သင်နေတဲ့အိမ်သို့အခန်းမှာဒီအချက်(၄)ချက်ရှိနေရင် အမြန်ဆုံးပြင်လိုက်ပါ အရာရာတိုင်းပစ္စည်းတိုင်းမှ ာစွမ်းအင်တွေရှိနေပါတယ် သင့်အိမ်မှာရှိတဲ့ပစ္စည်းတွေထဲမှာသင့်အိမ်ကို လာဘ်တိတ်စေသလိုသင့်ကိုလည်းဘုန်းကံနိမ့်စေတဲ့ပစ္စည်းတွေရှိပါတယ် ဘာတွေလဲဆိုတာကိုတော့ ကြည့်လိုက်ပါနော်

(၁)ရှုပ်ပွနေခြင်း

သင့်အိမ်ကိုရှုပ်ပွညစ်ပတ်နေအောင်ထားတာအမှိုက်တွေ၊ဖုန်တွေမရှင်းတာ၊ပင့်ကူမျှင်တွေမရှင်းတာပန်းကန်တွေမဆေးပဲပုံထားတာမျိုးအဝတ်အစားတွေလည်းသေချာမခေါက်ပဲပြန့်ကျဲရှုပ်ပွနေတာမျိုးတွေပစ္စည်းတွေကသူ့နေရာနဲ့သူရှိမနေပဲရှုပ်ပွညစ်ပတ်နေတာမျိုးတွေကသင့်အိမ်ကိုလာဘ်တိတ်စေသလို၊ဘုန်းကံနိမ့်စေပါတယ်။

(၂)အနံ့အသက်ဆိုးခြင်း

သင့်အိမ်ကလေထုကလည်းသင့်အပေါ်ကိုအများကြီးသက်ရောက်နိုင်ပါတယ်သင့်အိမ်မှာအနံ့အသက်တွေမကောင်းတာ၊အဝတ်အစားမှိုစော်တွေနံနေတာဒါမှမဟုတ်အမှိုက်နံ့တွေနဲ့တခြားမကောင်းတဲ့ အနံ့တွေအားလုံးဟာသင့်အိမ်ကိုလာဘ်တိတ်စေပြီးဘုန်းကံနိမ့်စေတာကြောင့်သင့်အိမ်ပြတင်းပေါက်တွေကိုဖွင့်ပြီးလေကောင်းလေသန့်ရအောင်လုပ်တာ၊အမွှေးနံ့တွေဖြန်းပေးတာမျိုးတွေကိုအမြဲတမ်းလုပ်ပေးသင့်ပါတယ်။



(၃)ပစ္စည်းအပျက်တွေထားခြင်း

သင့်အိမ်မှာအက်နေတဲ့မှန်တွေကျိုးနေတဲ့ချိတ်တွေ၊အင်္ကျီအပြဲတွေကအစမထားသင့်ပါဘူးဒီလိုမကောင်းတော့တဲ့အရာတွေကိုဆက်လက်သိမ်းထားတာဟာအိမ်ကိုလာဘ်တိတ်စေတဲ့အပြင်ဘုန်းကံကိုလည်းနိမ့်စေနိုင်လို့ပါ။

(၄)ဘုရားတရားမလုပ်ခြင်း 

သင့်အိမ်မှာသင်ကိုးကွယ်ရာဘာသာတရားကိုလေးနက်စွာပြုလုပ်သင့်ပါတယ်ကျမ်းစာ၊ဘုရားစာတွေကိုအသံထွက်ပြီးရွတ်ဖတ်တာဆုတောင်းဝတ်ပြုတာတွေ၊အိမ်ကိုကောင်းချီးမင်္ဂလာပေးခြင်းတွေကို နေ့စဉ်မပျက်မကွက်ပြုလုပ်ရပါမယ်ဒီလိုမှမဟုတ်ရင်တော့သင့်အိမ်ကိုမကောင်းတဲ့ဝိညာဉ်ဆိုးတွေအပြင်တခြားသောကံနိမ့်မှုတွေ၊လာဘ်တိတ်မှုတွေကတံခါးမရှိ၊ဓားမရှိဝင်လာနိုင်ပြီးသင့်ရဲ့ဘုန်းကံတွေကိုနိမ့်စေနိုင်လို့ပါပဲ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

နေ့စဉ်ထိတွေ့ကိုင်တွယ်မိနေတဲ့ ရောဂါပိုးမွှားတို့ရဲ့ ဌာနချုပ်များ

မီးဖိုချောင်ထဲမှာ မထားသင့်တဲ့ အစားအစာ ၅ မျိုး

အိမ်တွင်းလေထုသန့်စင်စေဖို့ ဘာတွေလိုက်နာကြမလဲ

အိမ် သန့်ရှင်းသပ်ရပ်ဖို့ နည်းလမ်း ၆ သွယ်

Credit By: eainshinma
Posted By : Ra Wai (ShweProperty.com)