By Eleven Media Group, Shweproperty.com
Updated at 14 December 2015
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောက်လုပ်နေသည့် ရွှေပြည်သာမြို့နယ်ရှိ တိုက်ခန်းပေါင်း ၁၉၂ ခန်းကို အနိမ့်ဆုံး ၁၀၉ သိန်းမှ အမြင့်ဆုံး ၁၇၄ သိန်းကျပ် သတ်မှတ်ထားပြီး လက်ငင်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီဇင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောက်လုပ်နေသည့် ရွှေပြည်သာမြို့နယ် စက်မှုလမ်းနှင့် ပိတောက်လမ်းထောင့်ရှိ ရှစ်ခန်းတွဲ ခြောက်ထပ်တိုက် RC အဆောက်အအုံ လေးလုံး၊ ၄၉၀ စတုရန်းပေ (၁၄ ပေ ၃၅ ပေ)ရှိ အခန်းပေါင်း ၁၉၂ ခန်းကို ရောင်းချရန် ဒီဇင်ဘာ ၂၂ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လျှောက်လွှာများ ရောင်းချသွားမည်ဖြစ်ပြီး ဝယ်ယူသူ များပြားပါက မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါ တိုက်ခန်းများအတွက် Level 1 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၇၄ သိန်း၊ Level 2 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၅၄ သိန်း၊ Level 3 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၄၄ သိန်း၊ Level 4 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၃၃ သိန်း၊ Level 5 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၂၂ သိန်းနှင့် Level 6 ရှိ အခန်းတစ်ခန်းကို ကျပ် ၁၀၉ သိန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref : Eleven Media Group
Photo Credit : myanmarvpile
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties