ်ခွန်ဆောင်ရမယ်။ စာချုပ်စာတမ်းမှတ်ပုံတင်ကြေးပေးရ မယ်။ ပါမစ်မြေကတော့ အစောက ပြောသလို အရပ်စာချုပ်ဖြစ်တဲ့ အခွန် တံဆိပ်ခေါင်း ၃ဝဝ (သုံးရာကျပ်) တန် စာချုပ်ခေါင်းနဲ့ ချုပ်ဆိုလိုက်ရင် ပြီးတာပဲလေ” “သုံးရာကျပ်တန် စာချုပ်တံဆိပ် ခေါင်းနဲ့ အဆင်ပြေရဲ့လား၊ တရားဝင် လား” “တံဆိပ်ခေါင်းခွန်ဥပဒေအရ ကတိစာချုပ်ဖြစ်လို့ သုံးရာ ကျပ်တန် စာချုပ် တံဆိပ်ခေါင်းနဲ့လုံလောက်ပါ တယ်” “ဒါကြောင့် အိမ်မြေ အရောင်း အဝယ် ကတိစာချုပ်လို့ ချုပ်ကြတာ ကိုး” “ဝယ်ရောင်းသမားတွေက ပါ မစ်မြေကို ပိုသဘောကျကြတယ်။ အရောင်းအဝယ်စာချုပ်နဲ့ပဲ နောက် တစ်ဦးကို ထပ်ဆင့်လွှဲပြောင်းရောင်း ကြတယ်” “ရောင်းခွန်၊ ဝယ်ခွန်မဆောင်ရ တော့ ပါမစ်မြေကပိုပြီး ဝယ်ရောင်း အတွက် အဆင်ပြေတာပေါ့” “ဒါကြောင့် သူငယ်ချင်းကို ရောင်းမယ်ဆိုတဲ့ ပါမစ်မြေကွက်က စျေးသက်သာတာတော့ ရှိနိုင်တယ်” “အခုကာလ အဝယ်ပါးနေတော့ စျေးကတည်ငြိမ်နေတယ်လို့ပြော တယ်။ ရောင်းမယ့် သူကလည်း ခေတ်စကားနဲ့ပြောရင် ဗိုက်နာနေ တယ်လို့ ပြောတာပဲ” “သူငယ်ချင်းစိတ်ဝင်စားမယ် ဆိုရင်တော့ သေချာစိစစ်ဖို့တော့လို တယ်” “မြေကွက်အမည်ပြောင်းကိစ္စ က ဘယ်လိုဆောင်ရွက်ရသလဲ။ ဝယ် ထားရင်တော့ မြေကွက်အမည်ပြောင်း လုပ်ထားချင်တယ်။ ဒါမှ ပိုင်ဆိုင်မှု သေချာမှာ မဟုတ်လား” “ဂရန်မြေကတော့ အရောင်းအ ဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုပြီးရင် ဂရန်မူရင်းနဲ့ အရောင်းအဝယ်မှတ်ပုံ တင် စာချုပ်မူရင်းကိုပြပြီး သက်ဆိုင် ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီမြေယာဌာနမှာ ဂရန်အမည် ပေါက်ပြောင်းလျှောက်ထားနိုင်တယ်” “ပါမစ်မြေကလည်း ဂရန်မြေလို အမည်ပြောင်းလျှောက်ထားရမှာပေါ့” “ပါမစ်မြေက အမည်ပြောင်း ချက်ချင်းမရဘူး။ ပါမစ်မြေ အမည် ပေါက်နဲ့ အရောင်းအဝယ်ပြုလုပ်ထား တဲ့ မြေအရောင်းအဝယ် ကတိစာချုပ် မူရင်းကို တင်ပြရတယ်။ အဆင့်ဆင့် လွှဲပြောင်းရောင်းချခဲ့ရင် ပါမစ်မြေ အမည်ပေါက်မှနေပြီး အဆင့်ဆင့်လွှဲ ပြောင်းရောင်းချခဲ့တဲ့ စာချုပ် အဆင့် ဆင့်မူရင်းကို သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာရေးကော်မတီမြေယာ ဌာနမှာ မြေငှားဂရန်ထုတ်ပေးဖို့ နောက်ဆုံးဝယ်သူက ပါမစ်မူရင်းနှင့် အတူ တင်ပြလျှောက်ထားရပါတယ်” “သူငယ်ချင်းပြောစကားအရ မြေငှားဂရန်အရင်လျှောက်ထားရမယ် ပေါ့” “ဟုတ်ပါတယ်။ ဒါကြောင့် အဆင့်ဆင့် အရောင်းအဝယ်စာချုပ် မူရင်းတွေရှိဖို့ လိုပါတယ်” “တကယ်လို့ ပါမစ်မြေအမည် ပေါက်သူက အခုကွယ်လွန်သွားပြီဆို ရင် ဘယ်လိုလုပ်မလဲ” “ပါမစ်မြေ အမည်ပေါက်သူက မကွယ်လွန်မီမှာ တခြားတစ်ယောက် ကို ရောင်းထားတဲ့ အရောင်းအဝယ် စာချုပ်မူရင်းရှိဖို့ လိုတယ်။ အဲဒီဝယ် ထားသူက အဆင့်ဆင့်ရောင်းချတဲ့ အရောင်းအဝယ်စာချုပ် မူရင်းရှိရင် ရတယ်” “ဒါဆိုရင် ပါမစ်စာရွက်အမှန်အ ကန်ဟုတ်မဟုတ်နဲ့ အရောင်းစာချုပ် အဆင့်ဆင့်မူရင်းတောင်းယူရမယ်။ တကယ်လို့ ပါမစ်စာရွက်က အတုလို့ သိရရင် ဘယ်လိုဖြစ်မလဲ” “သက်ဆိုင်ရာ ရုံးဌာနက စာ ရွက်စာတမ်း အတုလက်ဝယ်ရှိသူကို ဖမ်းဆီးအရေးယူမှာဖြစ်တယ်” “ဒါဆိုရင် ပါမစ်ကို မိမိကိုယ် တိုင်ယူသွားလို့ မဖြစ်ဘူးပေါ့” “ဟုတ်ပါတယ်။ ဒါကြောင့် မြေ ချပါမစ်မူရင်း မြေငှားဂရန်မူရင်း လက်ဝယ်ရှိသူကိုအပါခေါ်ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မ တီမြေယာဌာနတွင် သွားရောက်စိစစ် ပါ”လို့ အကြံပြုဆွေးနွေးလိုက်ပါ သည်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ပေးကမ်းစာချုပ် ချုပ်မယ်ဆိုရင် ဂရန်သက်တမ်းတိုးလျှောက်ထားနည်း မိဘများက သားသမီးအမည်ဖြင့် ဝယ်ထားသည့် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင် မိန်းမဖြစ်သူ၏အမည်ဖြင့် မြေကွက်ဝယ်ယူ ခြင်း နှင့် ခင်ပွန်းဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့် Credit By :ဈေးကွက်ဂျာနယ် Posted By : Chan Myae (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties