By Ra Wai, Shweproperty.com
Updated at 22 April 2022
ထမင်းဟင်းချက်နေတုန်းပဲဖြစ်ဖြစ်၊ တစ်ခုခုအလျင်စလိုလုပ်နေတုန်းမှာပဲဖြစ်ဖြစ် တစ်ခါတစ်လေ လူတွေဟာ ရေဆင်းပေါက်ကို အမှိုက်ပုံးလိုအသုံးပြုတတ်ကြပါတယ်။ ဒါပေမဲ့ ရေဆင်းပေါက်ထဲမထည့်သင့်တဲ့ တစ်ချို့အရာတွေလည်း ရှိနေပါသေးတယ်။ ဘယ်လိုအရာတွေကို ရေဆင်းပေါက်ထဲမထည့်မိအောင် ရှောင်ကြည်ရမလဲဆိုတာကို insider ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။ ဆန်တွေဟာ ရေကိုစုပ်ယူပြီး ပိုက်တွေကိုပိတ်ဆို့စေပါတယ်။ မချက်ရသေးတဲ့ ဆန်စိမ်းတွေကို ရေဆင်းပေါက်တွေထဲ မစွန့်ပစ်သင့်ပါဘူး။ ဆန်စေ့တွေဟာ ရေတွေစိုတဲ့အခါ ပွပြီး အပုံလိုက်စုကာ ရေပေါက်ပိတ်ဆို့စေနိုင်ပါတယ်။ ကြက်ဥ ဘဲဥခွံတွေဟာ နူးညံ့ပြီး ကျိုးကြေလွယ်တယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဥခွံတွေဟာ ရေဆင်းပိုက်တွေကို ဒုက္ခပေးနိုင်ပါတယ်။ ရေစိုတဲ့အခါ ဥခွံတွေဟာ စေးကပ်ပြီး ပိုက်မှာကပ်တွယ်ထားတတ်ကြပါတယ်။ တကယ်လို့ ကပ်ပါများရင် ဥခွံတွေကိုခွာထုတ်ရတာ ခက်ခဲသွားတတ်ပါတယ်။ ကစီဓာတ်များတဲ့ ပါစတာခေါက်ဆွဲတွေဟာလည်း ရေဆင်းပိုက်တွေအတွက် အန ္တရာယ်ရှိပါတယ်။ ခေါက်ဆွဲတွေဟာ ရေနဲ့ထိတဲ့အခါ ပိုပွလာပြီး ပိုက်တွေမှာပိတ်ဆို့တတ်ပါတယ်။ ပါစတာတွေပိတ်ဆို့တာကို ဖြေရှင်းဖို့ ရေဆင်းပိုက်ထဲကို ရေနွေးပူပူလောင်းချပေးနိုင်ပါတယ်။ ဒါ့ပြင် ပါစတာပျော်ဆင်းသွားအောင် ဗီနီဂါနဲ့ မုန့်ဖုတ်ဆော်ဒါ ရောပြီး ပိုက်ထဲလောင်းချလို့လည်း ရနိုင်ပါတယ်။ ဟင်းချက်ဆီတွေကိုလည်း ရေပိုက်ထဲ ထည့်မသွန်မိအောင် သတိထားပေးပါ။ ဆီတွေဟာလည်း ရေပိုက်တွေထဲမှာ တွယ်ကပ်နိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ရေပိုက်မှာပိတ်ဆို့စေနိုင်ပါတယ်။ ဟင်းချက်ဆီအကြွင်းအကျန်တွေကို ခွက်တစ်ခုထဲ ဒါမှမဟုတ် စက္ကူနဲ့သုတ်ပြီးမှ ဆေးကြောတာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ အိမ်သုတ်ဆေးတွေကိုလည်း ရေဆင်းပေါက်ထဲကို မစွန့်ပစ်သင့်ပါဘူး။ သုတ်ဆေးတွေထဲမှာ ဓာတုပစ္စည်းတွေပါတဲ့အတွက် ရေနဲ့မြေကြီးကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဆေးတွေခြောက်သွားတဲ့အခါမှာလည်း ပိုက်ပေါက်တွေထဲ ပိတ်ဆို့နိုင်တာဖြစ်တဲ့အတွက် ဒီလိုပစ္စည်းမျိုးတွေကို ဂရုတစိုက်စွန့်ပစ်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာစေမယ့် မစိုက်သင့်တဲ့ အိမ်တွင်း အပင် (၅) မျိုး အိမ်ဥယျာဉ်ခြံရှိ အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် Credit By: ShweMom Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties